ECO Green City စီမံကိန်း တန်ဖိုးနည်းအိမ်ရာများ စဆောက်

ECO Green City စီမံကိန်း တန်ဖိုးနည်းအိမ်ရာများ စဆောက် - Property News in Myanmar from iMyanmarHouse.com
30 May 2018 10:18 am တွင် တင်ခဲ့သည်
4153 ကြိမ် ကြည့်ရှု့ပြီး
လှည်းကူးမြို့နယ်ရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တည်ဆောက်မည့် ECO Green City စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျရန် ခန့်မှန်းထားပြီး ယခုလက်ရှိ တန်ဖိုးနည်းအိမ်ရာများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ECO Green City စီမံကိန်းကို ဆောက်လုပ်ရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းလုပ်ကိုင်ရန် သဘောတူညီခဲ့ပြီး ကနဦး အဆိုပြုလွှာ Proposal အရ တန်ဖိုးနည်းအိမ်ရာ အခန်း ၄၀၀၀ ကို ကုမ္ပဏီဘက်က ဆောက်လုပ်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက စာချုပ်ချုပ်ဖို့ အကျိုးအမြတ်ခွဲဝေဖို့ ညှိနှိုင်းတွက်ချက်နေပါတယ်။ ကုမ္ပဏီဘက်က ဒီဇိုင်းတွေကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲနေပါတယ်။ နိုင်ငံတော်ကိုပေးမယ့် တန်ဖိုးနည်းအိမ်ရာနဲ့ တန်ဖိုးလတ်အိမ်ရာတော့ အရင်စဆောက်ပေးနေပါတယ်။ အခုလက်ရှိ လမ်းတွေထိုးပြီး စဆောက်နေပါပြီ”ဟု ၎င်းက ဆိုသည်။

လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃ မိုင် ၁ ဖာလုံနှင့် ၅ မိုင် ၂ ဖာလုံအကြား လမ်းဘေးဝဲယာရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တည်ဆောက်မည့် Eco Green City စီမံကိန်း ပန္နက်တင်ခြင်းကို ဒီဇင်ဘာလ ၂၃ ရက်က ကျင်းပခဲ့ပြီး စီမံကိန်းတွင် အဆင့် ၂ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၁၀ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။

စီမံကိန်းပထမအဆင့် ငါးနှစ်၌ မြေဧက ၆၆၇ ဒသမ ၆၈ ဧကခန့်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ လူနေ အသင့်အတင့်ထူထပ်သည့် အိမ်ရာများ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဈေးနှင့် စားသောက်ဆိုင်များ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ ရှော့ပင်းမော၊ Mixed use zone၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် လမ်းကွန်ရက်နှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်သွားမည်ဖြစ်သည်။

စီမံကိန်းဒုတိယအဆင့် ငါးနှစ်၌ မြေဧက ၇၈၅ ဒသမ ၃၂ ဧကခန့်တွင် သီးသန့်လုံးချင်းအိမ်ရာများ၊ နိုင်ငံတကာအဆင့်မီ ဆေးရုံနှင့်ကျောင်း၊ အများပြည်သူအနားယူ အပန်းဖြေရန်နေရာ၊ ဟိုတယ်ဇုန်၊ ဂေါက်ကွင်း၊ Media Village နှင့် Agro-Park များကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းဆောက်လုပ်မည့် အိမ်ရာစီမံကိန်းသည် အစိုးရသစ်၏ ပထမဆုံးဆောက်လုပ်မည့် အကြီးမားဆုံး မြို့သစ်အိမ်ရာ စီမံကိန်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service