ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန
(အဆောက်အအုံ)မှအဆောက်အအုံပါမစ်များနှင့်ပတ်သတ်သည့်ယခု၂၀၁၈ခုနှစ်မှလာမည့်၂၀၂၀အတွင်းလုပ်ဆောင်သွားမည့်အခြေအနေများကိုMaster work plan ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ခုနှစ်တွင် ဆောက်လုပ်ခွင့်
ပါမစ်ဆော့ဝဲလ်အသစ်ကိုအပြည့်အဝစတင်အသုံးပြုခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်းစည်ပင်သာယာရေးကော်မတီမှသိရသည်။
"ဒီ master work plan ကိုworld bank group ရဲ့IFC နဲ့စည်ပင်တို့ပူးပေါင်းပြီးရေးဆွဲထားတာ အဲ့ဒီမှာလက်ရှိ၂၀၁၈မှာ
စတင်သွားမဲ့အပိုင်းတွေအပြင်နှစ်အလိုက်၂၀၂၀ထိအဆင့်ဆင့်ပြုလုပ်သွားမဲ့အချက်တွေပါဝင်တယ်''လို့ ရန်ကုန်မြို့တော်စ ည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန
(အဆောက်အအုံ)မှအဆောက်အအုံမှတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
အဆိုပါပြုပြင်ပြောင်းလဲသွားမည့်ဆောက်လုပ်ရေးဆိုင်ရာပါမစ်ချထားပေးမှုများတွင်ယခု၂၀၁၈ခုနှစ်တွင်မူဝါဒမဟုတ်သည့်အခြေခံလုပ်ငန်းစဉ်များကိုမေးမြန်းနိုင်မည့်ပြည်သူ့ဝန်ဆောင်မှုပေးသည့်သတင်းအချက်အလက်ဌာန(Information counter) ထားရှိဆောင်ရွက်ခြင်း၊ Procedure map ၊ flow diagram များရေးဆွဲပြီးလျော့ချသင့်သည့်အချက်များလျော့ချခြင်း၊Check listများကို အဆင့်မြင့်တင်ပြီးပြည်သူများသိရှိအောင်
Website တွင်ထည့်သွင်းကြော်ငြာပြီးမူဝါဒပြောင်းလဲသည့်အခါတိုင်း အထပ်မြင့်ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း စသည့်တို့တွင်အကြောင်းကြားကာ စည်ပင် website တွင်ဖော်ပြသွားမည်ဖြစ်သည်။
လာမည့်၂၀၁၉ခုနှစ်တွင် အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်နှင့် အဆောက်အအုံပြီးစီးကြောင်းသက်သေခံလက်မှတ်ထုတ်ပေးခြင်း၊BCCနှင့်သက်ဆိုင်သည့်လုပ်ငန်းစဉ်မြေပုံအသစ်တစ်စုံကို IFC မှ စည်ပင်ကိုပေးပို့ခြင်းအဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်နှင့်အဆောက်အအုံပြီးဆုံးကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊BCCနှင့်ပတ်သတ်သည့်သက်ဆိုင်ရာမြေပုံကိုစည်ပင်နှင့် IFC တို့ကြားသဘောတူညီမှုရယူခြင်း၊ပြည်တွင်နှင့်နိုင်ငံတကာကုမ္ပဏီများခန့်အပ်ရန်အတွက် အပြီးသတ်ဆွေးနွေးခြင်း၊ဆောက်လုပ်ရေးနှင့်ပတ်သတ်သည့် construction ၂၀ permit စနစ်အသစ်ကိုစမ်းသပ်အသုံးပြုခြင်းများပါဝင်သည်။လာမည့်၂၀၂၀ခုနှစ်တွင် စည်ပင်မှပြည်သူများကိုအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊စည်ပင်မှဆောက်လုပ်ခွင့်ပါမစ်ဆော့ဝဲလ်အသစ်ကိုအပြည့်အဝစတင်အသုံးပြုခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com