ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) နဲ့ချိတ်ဆက်ရောင်းချတဲ့ အိမ်ရာဝယ်သူတွေအနေနဲ့ ငွေပေးချေမှုကို လဆန်း(၅)ရက်ထက် နောက်ကျပေးသွင်းတာကို ဒဏ်ကြေးအဖြစ်တစ်လကို ကျပ် (၅၀၀၀)ပေးဆောင်ရမှာ
ဖြစ်သလို ပျက်ကွက်တဲ့ ငွေပမာဏအပေါ်မူတည်ပြီး နောက်ကျကြေး
တစ်ရက်ကို (၀.၁)ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အရင်က နောက်ကျကြေး ကျပ် (၅၀၀၀)နဲ့ ကိုယ်ဝယ်ထားတဲ့ ပမာဏရဲ့ (၀.၀၄)ရာခိုင်နှုန်းကောက်ခံခဲ့တာပါ။ လက်ရှိမှာ နောက်ကျကြေး ကျပ် (၅၀၀၀)နဲ့ (၀.၁)ရာခိုင်နှုန်းကို ကောက်ခံသွားမှာဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။
လက်ရှိမှာ အစိုးရက ရောင်းချနေတဲ့ အိမ်ရာတွေမှာ လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက တန်ဖိုးနည်း တန်ဖိုးသင့်တွေ ရောင်းချပေးသွားမှာဖြစ်ပြီး ရောင်းချမယ့် တိုက်ခန်းဈေးနှုန်းတွေမှာ ကျပ် (၉၈)သိန်းဝန်းကျင်
ကနေ ကျပ်သိန်း (၃၀၀၊ ၅၀၀၊ ၆၀၀)အထိ တိုက်ခန်းတွေ ပါဝင်ပါတယ်။
တိုင်းအစိုးရအဖွဲ့က တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း (၈၆၂)ခန်းကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
တန်ဖိုးနည်း တန်ဖိုးသင့်တိုက်ခန်းတွေကို ဝယ်ယူသူတွေအနေနဲ့ ကုမ္ပဏီဝန်းထမ်းဖြစ်ရင် (၂၅)ရာခိုင်နှုန်း ပေသွင်းရမှာဖြစ်ပြီး အစိုးရဝန်ထမ်းဖြစ်ပါက ကနဦး (၁၅)ရာခိုင်နှုန်းပေးသွင်းကာ အရစ်ကျပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။ တိုက်ခန်းဝယ်ခွင့်ရရှိသူတွေအနေနဲ့ ကနဦး ပေးသွင်းပြီးပါက နေခွင့်ရှိမှာ ဖြစ်ပါတယ်။
Credit: The Modern