လူ့ဘ၀မှာ အိမ်ထောင်တစ်ခု တည်ဆောက်ပြီဆိုရင် စားဝတ်နေရေးအတွက် လူတိုင်းငွေလို အပ်ပါတယ်။ ဒီလိုနဲ့ ကြိုးစားပြီးငွေရှာ ကြတယ်။ ရှာရင်းဖွေရင်း ငွေပိုငွေလျှံရ လာတဲ့သူတွေရှိသလို ရုန်းရင်းကန်ရင်း လှုပ်ရှားရင်း အဆင်မပြေနိုင်တော့ဘဲ ငွေလိုတဲ့သူတွေရှိလာကြတယ်။ ဒီနေရာ မှာ ငွေပိုသူနဲ့ ငွေလိုသူဆိုပြီး လူတန်းစား နှစ်မျိုးပေါ်ပေါက်လာတော့တယ်။
လူဆိုတာ ဘာသာတရားသာ အထိန်းအကွတ်မရှိဘူးဆိုရင် ပင်ကို သဘာဝ၊ အတ္တကို ရှေ့တန်းတင်ကြ တာပဲ။ ငွေပိုသူတွေထဲမှာမှ “အတ်္တဟိတ၊ ပရဟိတ”” မိမိအကျိုးနဲ့ သူတစ်ပါးအကျိုး မျှမျှတတလုပ်ကိုင်ဆောင်ရွက်တတ် သူမျိုးရှိသလို “ဘယ်သူသေသေ ငတေမာ ရင် ပြီးတာပဲ”ဆိုတဲ့ “ တရားလက်လွတ် ငှက် တောင်ကျွတ်သလိုမျိုး ” အစွန်း ရောက် အတ္တသမားတွေကိုလည်း တွေ့ရ တယ်။
တကယ်ဆိုရင် ကောင်းမြတ် သော ရည်ရွယ်ချက်နဲ့ ငွေချေးငှားခြင်းနဲ့ အရောင်းအ၀ယ်သဘောဆောင်တဲ့ ကုန် သွယ်မှုဆန်ဆန်ငွေချေးငှားခြင်းတို့က ပိုမိုကောင်းမွန်တဲ့ အပြုသဘောဆောင် တဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။
+++ ကောင်းမြတ်သော ရည်ရွယ်ချက်နဲ့ ငွေ ချေးငှားခြင်း +++
ငွေကြေးလိုအပ်သူတစ်ဦးအနေ နဲ့ သူရဲ့ အခက်အခဲအတွက် ငွေရှင်ထံ က ခေတ်္တခဏငွေယူပြီး သတ်မှတ်ရက် မှာ ပြန်လည်ပေးဆပ်ပါက ငွေချေးငှား သူအနေနဲ့ တစ်ပါးသူနဲ့ အခက်အခဲကို စာနာထောက်ထားကာ ထောက်ပံ့ကူညီ မယ်ဆိုရင် ကောင်းမြတ်သော ရည်ရွယ်ချက်နဲ့ ငွေချေးငှားခြင်းဖြစ်ပါတယ်။
+++ အရောင်းအ၀ယ် ကုန်သွယ်မှုသဘော ငွေချေးငှားခြင်း +++
ငွေချေးငှားသူအနေနဲ့လည်း မိမိရဲ့အခက်အခဲကို ကူညီဖြေရှင်းပေး တဲ့အတွက် ပြန်လည်ပေးအပ်တဲ့အခါ သင့်လျော်တဲ့ အတိုးကိုပါထည့်ပေါင်းပြီး ပေးအပ်ကြလေ့ရှိပါတယ်။ အဲဒီလို ဆောင် ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက် ကျေကျေ နပ်နပ်ပေးကြ ယူကြတာဖြစ်လို့ အရောင်း အ၀ယ်ကုန်သွယ်မှုသဘောလို့ ဆိုရပါမယ်။
အဲဒီလို နှစ်ဦးနှစ်ဖက် ကြည်ဖြူ စွာ အပေးအယူပြုလုပ်ပြီး ငွေချေးခြင်း မှာ တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လက်ခံနိုင်ပါတယ်။ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများနဲ့ ဘဏ် များအနေနဲ့ ငွေချေးတဲ့အလုပ်ကို ဥပဒေ နဲ့အညီ တရားဝင်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။
ဒါပေမဲ့ လိုင်စင်မရှိဘဲ ရပ်ရွာ ထဲမှာ အတင့်ရဲရဲနဲ့ အတိုးကြီးကြီးယူပြီး ငွေချေးနေသူတွေဟာ ပြည်သူတို့ရဲ့ ချွေးနဲ စာတွေကို တစ်ပွေ့တစ်ပိုက်လက်နိုက် နေခြင်းဖြစ်ပါတယ်။ ဒါဆိုရင်တော့ မသန့် မရှင်းဆောင်ရွက်ရာရောက်တာဖြစ်လို့ ကုတ်သွေးစုတ်ရာရောက်ပါတယ်။
