ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချပေးနေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူဖို့လျှောက်ထားခဲ့ကြပေမဲ့ အခန်းဝယ်ယူခွင့်မရရှိခဲ့တဲ့သူတွေအနေနဲ့ ဒုတိယအကြိမ်ရောင်းချပေးရာမှာ ထပ်မံလျှောက်ထားဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။
အိမ်ရာဝယ်ယူဖို့လာရောက်လျှောက်ထားသူတွေကို စနစ်တကျ စစ်ဆေးရောင်းချပေးနေပြီး လာရောက်လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီ၊ မညီစစ်ဆေးကာ ကွန်ပျူတာနဲ့ထည့်သွင်းသိမ်းဆည်းထားတာ ဖြစ်ပါတယ်။ နောက်တစ်ခါထပ်မံလျှောက်ထားသူတွေအနေနဲ့ အဆိုပါစာရင်းထဲ ပါဝင်ပြီးဖြစ်တာကြောင့် ထပ်မံလျှောက်ထားဖို့
မလိုအပ်တာဖြစ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့မြို့နယ်တွေမှာ ဆောက်လုပ်လျက်ရှိပါတယ်။ အခန်းတွေကိုတော့ ကျပ်သိန်း (၁၀၀)မှ စတင်ကာ သိန်း (၆၀၀)အထိ အခြေခံလူတန်းစားတွေ ဝယ်ယူနိုင်ဖို့ အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးနေတာပါ။
Credit:The Modern