၁၉၃၂ ခုနှစ်တွင် သမိုင်း ပညာရှင် ဟင်နရီ-ရပ် ဆဲလ် ဟစ်ခ်ျကော့ခ်နှင့် ဗိသုကာပညာရှင် ဖိလစ် ဂျွန်ဆင် Henry-Russell Hitchcock and architect Philip Johnson တို့က နယူးယောက်မြို့ရှိ မော်ဒန်အနုပညာ ပြတိုက်တွင် ပြပွဲတစ်ခု ကျင်းပခဲ့ရာ ခေတ်ပြိုင် ဥရောပဗိသုကာ ဟန်တို့၏ ရာဇ၀င်ကို ခင်းကျင်းပြခဲ့ခြင်းဖြစ်သည်။
အင်တာနေရှင်နယ် ဗိသုကာဟန်သည် အဆိုပါပြပွဲမှ အစပျိုးခဲ့ခြင်းဖြစ်ပြီး ပြပွဲ၏အမည် “အင်တာနေရှယ်နယ် စတိုင်” “International Style”ဟူသည့် အမည်နှင့်လည်း တိုက်ဆိုင်နေ သည်။ အမေရိကန်လူထုကို ခေတ်သစ် အဆောက်အအုံများ နှင့် စတင်မိတ်ဆက်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။
ဟစ်ခ်ျကော့နှင့် ဂျွန်ဆင်တို့က အင်တာနေရှင်နယ် ဗိသုကာဟန်၏ ပဓာနမူကြီး (၃)ခုကို ချပြခဲ့သည်။
၁။ ဗိသုကာသည် ထုထည်ပါးလွှာသော မျက်နှာပြင် များဖြင့်သာ ဖွဲ့စည်းကာ ရှေးရိုးစွဲ ထုထည်ကြီးမှုများကို ဆန့် ကျင်သည်
၂။ မျက်နှာစာကို ပြေပြစ်ရန်သာ ဦးတည်ပြီး အခြား ဗိသုကာဟန်တို့၏ အဓိကအချက်ဖြစ်သည့် အချိုးညီမှုကို ဆန့်ကျင်သည်။
၃။ အလှဆင်မွမ်းမံပစ္စည်းများ ထည့်သွင်းမှုမရှိခြင်း၊ ချီကာဂိုတွင် ဗိသုကာပညာရှင် ပါမောက်္ခ လတ်ဝစ် မိုင်းစ် ဗန်ဒါရိုး (Ludwig Mies van der Rohe) ( ဂျာမန် အသံထွက်-လူးဒွိစ်မီ ဆန်ဒဲရ် ဟိုး)က ၁၉၅၀ နှင့် ၆၀ ပြည့်လွန် ကာလများ တစ်လျှောက် အင်တာနေရှင်နယ် ဗိသုကာဟန် အဆောက် အအုံများစွာ ဒီဇိုင်းရေးဆွဲခဲ့သည်။
ဗန်ဒါရိုး၏ လက်ရာများမှာ သူ့တပည့်များ၏ ၂၀ ရာစုနှောင်းပိုင်း ဗိသုကာ လက်ရာများအပေါ်များစွာ သြဇာ လွှမ်းခဲ့သည်။
သာဓကအနေဖြင့် ကြည့်ရှုရမည့်အဆောက်အအုံ ၂ လုံးမှာ ချီကာဂိုရှိ The Inland Steel Building The Willis Tower တို့ ဖြစ်သည်။
အင်တာနေရှင်နယ်ဗိသုကာဟန်၏ ၀ိသေသလက်္ခဏာများ
(က) မြင်သာသော စတီးဖရိန်ရှိခြင်း
(ခ) ကြီးမားသော မှန်ချပ်များ
(ဂ) အမိုးပြန့်
(ဃ) လက်မှုအလှဆင်ပစ္စည်းများ အသုံးမပြုခြင်းတို့ ဖြစ်ကြသည်။
အင်တာနေရှင်နယ် ဗိသုကာဟန်သည် ၁၉၂၀ နှင့် ၃၀ ပြည့်လွန်များတွင် အခြေတည်ထွန်းကားလာခဲ့ခြင်းဖြစ် ပြီး မော်ဒန်နစ်ဇင်၊ မော်ဒန်ဗိသုကာဟန်တို့နှင့် ကြီးမားသည့် ဆက်နွှယ်မှုများရှိသည်။
Getty Research Institute က အဓိပ်္ပာယ်ဖွင့်ဆိုပုံ မှာ “ပထမကမ္ဘာစစ်ကြီး နောက်ပိုင်း ဟော်လန်၊ ပြင်သစ်နှင့် ဂျာမနီတို့တွင် ပေါ်ပေါက်ခဲ့သည့် ဗိသုကာဟန်ဖြစ်ပြီး ကမ္ဘာ တစ်ဝန်းလုံးသို့ ပျံ့နှံ့ခဲ့ကာ ၁၉၇၀ ပြည့်လွန်ကာလများအထိ များစွာ သြဇာလွှမ်းခဲ့သော ဗိသုကာဟန်ဖြစ်သည်”ဟု ဆိုသည်။