+++ အတိုးပေါ်အတိုးဆင့်ယူခြင်းကို မတ်တိုး လို့ခေါ် +++
လိုင်စင်မရှိဘဲ ငွေတိုးပေးစား သူတွေမှာ များသောအားဖြင့် ရပေါက် ရလမ်းကောင်းတယ်ဆိုရင် “ဘနဖူး သိုက် တူးဖို့” ၀န်မလေးကြပါဘူး။ ရပ်ကွက် အတွင်းနဲ့ ကျေးရွာအတွင်းမှာ ငှက်ဆိုး သံလို စိတ်မချမ်းသာစရာကြားနေရတဲ့ အသံတွေက “မတ်တိုး” ဆိုတဲ့ အမင်္ဂလာ အသံတွေပါပဲ။ မတ်တိုးဆိုတာ ဘယ်လို ပါလိမ့်လို့ မေးကြည့်မိတော့ မတ်တိုးဆို တာ အတိုးပေါ်အတိုးဆင့် အတိုးယူတဲ့ မူတစ်ခုလို့ သိရပါတယ်။
အတိုးချည်းသက်သက် ပေး သွင်းရုံသာမဟုတ်ဘဲ အချိန်တန်ရင် အရင်းပါ ပြန်ဆပ်ရလို့ ဆင်းရဲသားများ အတွက် ဆင်းရဲတွင်းနက်သထက်နက် သွားကြရပါတော့တယ်။ ချေးငွေကို မယူ မဖြစ်လို့သာယူရတယ်။ အတိုးက ၁၀၀ မှာ ၁၀တိုး ၂၀ တိုးဆိုတော့ ကြားရသူ တွေမှာ စိတ်မချမ်းသာစရာပါ။
+++ ရွှေငွေပေါင်နှံစရာမရှိ အတိုးပေါ်အတိုးထိ +++
ငွေချေးယူသူဘက်ကကြည့်ရင် ငွေချေးခြင်းဟာ မိမိနဲ့ မိမိရဲ့မိသားစုမှာ ဘ၀အခက်အခဲရှိလို့သာ ယူကြရတာပါ။ တကယ်တော့ အဲဒီလို မတရားအမြတ် ကြီးစားသူတို့နဲ့ မဆက်ဆံချင်ကြပါဘူး။ ဒါပေမယ့်လည်း ရွှေငွေလက်ဝတ်ရတနာ များ ပေါင်နှံစားဖို့မရှိတော့လည်း ငွေရှင် ရဲ့ အပြောခံ၊ အဆိုခံ အငြိုအငြင်ခံပြီး ငွေချေးယူကြရတယ်။
ငွေချေးသူတွေမှာ နဖူးကချွေး ခြေမကျအောင် ရှာဖွေစုဆောင်းရတဲ့ ငွေကြေးတွေကို ပေးဆပ်ရတဲ့အချိန်မှာ စိတ်မချမ်းသာ ကိုယ်မချမ်းသာနဲ့ပဲ သက်ပြင်းရှည်ကြီးတွေကို အခါခါချနေ တဲ့ အချိန်မှာတော့ လောဘအိုး ငွေရှင် တွေက မြိုးမြိုးမြက်မြက်ရလိုက်လို့ ကျေနပ် ၀မ်းသာသောအပြုံးနဲ့ နောင်လိုရင်လည်း ပြောနော်ဆိုတဲ့ စကားလေးနဲ့ နှစ်သိမ့် လိုက်သေးတယ်။
မြန်မာနိုင်ငံ အနှံ့အပြား မြို့ရွာ တစ်ခွင်မှာ အတိုးနှုန်းကြီးကြီးနဲ့ ငွေတိုး ပေးစားသူများကို အစိုးရအနေနဲ့ တရား ၀င်လိုင်စင်ဖြင့် တိတိကျကျလုပ်ကိုင်ခိုင်း မယ်ဆိုရင် ဆင်းရဲသားတွေအပေါ်မှာ ကာကွယ်စောင့်ရှောက်ရာကျသလို နိုင်ငံ တော်အတွက်လည်း အခွန်ငွေတစ်ရပ် တိုးလာမှာဖြစ်ပါတယ်။
+++ အိမ်ပိုင်ဆိုင်မှု ဂရန်/ပါမစ်ယူထားရုံနဲ့ အားမရသေး၊ စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ထိုးခိုင်းသေး +++
