၂၀၁၇ ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားရရှိမှုလူဦးရေ
ရာခိုင်နှုန်းအား နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ထုတ်ပြန်လိုက်ရာ
စင်္ကာပူ၊ ထိုင်း၊ ဘရူနိုင်းတို့က လျှပ်စစ်ဓာတ်အားရရှိမှုနှုန်းအမြင့်မားဆုံး
အာဆီယံနိုင်ငံများအဖြစ် ဖော်ပြခံရပြီး မြန်မာက လျှပ်စစ်ဓာတ်အား
ရရှိမှုနှုန်း အနိမ့်ဆုံးအာဆီယံနိုင်ငံအဖြစ် ဖော်ပြခံခဲ့ရသည်။
လျှပ်စစ်ဓာတ်အား ရရှိမှုဆိုသည်မှာ အရပ်ဒေသတစ်ခုတွင် လျှပ်စစ်ဓာတ်
အားကို တည်ငြိမ်စွာ ရရှိအသုံးပြုနိုင်သော လူဦးရေရာခိုင်နှုန်းကို ဆိုလိုခြင်းဖြစ်သည်။ တနည်းဆိုရသော် လျှပ်စစ်ဓာတ်အားအသုံးပြုခွင့်ရရှိမှုနှုန်း ဖြစ်သည်။
နိုင်ငံတိုင်း ဒေသတိုင်းတွင် လျှပ်စစ်ဓာတ်အား ရရှိမှုအခွင့်မလမ်း မတူညီကြပေ။
လျှပ်စစ်ဓာတ်အား ရရှိမှုအဆင့်အတန်းသည် ၎င်းနိုင်ငံဒေသ၏ ဖွံ့ဖြိုးမှုအဆင့်ကို ပြသောအချက်ပင် ဖြစ်သည်။ ဤသည်မှာ လျှပ်စစ်ဓာတ်အားရရှိမှုသည်
နိုင်ငံတစ်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် အခွင့်အလမ်းတို့၏ အခြားအညွှန်းများ
အတွက် ကောင်းမွန်သော ကိုယ်စားလှယ်တစ်ခုပင် ဖြစ်သည်ဟုလည်း
အဓိပ္ပါယ်ရသည်။
လျှပ်စစ်ဓာတ်အား ရရှိမှု အမြင့်မားဆုံးအဖြစ် စင်္ကာပူ၊ ထိုင်း၊ ဘရူနိုင်းတို့က
လျှပ်စစ်ဓာတ်အားကို မြို့ပြသာမက ကျေးလက်ပါမကျန် လူဦးရေ ၁၀၀ ရာခိုင်နှုန်း ရရှိကြပြီး အနိမ့်ဆုံးအဖြစ် မြန်မာက မြို့ပြတွင် ၇၉ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၄၃ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိသည်။
အရှေ့တောင်အာရှစုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၆၅ သန်းနီးပါး (အင်ဒိုနီးရှားမှ ၃၅ ရာခိုင်နှုန်းခန့်၊ မြန်မာမှ ၃၄ ဒသမ ၈ ရာခိုင်နှုန်းခန့်၊
ဖိလစ်ပိုင်တွင် ၁၇ ရာခိုင်နှုန်းခန့်၊ ကမ္ဘောဒီးယားတွင် ၉ ရာခိုင်နှုန်းခန့်နှင့် လာအို၊ ဗီယက်နမ်နှင့် မလေးရှားတို့တွင် ၄ ရာခိုင်နှုန်းခန့်) သည် နေအိမ်များတွင်
လျှပ်စစ်ဓာတ်အား မရရှိကြသည့်အပြင် သူတို့အနက် ၈၀ ရာခိုင်နှုန်းက
ကျေးလက်နေပြည်သူများဖြစ်ကြကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com