Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ်

Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
25 May 2018 12:02 pm တွင် တင်ခဲ့သည်
4439 ကြိမ် ကြည့်ရှု့ပြီး
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်သည် လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ ဆိုဟိုအရပ်၊ ကာနဲလမ်း၊ အမှတ် ၅၃၃ ရှိ penthouse ခန်းဖြစ်ပြီး အရောင်းဈေးကွက်တင်ထားသည်မှာ ၄ နှစ်ခန့် ရှိခဲ့ပြီဖြစ်ကာ ယခုအခါရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

ကစ်စတင် ဒန့်စ်က အိပ်ခန်း ၂ ခန်းပါ အဆိုပါအခန်းကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တစ်လလျှင် ကန်ဒေါ်လာ ၁၂၅၀၀ နှုန်းဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသေးပြီး ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းတွင်မူ ကန်ဒေါ်လာ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြန်သည်။

ယခုအခါ ကစ်စတင် ဒန့်စ်က ကန်ဒေါ်လာ ၄ ဒသမ ၄၃ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်ရာ သူ၏ခေါ်ဈေး ၄ ဒသမ ၅ သန်းအောက် အနည်းငယ်သာ နည်းပါးသည့်ဈေးနှုန်းဖြင့် အရောင်းအဝယ်တည့်သွားခြင်းဖြစ်ကြောင်း the Observer တွင်လည်း ဖော်ပြသည်။

သီးသန့်ဓာတ်လှေကားမှ တက်သွားလျှင် နားနေခန်းနှင့် စာကြည့်ခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနောက် လျှောတံခါးများမှတစ်ဆင့် ပင်မဧည့်ခန်းသို့ ရောက်ရှိမည်ဖြစ်သည်။

ပင်မဧည့်ခန်းကို ပုံမှန်ထက်ကြီးမားသည့် အမိုးခုံးပြတင်းပေါက်များဖြင့် အလှဆင်ထားကာ မျက်နှာကြက်များမှာ ၁၁ ပေခန့် မြင့်မားသည်။

ထောင့်ခန်းဖြစ်ခြင်းကြောင့် တောင်ဘက်နှင့် အနောက်ဘက်တို့မှတစ်ဆင့် မန်ဟက်တန်အောက်ပိုင်းနှင့် ဟတ်ဆန်မြစ်တို့ကို စီးမိုးတွေ့မြင်နိုင်သည်။

မီးဖိုဆောင်တွင် နောက်ဆုံးပေါ်အဆင့်မြင့်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးထားပြီး ကောင်တာမျက်နှာပြင်များကို စကျင်ကျောက်ပြားများ ခင်းပေးထားသည်။

အခန်း၏ ထောင့်တည့်တည့်တွင် တည်ရှိသော master bedroom မှာ အလွန်ကျယ်ဝန်းလှပြီး king-size အိပ်ယာတစ်ခု အလွယ်တကူထည့်သွင်းနိုင်သည်။

ကစ်စတင် ကယ်ရိုလိုင်း ဒန့်စ်သည် အမေရိကန် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး ၁၉၈၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် မွေးဖွားသည်။

အသက် ၁၂ နှစ်အရွယ်ကပင် Interview with the Vampire (၁၉၉၄) ဇာတ်ကားတွင် ကလော်ဒီယာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ လူသိများကျော်ကြားလာသည်။

အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုအတွက် အကောင်းဆုံးဇာတ်ပို့မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆု ဇကာတင်စာရင်းပင် ဝင်ခဲ့သည်။

ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ထင်ရှားသည့်ဇာတ်ကားများမှာ Spider-Man trilogy (2002–2007) နှင့် Marie Antoinette (2006) တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
Marie Antoinette ဇာတ်ကားသရုပ်ဆောင် အမေရိကန်မင်းသမီး ကစ်စတင် ဒန့်စ်က လော့စ်အိန်ဂျလိတွင် နေထိုင်မှုဟန်ကို ရပ်ဆိုင်းရန် လိုနေပြီဟုဆိုကာ နေအိမ်ကို ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service