မေလ တစ်လတာ အိမ် ခြံ မြေ ဈေးကွက်အနေ အထားများကို ပြန်လည်သုံးသပ်ဖော်ပြရပါက မေလအတွင်း အငှားဈေးကွက်သည် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ထွန်းနေပြီး ဈေးကွက်အားကောင်းလျက်ရှိသည်။
ထို့အပြင် ဈေးတန်းများမှာလည်း ယခင်နှစ်ဖြင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာခဲ့သည်။
အရောင်းအ၀ယ်ပိုင်းမှာမူ စတင်အရှိန်ယူကာစ တစ်ခုတွင်သာရှိနေသေးပြီး အားရစရာကောင်းသည့် ဈေးကွက်ဝန်းကျင်တစ်ခု ပေါ်ပေါက်လာရေး အချိန်တစ်ခုယူရဦးမည်ဖြစ်ကြောင်းလည်း အိမ် ခြံ မြေ အသိုင်းအ၀ိုင်က ခန့်မှန်းသုံးသပ်ပြောဆိုကြသည်။
သင်္ကြန်အပြီးကာလ ၊ ၀ါတွင်း နီးကပ်လာသည့်က၈ာလသည် အိမ် ခြံ မြေ အငှားအား နှစ်စဉ်ကောင်းခဲ့သည့်နည်းတူ ယခုနှစ်တွင်လည်း အားကောင်းနေဆဲပင်ဖြစ်သည်။အမှန်တကယ် နေထိုင်ရန်ငှားရမ်းမှုသည် ပုံမှန်ဈေးကွက်တွင်သာ ရှိနေသော်လည်း စီးပွါးရေးလုပ်ကိုင်ရန်ငှားရမ်းမှုများမှာ နေ့စဉ် မြင့်တက်လျက်ရှိသည်။
ထိုကဲ့သို့ မြင့်တက်လာသည်နှင့်အမျှ ဈေးတန်းသည်လည်း တစ်စ တစ်စ ပိုမို ကြီးမြင့်လာခဲ့ကာ လမ်းမတန်း ဆိုင်နေရာများသည်နေရာ အကွက်အကွင်းပေါ်မူတည်၍ သိန်းတစ်ရာဝန်းကျင်အထိ ပေါက်ဈေးရှိလာခဲ့သည်။
အရောင်းအဝယ်အနေအထားမှာ အားနည်းခဲ့ပြီး Developed Area များနှင့် မြို့တွင်း ဧရီယာများ ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းများတွင် အနည်းငယ် အားယူခဲ့သော်လည်း အရှိန်ယူဆဲကာလသာဖြစ်နေကြောင်းသိရှိရသည်။မေလ အတွင်း အိမ် ခြံ မြေ ဈေ့းါက်အနေအထားများကိုာအောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။
+++ Down Town Area+++
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့သိရပါတယ်။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ မရှိသလောက်အားနည်းနေခဲ့ပါတယ်။အငှားပိုင်းဈေးကွက်မှာ သင်္ကြန်လွန်ကာလနောက်ပိုင်း ပိုမိုအငှားသွက်ခဲ့ပြီး ဈေးကွက်မြင့်နေဆဲဖြစ်ကြောင်းလည်း အခြေစိုက်အကျိုးဆောင်တွေထံကသိရပါတယ်။
+++ ရန်ကင်း၊ဗဟန်း ၊ တာမွေ +++
ဒီ မြို့နယ်တွေကတော့ မြေနေရာ အတော်များများကျန်ရှိနေသေးတာကြောင့် အရောင်းအဝယ်ဖြစ်အတွက် အမေးအမြန်းရှိပါတယ်။အငှားပိုင်းမှာတော့ အားကောင်းတယ်လို့သိရပါတယ်။တာမွေဘက်မှာဆိုရင် လူနေတိုက်ခန်းတွေအပြင် လမ်းမတန်းမြေနေရာတွေပါ ဆိုင်ခန်းဖွင့် ၊ စီးပွါးလုပ်ကိုင်ဖို့အတွက် ငှားရမ်းမှုတွေများပြားခဲ့ပါတယ်။ဈေးနှုန်းအရလည်း ယခင်နှစ်ထက်ကို ပိုမို မြင့်တက်လာတယ်လို့သိရပါတယ်။
+++ ဒဂုံလေးမြို့နယ် +++
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အရှိန်ယူနေသလို အငှားလည်းအားကောင်းနေပါတယ်။အငှားပိုင်းမှာတော့ ဒီမြို့နယ်တွေမှာ နေထိုင်ဖို့အတွက် အဓိကထားငှားရမ်းနေကြတာကိုတွေ့ရပါတယ်။အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ အောက် ဝန်းကျင်တွေအလုပ်ဖြစ်နေပြီး အငှားပိုင်းမှာတော့ တစ်သိန်း မှစပြီး အသင့်နေအိမ်တွေ ၁၂ သိန်း ဝန်းကျင်တွေ အထိအားကောင်းနေပါတယ်။
+++ စက်မှုဇုန် +++
လက်ရှိအချိန်ကာလမှာတော့ အရောင်း အဝယ် အငှား အေးစက်နေဆဲပဲဖြစ်ပါတယ်။ဒါပေမယ့် ရန်ကုန်တိုင်းလွှတ်တော်မှာ မြေနေရာယူထားပြီးလုပ်ကိုင်ခြင်းမရှိတဲ့ စက်မှုဇုန်မြေနေရာတွေနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိတာကြောင့် မကြာခင်မှာ ပြန်လည်လှုပ်ခတ်လာမယ့် အရိပ်အယောင်တွေ သန်းနေပါတယ်။အရင်ကာလတွေတုန်းကလည်း ဒီလိုသတင်းစကားတွေထွက်ပြီးရင် အရောင်းအ၀ယ်တွေပြန်လှုပ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com