ထုထည်အပေါ်တွင် အဓိက အာရုံစိုက်ခြင်း၊ အလေး ချိန် ပေါ့ပါးမှုကို အသုံးပြုခြင်း၊ အလှဆင်ပစ်္စည်းအားလုံးကို ငြင်းပယ်ခြင်း၊ စံကိုက်ပုံသဏ္ဌာန်များ ထပ်တလဲလဲအသုံးပြု ခြင်း၊ ပြန့်ပြူးသော မျက်နှာပြင်များ အသုံးပြုခြင်းတို့ကို အလေး ထားသည်။
၁၉၀၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ကမ္ဘာ တစ်ဝန်းရှိ ဗိသုကာပညာရှင်တို့က ရှေးရိုးဗိသုကာဟန်များကို ခေတ်သစ် လိုအပ်ချက်များ၊ နည်းပညာအရ ဖြစ်တန်ရာချေရှိသည်များနှင့် ချိန်ထိုးကာ ဗိသုကာအဖြေသစ်များ ရှာဖွေလာကြသည်။
ဘရပ်ဆဲလ်တွင် ဗစ်တာ ဟော်တာနှင့် ဟင်နရီ ဗန်ဒီ ဗဲလ်ဒီ (Victor Horta and Henry van de Velde)၊ ဘာစီ လိုနာတွင် အန်တိုနီ ဂေါ်ဒီ ( Anto-ni Gaudi )၊ ဗီယန်နာတွင် အော့တို ၀က်ဂ် နာ (Otto Wagner ) နှင့် ဂလပ်စကိုတွင် ချားလ်စ် ရန်နီ မက်ကင်တော့ရှ် (Charles Rennie Mackintosh) တို့၏ လက်ရာများမှာ ခေတ်ဟောင်းနှင့် ခေတ်သစ်အကြား အားပြိုင်မှုအဖြစ် ထင်ရှားစွာ တွေ့မြင်နိုင်သည့် သာဓကများ ဖြစ်သည်
အဆိုပါ ဗိသုကာပညာရှင်များ ကို အင်တာနေရှင်နယ် ဗိသုကာဟန်၏ ပညာရှင်များအဖြစ်မူ မသတ်မှတ်ကြချေ။ ၎င်းတို့မှာ ရိုမန့်တစ်ဆစ်ဇင(Roman-ticism) ၏ နောက်ဆုံး ပညာရှင်များအဖြစ် ရှုမြင်ကြသည်။
အင်တာနေရှင်နယ်ဟန်ဟူသော ဝေါဟာရကို အသုံး မပြုမီ အမေရိကန် ဗိသုကာပညာရှင်အချို့ဖြစ်သော လူးဝစ် ဆာလီဗန် (Louis Sullivan)၊ ဖရန့်ခ် လွိုက် ရိုက်ထ် ( Frank Lloyd Wright) နှင့် အားဗင်း ဂီးလ် (Irving Gill) တို့သည် ရိုးရှင်းမှု၊ ရိုးသားမှုနှင့် ရှင်းလင်းမှု၏ အားကို ဦးဆောင်ပြသ ခဲ့ကြသည်။
ဖရန့်ခ် လွိုက် ရိုက်ထ်၏ လက်ရာများမှာ ဥရောပ မော်ဒန်သမားများအပေါ် များစွာသြဇာလွှမ်းခဲ့၏။
၁၉၂၀ နှင့် ၃၀ ပြည့်လွန်ကာလ များအတွင်း ဖရန့်ခ် လွိုက် ရိုက်ထ်၏ လက်ရာများမှာ ဗိသုကာ၏ လားရာပြောင်း လဲမှုကို ပြသနေသည်။
ဥရောပတွင် ဗိသုကာ၏ မော်ဒန် လှုပ်ရှားမှုကို အသုံး ပြုမှုနှင့် ပုံသဏ္ဌာန် အကြားဆက်နွှယ်သည့်ဝါဒ - ဖန်ရှင်နယ် လစ်ဇင် (သို့မဟုတ်) Neue Sachlichkeit (တရားစီရင်မှုသစ်) ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ဟစ်ခ်ျကော့ခ်နှင့် ဂျွန်ဆင်တို့ ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အရ အင်တာ နေရှင်နယ်ဟန်သည် ၁၉၂၀ ပြည့်လွန် ကာလများအတွင်း အနောက်ဥရောပတွင် ထွန်းကားခဲ့ပြီး Dutch De Stijl move-ment , Le Corbusier, the Deutscher Werkbun နှင့် the Bauhaus တို့မှ ပုံဖော်ပေးခဲ့သည်။
