အမေရိကန်အောက်လွှတ်တော်အမတ်က အိမ်ပိုင်ရှင်များအနေဖြင့် မိန်းမလျာများကို နေအိမ်ရောင်းချ/ငှားရမ်းခြင်းများ မပြုလုပ်ရန် ပြောကြား

အမေရိကန်အောက်လွှတ်တော်အမတ်က အိမ်ပိုင်ရှင်များအနေဖြင့် မိန်းမလျာများကို နေအိမ်ရောင်းချ/ငှားရမ်းခြင်းများ မပြုလုပ်ရန် ပြောကြား - Property News in Myanmar from iMyanmarHouse.com
30 May 2018 10:58 am တွင် တင်ခဲ့သည်
3009 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စုတွင် ရီပတ်ဘလီကန်ပါတီမှ အောက်လွှတ်တော်အမတ် ဒါနာ ရိုရာဘာချာက အိမ်ပိုင်ရှင်များအနေဖြင့် မိန်းမလျာများကို နေအိမ်ရောင်းချ/ငှားရမ်းခြင်းများ မပြုလုပ်ရန် ပြောကြားခဲ့ရာ အိမ်ခြံမြေလုပ်ငန်းရှင်များ၏
ထောက်ခံမှု ကျဆင်းသွားခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ရီပတ်ဘလီကန်အမတ် ဒါနာ ရိုရာဘာချာသည် အိမ်ခြံမြေလုပ်ငန်းရှင်များအုပ်စုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အိမ်ပိုင်ရှင်များသည် ၎င်းတို့၏ အိမ်ခြံမြေများကို မိန်းမလျာများနှင့် ယောက်ျားလျာများအား ရောင်းချရန် ငြင်းဆိုသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏မြို့တော်၊ ဝါရှင်တန်ဒီစီတွင် မေလ ၁၆ ရက်၌ ကျင်းပခဲ့သော တွေ့ဆုံပွဲတွင် အောရိန်းခရိုင် အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါပွဲကို တက်ရောက်ခဲ့သူ အောရိန်းခရိုင်အိမ်ခြံမြေအသင်းဥက္ကဌဟောင်း ဝိန်း ဝုဒ်ယာ့ဒ်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားမှုဆိုတဲ့အပေါ်မှာ စည်းတားခဲ့ပြီးပါပြီ။ ဒီထက်ပိုပြီး စည်းမချဲ့သင့်ဘူး။ အိမ်ပိုင်ရှင်တစ်ဦးဟာ အကျင့်ဖောက်ပြန်တယ်လို့ထင်ရသူတွေနဲ့ အလုပ်မလုပ်သင့်ပါဘူး” ဟု ရိုရာဘာချာက ပြောကြားသည်။

ရိုရာဘာချာ၏ ပြောကြားချက်ကို မိန်းမလျာအိမ်ခြံမြေလုပ်ငန်းရှင်အခွင့်အရေးအုပ်စုတစ်ခုက ကန့်ကွက်ခဲ့ပြီး ရိုရာဘာချာကို ထောက်ခံ၊ ထောက်ပံ့မှုများ ပြန်လည်ရုပ်သိမ်းရန် အမျိုးသားအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းအား တိုက်တွန်းခဲ့သည်။

ရိုရာဘာချာသည် ကယ်လီဖိုးနီးယားပြည်နယ်၏ ၄၈ ခုမြောက်ခရိုင်ဖြစ်သော ကမ်းရိုးတန်းဒေသရှိ အောရိန်းခရိုင်ကို ကိုယ်စားပြုသည့် အမတ်တစ်ဦးဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဌဟောင်းတစ်ဦး၏ သားဖြစ်ပြီး ရိုရာဘာချာကို ယှဉ်ပြိုင်အရွေးခံမည့် ဒီမိုကရက်ပါတီမှ ဟာလေ ရူဒါက ပြောကြားရာတွင် ရိုရာဘာချာ၏ ပြောကြားချက်များမှာ လက်မခံနိုင်ဖွယ်ရာဖြစ်ပြီး လူတိုင်းတွင် နေအိမ်တစ်လုံး ဝယ်ယူ၊ ရောင်းချရန်အတွက် တူညီသည့်အခွင့်အရေးရှိသင့်ကြောင်း ပြောကြားခဲ့သည်။

“ဒါနာ ရိုရာဘာချာ နားမလည်တာက ခွဲခြားဆက်ဆံမှုဟာ ခွဲခြားဆက်ဆံမှုပဲဖြစ်တယ်ဆိုတာကိုပါပဲ။ သူ့အတွေးအခေါ်က ဘယ်လောက်ခေတ်နောက်ပြန်ဆွဲနေတယ်ဆိုတာကို ပြနေပါတယ်” ဟု ဟာလေရူဒါက ဆိုသည်။

မှတ်တမ်းများအရ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ “အိမ်ခြံမြေလုပ်ငန်းရှင်များ နိုင်ငံရေးလှုပ်ရှားမှု ကော်မတီ” သည် ပြီးခဲ့သော ဒီဇင်ဘာနှင့် ဇန်နဝါရီရွေးကောက်ပွဲကာလများအတွင်း ရိုရာဘာချာကို ကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။

ရိုရာဘာချာသည် များပြားလှသော အိမ်ခြံမြေအကျိုးဆောင်များ၊ developer များနှင့် အိမ်ခြံမြေလုပ်ငန်းရှင်အုပ်စုများထံမှလည်း လှူဒါန်းမှုများ ရရှိထားခဲ့သည်။

လက်ရှိပြဌာန်းထားသော ဥပဒေအရမူ နေအိမ်ရောင်းချသူများ၊ မြေရှင်များ၊ အငှားချထားသူများအနေဖြင့် လူတစ်ဦး၏ လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ လိင် (သို့မဟုတ်) နိုင်ငံဇာစ်မြစ်တို့အပေါ်မူတည်၍ ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်အောက်လွှတ်တော်အမတ်က အိမ်ပိုင်ရှင်များအနေဖြင့် မိန်းမလျာများကို နေအိမ်ရောင်းချ/ငှားရမ်းခြင်းများ မပြုလုပ်ရန် ပြောကြား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service