လက်ရှိအခြေအနေမှာတော့ ဥပဒေအရ အရေးမယူနိုင်သေးတဲ့အတွက် ငွေတိုးပေးစားသူတွေဟာ ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူတွေရဲ့အပေါ်မှာ အနိုင် ကျင့်နေဆဲရှိနေကြပါတယ်။ ငွေချေးငှား တော့မယ်ဆိုရင် ငွေရှင်က အိမ်ဂရန်ဖြစ် စေ၊ ပါမစ်ဖြစ်စေ အထောက်အထားပေး နိုင်ခဲ့ရင်တောင် ၃၀၀ိ/-ကျပ်တန်အခွန် တံဆိပ်ခေါင်းပါတဲ့ စာချုပ်အလွတ်ပေါ် မှာ လက်မှတ်ထိုးခိုင်းတယ်။ ဒါ့အပြင် ယုံကြည်အပ်နှံမှုစာချုပ်နဲ့ ငွေချေးကတိ စာချုပ်အလွတ်ပေါ်မှာလည်း လက်မှတ် ထိုးခိုင်းသေးတယ်။ အဆိုးဆုံးကတော့ အပေါင်အဖြစ်ပေးထားတဲ့ ဂရန်နဲ့ ပါမစ် တို့ကို လက်ဝယ်ယူထားရုံနဲ့ အားမရသေး ဘဲ မြေနှင့်အိမ်အပြီးအပိုင် အရောင်း အ၀ယ်ကတိစာချုပ်ပေါ်မှာတောင် လက်မှတ် ထိုးခိုင်းပြီး လက်ဗွေနှိပ်ယူထားတတ်ကြ သေးတယ်။
ရည်ရွယ်ချက်ကတော့ ချေးထား တဲ့ ငွေတွေပြန်ပေးရင်ပေး၊ မပေးရင် တရားစွဲ တောင်ယူမယ်။ မြေနှင့်အိမ်ကို လက်ထဲရောက်အောင်ယူထားမယ်ဆိုတဲ့ သဘောပါပဲ။ ဒီအတိုင်းကြိုက်ရင် ငွေချေး မယ်၊ မကြိုက်ရင် မချေးနိုင်ဘူးလို့ ခပ်မာ မာပြောတော့ ငွေချေးသူတွေအနေနဲ့လည်း ကြိုက်သလိုလုပ်ပါ။ လက်မှတ်ထိုးပါ့မယ် ဆိုပြီး အောင့်သက်သက်နဲ့ လက်မှတ်ထိုး ပေးခဲ့ကြရတယ်။ ဒီလောက်လိုက်လျော တာတောင် အတိုးအရင်းစုစုပေါင်းမည်မျှ လက်ခံရရှိကြောင်း အထောက်အထား လေးကိုပင် ပြန်မပေးကြဘူး။
+++ လိုင်စင်မရှိဘဲ ငွေတိုးချေးစားသူကို အသေးစားငွေရေးကြေးရေးဥပဒေအရ အရေးယူနိုင် +++
ဒါကြောင့် ဆင်းရဲသားနင်းပြား တို့ ဘ၀မပျက်ကြရလေအောင် နိုင်ငံတော် အစိုးရအနေနဲ့ လိုင်စင်မဲ့ ငွေတိုးချေးစား သူများကို ထိရောက်စွာ အရေးယူပေး နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အသေး စားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၄အရ လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ ငွေ တိုးချေးစားခြင်း ပြုလုပ်သူကို အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် The Money Lender ဗခအ (၁၉၄၅)အရလည်း အရေးယူ တရားစွဲဆိုနိုင်ပါတယ်။
အဲဒီလိုမှ အရေးယူဆောင်ရွက် မပေးဘူးဆိုရင်တော့ သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်တတ်သူများ၊ ကြမ်း တမ်းသော စိတ်ရှိသူများ၊ မြွေဆိုးပမာ ရန်မူတတ်သူများ၊ ပြည်သူတို့ရဲ့ချွေးနဲစာ ကို လက်ကုန်နှိုက်သူများ၊ ဆင်းရဲသားတို့ ရဲ့ဥစ္စာဓန စီးပွားပျက်စီးစေလိုသော ဆန္ဒ ရှိသူများ ဂုဏ်ပုဒ်ဖြင့် ကျော်စောနေကြ တော့မည်။ ယင်းသို့သောသူများကို အရေး ယူဆောင်ရွက်နိုင်ဖို့အတွက် ဆင်းရဲသားနင်း ပြားများအပါအ၀င် သတင်းသမားအားလုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပါက တရား ဥပဒေစိုးမိုးခြင်း၏ အသီးအပွင့်များကို ပြည်သူလူထုတစ်ရပ်လုံးမျှဝေခံစားနိုင် မည်မှာ အမှန်ပင်ဖြစ်ပါတော့တယ်။
သုခီအတ္ထာနံ ပရိဟရ န္တု
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com