Le Corbusier သည် Taylo-rist နှင့် Fordist မဟာဗျူဟာများကို ထွေးပွေ့ခဲ့သူဖြစ်၏။
Le Corbusier က L'Esprit Nouveau အမည်ရှိ ဂျာနယ်တစ်စောင် ထုတ်ဝေခဲ့ပြီး ခေတ်သစ်စက်မှုနည်းဗျူဟာ နှင့် မဟာဗျူဟာများ အသုံးပြုကာ လူမှုစီးပွားအဆင့်အားလုံး တွင် ပိုမိုမြင့်မားသည့် လူနေမှုအဆင့် ဖော်ဆောင်ရေး တွန်းအား ပေးခဲ့သည်။
၁၉၂၇ ခုနှစ်တွင် အင်တာ နေရှင်နယ်ဗိသုကာဟန် ကို အထင်ရှားဆုံးကိုယ်စားပြုလိုက်သည့် အဆောက်အအုံ မှာ စတုဂတ် Weissenhof Estate ဖြစ်ပြီး နေ့စဉ်လာရောက် လည်ပတ် ကြည့်ရှုသူ ထောင်နှင့်ချီ၍ ရှိသည်။
+++ ၁၉၃၂ မော်ဒန်ဗိသုကာပြပွဲ +++
၁၉၃၂ ခုနှစ်တွင် နယူးယောက်မြို့ ပဉ္ဇမရိပ်သာလမ်း နှင့် ၅၆ လမ်းရှိ မော်ဒန်အနုပညာပြတိုက် (MoMA) တွင် ဖေဖော်ဝါရီလ ၉ ရက်မှ မတ်လ ၂၃ ရက်အထိ နိုင်ငံတကာ ပြပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါပြပွဲတွင် မော်ဒန်ဗိသုကာပညာရှင်များ ပါဝင် ပြသခဲ့ရာ ချီကာဂိုမှ ဗိသုကာပညာရှင်ညီနောင်ဖြစ်သော မွန်ရိုး ဘန့်ထ် ဘိုးမန်းနှင့် အားဗင်း ဘိုးမန်းတို့က အီလီနွိုက်စ်ပြည် နယ်၊ အီဗန်စတန်ရှိ အထပ်လတ်ခေတ်သစ်လူနေအိမ်ရာတစ်ခု ပါဝင် ပြသခဲ့သည်။
အခန်း နံပါတ် E တွင်မူ ကမ်္ဘာ့နိုင်ငံပေါင်း ၁၅ ခုမှ ဗိသုကာပညာရှင်ပေါင်း ၃၇ ဦး၏ လက်ရာများ ပါဝင်ပြသခဲ့ရာ ၁၉၂၀ ပြည့်လွန်ကာလများမှ ဥရောပဗိသုကာဟန်တို့ဖြစ် သည်ဟု ဆိုသည်။
နယူးယောက်တွင် ရက်သတ်္တ ၆ ပတ်ခန့် ကျင်းပပြီး နောက် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် လှည့်လည် ကျင်းပခဲ့ပြီး ခရီးသွားပြပွဲဟု အမည်ပေးခဲ့ကာ နောင် ၆ နှစ်တိုင် ဆက်လက်ပြသခဲ့သည်။
+++ အကြီးအကဲများ +++
မော်ဒန်ပြတိုက် ညွှန်ကြားရေးမှူး အဲဖရက်ဒ် အိတ်ခ်ျ- ဘားရ်က ဗိသုကာသမိုင်းပညာရှင် ဟင်နရီ-ရပ်ဆဲလ် ဟစ်ခ်ျ ကော့ခ်နှင့် ဖိလစ်ဂျွန်ဆင်တို့ကို ပထမဆုံးပြပွဲအား ကွပ်ကဲပေးရန် ငှားရမ်းခဲ့၏။
၎င်းတို့ သုံးဦးသည် ၁၉၂၉ ခုနှစ်တွင် ဥရောပ တစ်လွှား လှည့်လည်ခရီးထွက်ခဲ့သည်။ ယင်းနောက် ဟစ်ခ်ျကော့ ၏စာအုပ်ဖြစ်သော မော်ဒန်အနုပညာအကြောင်း အချေအတင် ဆွေးနွေးခဲ့ကြသည်။
