မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အမှတ် (၂) ၊ ဦးထွန်းငြိမ်းလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ အင်းယားကန်အနီးရှိ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကို ၂ဝ၁၈ ခုနှစ် ၊ မေလ ၂၅ ရက် ၊ ၂၆ ရက် နှင့် ၂၇ ရက် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ) နေ့များတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအရောင်းပြပွဲ (၃) ရက်အတွင်း ဝယ်ယူသူများအတွက် အထူးလျှော့ဈေးနှုန်းများ ၊ KBZ Home Loan နှင့် ချိတ်ဆက်၍ ၂၅ နှစ်အထိ အရစ်ကျ ပေးချေနိုင်မည့် အခွင့်အရေးများဖြင့် ထည့်သွင်းရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Diamond Inya Palace ကွန်ဒိုသည် အင်းယားကန်၏ အနီးဆုံးတွင်တည်ရှိပြီး ရန်ကုန်မြို့၏ အထင်ကရ အဆင့်မြင့်ကွန်ဒို တစ်ခုလည်း ဖြစ်ပါသည်။ မြေအကျယ်အဝန်း ၂ ဧက တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် Facility အများဆုံးဖြစ်အောင် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။
“ Diamond Inya Palace ကွန်ဒိုဟာဆိုရင် အချက်အချာကျပြီး သွားလာရလွယ်ကူတဲ့ မရမ်းကုန်းမြို့နယ်မှာ တည်ရှိပြီး ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး အဆင့်မြင့်ကွန်ဒို တစ်ခုလည်း ဖြစ်ပါတယ်။ အထပ်ပေါင်း (၃၃) ထပ်မြင့်ပြီး ရွှေတိဂုံဘုရား view ၊ အင်းယား view နဲ့ ရန်ကုန်တစ်မြို့လုံးရဲ့ 360 view ရရှိမှာ ဖြစ်ပါတယ်။ အရောင်းပြပွဲ (၃) ရက်အတွင်း ဝယ်ယူကြတဲ့သူတွေအတွက် အထူးလျှော့ဈေးနှုန်းတွေ ၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျ စနစ်တွေနဲ့ ရောင်းချပေးခဲ့ပါတယ်။ ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
Diamond Inya Palace ကွန်ဒိုသည် ၉၀% ပြီးစီးနေပြီး ၂ဝ၁၈ ခုနှစ် ၊ ဒီဇင်ဘာလကုန်တွင် အခန်းများအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)