ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာတိုက်ခန်းမဝယ်နိုင်သေးသူများအတွက် အငှားအိမ်ရာ ပုံစံဆောင်ရွက်ပေးရန်စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ထံမှ သိရသည်။
တန်ဖိုးနည်း၊တန်ဖိုးသင့် အိမ်ရာများအား တည်ဆောက်ရောင်းချပေးလျက်ရှိသော်လည်း အများစုသည် ဝယ်ယူနိုင်ခြင်းမရှိ ကြောင်း၊အခြေခံပြည်သူများ ဝယ်ယူနိုင်ရန် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်း ရှိအိမ်ရာများမှ တိုက်ခန်းများကို တစ်ခန်းလျှင် ပျမ်းမျှ ငွေကျပ်သိန်း ၁ဝဝ နှုန်းဖြင့် ရောင်းချပေးနေပြီး တခြားမြို့နယ်များရှိ အိမ်ရာတိုက်ခန်းများကို ငွေကျပ်သိန်း ၂ဝဝ မှ ငွေကျပ်သိန်း ၆ဝဝ အထိဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရသည်။
ယခုလကုန်ပိုင်းတွင်တန်ဖိုးနည်း အိမ်ရာများ ရောင်းချပေးရန် ရှိနေပြီး ဝယ်ယူနိုင် သေးခြင်း မရှိသော ပြည်သူများအတွက် အငှားအနေဖြင့် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် ငှားပေးရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ် နှင့် တည်ဆောက်ထားသော အိမ်ရာများကို အမှန်တကယ် နေထိုင်စရာမရှိသော ပြည်သူများကို ရွေးချယ်ရောင်းချပေးနေခြင်းဖြစ်သည်။
မဝယ်နိုင်သေးသူမျာအတွက် အငှားပုံစံမျိုးနှင့် လုပ်ပေးရန် အစီအစဉ်ရှိနေသည်။ဆောင်ရွက်နေဆဲဖြစ်သောကြောင့် ငှားပေးမည့် အချိန် ကို ပြောလို့မရသေးပေ။
လတ်တလော တန်ဖိုးနည်း နှင့် တန်ဖိုးသင့်အိမ်ရာများ ကို ရောင်းချပေးရန်ရှိသည်။အိမ်ရာဝယ်ယူရန် လာရောက်လျှောက်ထားသူများကို စနစ်တကျစစ်ဆေးပြီး ရောင်းချပေးမည် ဟုသိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချပေးသည့် တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူရန် လျှောက်ထားကြသော်လည်း အခန်းမရရှိသောသူများအား ဒုတိယအကြိမ် ရောင်းချပေးရာတွင် လျှောက်ထားရန်မလို အပ်ကြောင်း၊
လာရောက်လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို ကွန်ပျူတာဖြင့် ထည့်သွင်းသိမ်းဆည်းထားပြီး လျှောက်ထားသူများအား သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီိမှု ရှိ မရှိ စစ်ဆေးကြောင်းဖေဖော်ဝါရီ လမှ မတ်လကုန် အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချသော တိုက်ခန်းပေါင်း တစ်ထောင်ကျော် အတွက် ဝယ်ယူရန်လာရောက်လျှောက်ထာသူဦးရေ ခြောက်ထောင်ကျော်ရှိကြောင်း နှင့်အိမ်ပိုင်ဆိုင်မှု ရှိပြီး လာရောက်လျှောက်ထားသူများကို နောက်တစ်ကြိမ်လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။
Credit :Myawaddy