ရိုးမဘဏ်နဲ့ အဗန့် (စ်)ADVANS လုပ်ငန်းတို့ ငွေကြေးဖလှယ်ရေးနဲ့ ကာလတိုချေးငွေအတွက် သဘောတူညီ ချက် ၃ ခု လက်မှတ်ရေးထိုးလိုက်တယ်လို့ ရိုးမလုပ်ငန်းစုထံက သိရပါတယ်။
အမေရိကန်ဒေါ်လာ ၇ သိန်း နိုင်ငံခြားငွေကြေးဖလှယ်မှုနဲ့ ကျပ် ၁ ဘီလီယံတန် ကာလတို့ချေးငွေသဘောတူ ညီချက် ၂ ခုကို လုပ်ငန်းနှစ်ခုကြား သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်ပါတယ်။
အဗန့်(စ်) မြန်မာအုပ်ချုပ်မှုဒါရိုက်တာ Jana Chmelnizki Kadian က “ လုပ်ငန်းတစ်နှစ်ကျော်လည်ပတ်ပြီး နောက်မှာ ရိုမဘဏ်ပထမဆုံးချေးငွေထုတ်ချေးပေးတဲ့ ဘဏ်အဖြစ်နဲ့ကျွန်တော်တို့ အဗန့်(စ်) ရဲ့ ချိတ်ဆက်ရင်း နှီးမှုကို တိုးချဲ့နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်” လို့ပြောဆိုပါတယ်။
အဆိုပါသဘောတူညီချက် ၃ ခုကို မတ်လအတွင်းကရေးထိုးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းအတွင်း က မိသားစု ၂၀၀၀ကျော် အသေးစားချေးငွေပံ့ပိုးပေးဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ရိုးမဘဏ်အနေနဲ့လက်ရှိ ဘဏ်ခွဲပေါင်း ၇၄ ခုကို ဝန်ထမ်းပေါင်း၃၀၀၀ ကျောင်နဲ့ လည်ပတ်နေတဲ့ဘဏ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First Journal