+++ ပုံနှိပ်ထုတ်ဝေမှုများ ++
၁၉၃၂ ခုနှစ်ပြပွဲပြီးနောက် ဟစ်ခ်ျကော့ခ်နှင့် ဂျွန်ဆင် တို့က စာအုပ်နှစ်အုပ်ရေးသား ထုတ်ဝေခဲ့ကြသည်။
ပြပွဲ၏ ကက်တလောက်ဖြစ်သော “မော်ဒန်ဗိသုကာ၊ နိုင်ငံတကာပြပွဲ ”Modern Architecture: International Exhibition ကို ပုံနှိပ်ထုတ်ဝေခဲ့သည့်နည်းတူ “အင်တာနေရှင် နယ် ဗိသုကာဟန်၊ ၁၉၂၂ မှစတင်သည့် ဗိသုကာ” ဟူသော အမည်ဖြင့် စာအုပ်ကို W.W.Norton & Co. မှ ပုံနှိပ်ထုတ်ဝေခဲ့ သည်။
ယင်းစာအုပ်ကိုပင် ၁၉၉၇ ခုနှစ်တွင် W.W.Norton & Co. မှ ပင် ဒုတိယအကြိမ် ပြန်လည်ရိုက်နှိပ်ခဲ့သေးသည်။
ဟစ်ခ်ျကော့ခ်နှင့် ဂျွန်ဆင်တို့၏ ပြပွဲကက်တလောက်စာအုပ် တွင် အင်တာနေရှင်နယ်ဗိသုကာဟန်၏ အခြေခံမူကြီး (၃) ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ-
(က) နေရာအကျယ်အ၀န်း (ထုထည်နှင့် ကြံ့ခိုင်မှုကို ဆန့်ကျင်)(ခ) ပုံမှန်ဖြစ်မှု
(ဂ) ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု ဟူသည့် အချက်များ ဖြစ်သည်။
ဟစ်ခ်ျကော့တို့က ထုထည်ထက် ပမာဏကို အသား ပေး၏။ အချိုးညီမှုထက် မျှခြေညီမှုကို ဦးစားပေး၏။ အလှဆင် ပစ္စည်းများကို ဆန့်ကျင်၏။
စက်မှုနယ်တွင် အလုံးအရင်းထုတ်လုပ်မှု နည်းဗျူဟာ များမှ အင်တာနေရှင်နယ်ဗိသုကာဟန်၏ ဒဿနိကကို ဖန်တီး သည်။
အင်တာနေရှင်နယ်တွင် အရေးပါသည့် ကြွေးကြော် သံ (၃)ရပ်ရှိရာ
(၁) အလှဆင်ခြင်းသည် ဒုစရိုက်
(၂) ပစ္စည်းပစ္စယတို့ကို သစ္စာထား
(၃) လုပ်ဆောင်ချက်နောက်မှာ ပုံသဏ္ဌာန်ရှိ ဟူ၍ ဖြစ်သည်။
ထို့အပြင် av aumblpD,m Le Corbusier ကလည်း အိမ်ဟူသည် လူနေမှုဆိုင်ရာယန္တရားများဖြစ်သည်ဟု ဆိုသည်။
ကျော်ကြားခဲ့သည့်ကာလ
၁၉၄၀ မှ ၁၉၇၀ ပြည့်လွန်ကာလများအကြား (အထူး သဖြင့် ၁၉၅၀ မှ ၁၉၇၀ အကြားတွင် ရုံးခန်းတာဝါနှင့် မိုးမျှော် တိုက်များ)
ထူးခြားသည့် သွင်ပြင် လက္ခဏာများ
(က) ကွန်ကရစ်၊ မှန်နှင့် စတီးတို့မှာ အများဆုံး အသုံးပြုသည့်ပစ္စည်းများ ဖြစ်ကြသည်။
(ခ) အဆောက်အအုံ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပေါ်လွင်အောင် အလေးထားလေ့ရှိသည်။
(ဂ) မရှိမဖြစ် မလိုအပ်သည့်အလှဆင်မှုများကို ငြင်းပယ်သည်။
(ဃ) ribbon windows များနှင့် ထောင့်ဘက်ပြတင်း ဟန်များသည် ဤဗိသုကာဟန်၏ အဓိကစတိုင်များ ဖြစ်သည်။
(င) မျှခြေညီမှုနှင့် ပြေပြစ်မှုတို့ကို အလေးထားသည်။
(စ) အစွန်းမရှိသည့် အမိုးပြန့်
