ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းသည် ထူးခြားသာလွန်သည့်လုပ်ဆောင်ချက် အမျိုးအစားအားလုံးကို မှတ်တမ်းတင် အသိအမှတ်ပြုထားသည်။
သို့ရာတွင် ဂင်းနက်စ်စံချိန်မှတ်တမ်းစတင်တည်ထောင်သည်မှ ယနေ့အချိန်အထိ မည်သည့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ မှတ်တမ်းတင်ခံခဲ့ဖူးခြင်း မရှိသေးချေ။
အမေရိကန်ပြည်ထောင်စု၊ အက်ဒီဆင်မြို့ကလေးရှိ အိမ်ခြံမြေအကျိုးဆောင် ဘင် ကာဘယ်လာရို၏ စွမ်းဆောင်နိုင်ချက်မှာ ထူးကဲလှသောကြောင့် ဂင်းနက်စ်စံချိန်မှတ်တမ်းအဖွဲ့က အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်အဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်လိုက်ပြီ ဖြစ်သည်။
အက်ဒီဆင်မြို့သည် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်ခရိုင်တွင် တည်ရှိပြီး ဒါးလက်မြို့၏ မြောက်ဘက်တွင် နီးကပ်စွာ တည်ရှိသည့် မြို့ကလေးဖြစ်သည်။
ကာဘယ်လာရိုသည် ၂၀၁၆ ခုနှစ်အတွင်း နေအိမ်ပေါင်း ၃၅၅၆ လုံးရောင်းချပေးနိုင်ခဲ့ရာ တစ်နေ့လျှင် ၁၀ လုံးနီးပါး ရောင်းချပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ငွေတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံဖိုးခန့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။မည်သို့မည်ပုံ ထိုသို့လုပ်ဆောင်နိုင်ခဲ့ပါသနည်း။
သူက အခြားသမားရိုးကျ အိမ်ခြံမြေအကျိုးဆောင်များကဲ့သို့ နေအိမ်များလိုက်လံပြသကာ အရောင်းအဝယ်ညှိနှိုင်းခြင်းမဟုတ်ဘဲ အိမ်ခြံမြေ developer ထံမှ exclusive ရောင်းချခွင့် ရယူထားခြင်းမျိုး ပြုလုပ်ခြင်းဖြစ်သည်။
ယင်းမှာ သူ၏လျှို့ဝှက်ချက် ဖြစ်သည်။
သူ၏အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း HomesUSA သည် multiple listing service ဝက်ဘ်ဆိုက်တွင် အချိန်နှင့် တပြေးညီ ကြော်ငြာများတင်ခြင်း၊ စုံစမ်းမေးခြင်းခြင်းများကို ချက်ခြင်းဖြေကြားခြင်းများ ပြုလုပ်လေ့ရှိသည်။
“ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဟာ စုံစမ်းလာမှုတွေကို အချိန်အတော်ကြာမှ ဖြေကြားနိုင်ကြတယ်။ ကျွန်တော်တို့ကတော့ ၁၀ မိနစ်အတွင်း ပြန်လည်ဖြေကြားနိုင်ပါတယ်” ဟု ကာဘယ်လာရိုက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)