(ဆ) စတီး၊ မှန်နှင့် ပလတ်စတစ်တို့၏ တောက်ပြောင် မှုကိုသာ အလေးထားပြီး အလှဆင်မှုများ လုံးဝရှောင်ရှား သည်။
ထို့ကြောင့်လည်း အမည်မသိ မှန်သေတ္ထာ “ anony-mous glass box ” ဟု အချို့က ခေါ်ဝေါ်ကြသည်။
အင်တာနေရှင်နယ်သည် အာ့ထ်ဒက်ကို (Art Deco)(သို့မဟုတ်) အာ့ထ် မဒန်းန (Art Moderne) ဗိသုကာဟန် ကို ရွံ့မုန်းသူများအတွက် အဖြေတစ်ရပ်ဖြစ်သည်ဟုလည်း ဆို သည်။ သို့ရာတွင် အခြေခံစံပြုမှုများမှာ အတူတူသာ ဖြစ်လေ သည်။ ဤဗိသုကာဟန်ကို နေအိမ်များအတွက် အသုံးပြုမှု အလွန်နည်းပါးခဲ့သည်။
၁၉၇၀ ပြည့်လွန်ကာလများအတွင်း အင်တာနေရှင် နယ်ဟန်ကို ကူးသန်းရောင်းဝယ်ရေးနှင့် အင်စတီကျူးရှင်း အမျိုးမျိုး၏ အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုခဲ့ သည်။
နေအိမ်များအတွက်မှလွဲပြီး အင်တာနေရှင်နယ် ဗိသုကာဟန်သည် ၁၉၅၀ ပြည့်လွန်မှ ၁၉၇၀ ပြည့်လွန် နှောင်း ပိုင်းကာလများအထိ အမေရိကန်ဗိသုကာနယ်ကို သြဇာလွှမ်း ခဲ့သည်။
အမေရိကနှင့် ဥရောပတို့တွင် မော်ဒန်လှုပ်ရှားမှု အထွတ်အထိပ်သို့ရောက်ရှိနေချိန်တွင် အင်တာနေရှင်နယ် ဗိသုကာဟန်သည် စံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။
အချုပ်ဆိုရလျှင် ၁၉၂၀ ပြည့်လွန်များနှင့် ၁၉၃၀ ပြည့်လွန်ကာလများတွင် ရေပန်းစားခဲ့သော အင်တာနေရှင်နယ် ဗိသုကာဟန်သည် ယနေ့တိုင် အားကောင်းနေဆဲဖြစ်သည်။
လက်တွေ့အသုံးကျဝါဒသည် အမေရိကတစ်လွှားတွင် လွှမ်းမိုး ခဲ့ပြီးနောက်ပိုင်းတွင် ဥရောပအထိ ပျံ့နှံ့ခဲ့သည်။
အမည်မသိမှန်သေတ္ထာဟု ခေါ်ကြရခြင်း၏ အကြောင်း ရင်းမှာ တမူထူးခြားသည့် ဟန်ပန်မရှိခြင်းကြောင့်ဖြစ်သည်။
၁၉၅၀ မှ ၇၀ ပြည့်လွန်ကာလများအတွင်း အမေရိကနှင့် ဥရောပ၏ မြို့ကြီး၊ မြို့ငယ်များတွင် အမည်မသိ မှန်သေတ္တာများ အပြိုင်းအရိုင်း ထွက်ပေါ်ခဲ့လေသည်။
အိုစမာဘင်လာဒင်၏ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရသော နယူးယောက်ရှိ ကမ်္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာ မျှော်စင်သည် အင်တာနေရှင်နယ်ဗိသုကာဟန် အထွတ်အထိပ် သို့ ရောက်ရှိနေချိန် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ပေါ် ထွက်လာခဲ့သည့် အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။
အင်တာနေရှင်နယ်ဟန်သည် ကမ္ဘာ့ကုန်သွယ်ရေး စင်တာကြီးနှင့်အတူ တပါတည်းမြေခသွားပြီဟုလည်း အချို့က ဆိုကြသည်
အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com