အိုးအိမ်ဦးစီးအောက်ရှိ မြို့ပြမြေများ ရန်ကုန်တိုင်း အစိုးရအောက်သို့ ယခုနှစ်ကုန် အပြီးလွှဲပြောင်းမည်

အိုးအိမ်ဦးစီးအောက်ရှိ မြို့ပြမြေများ ရန်ကုန်တိုင်း အစိုးရအောက်သို့ ယခုနှစ်ကုန် အပြီးလွှဲပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
23 May 2018 9:54 am တွင် တင်ခဲ့သည်
4157 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန လက်အောက်ရှိ မြို့ပြမြေများ၊ တိုက်ခန်းတွဲများ၊ အိမ်ရာများနှင့် အစိုးရမြေများကို ယခုနှစ်ကုန် နောက်ဆုံးထား၍ တိုင်အစိုးရထံ အားလုံးလွှဲပြောင်းရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းအတွင်း ဈေးများ၊ အိမ်ရာ များနှင့် ဧရိယာများကို တိုင်းဒေသ ကြီး အစိုးရ လက်အောက်သို့ ရောက်ရှိရေး စီမံဆောင်ရွက်ရန် ရှိ၊ မရှိနှင့်ပတ်သက်ပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ မေးခွန်းကို တိုင်းအစိုးရ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။ အထက်ပါ ဌာနလက်ရှိ စီမံ ခန့်ခွဲနေသည့် ကိစ္စရပ်များအား လုံးကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြင်ဆင်ထိန်း သိမ်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရသို့ လွှဲပြောင်းရန်စီမံခဲ့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောသည်။

လက်ရှိ၌ တိုင်းအစိုးရစီမံ ခန့်ခွဲမှု မရှိခြင်းကြောင့် ၀န်ကြီးက အိမ်ရာအရောင်းနှင့် အငှားများ တွင် စီမံခန့်ခွဲမှု အားနည်းချက် များ၊ အခြေခံ အဆောက်အအုံ ပြတ်လပ်မှုများ၊ အငြင်းပွားမှုများ စသည်တို့ရှိနေပြီး မြို့ပြဥပဓိရုပ်အားကောင်းမှု ကျဆင်းနေသည် ဟု ဆိုသည်။

၁၉၈၈ နောက်ပိုင်း တည်ဆောက်ခဲ့သည့် လုံးချင်းအိမ်ရာ နှင့် အိမ်ရာအချို့ကို ၂၀၁၇ မတ်လ ၈ ရက်၌ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။

‘‘လွှဲပြောင်းပေးရမှာ ရန်ကုန် မြို့ မြေရဲ့ ၅ ရာခိုင်နှုန်းရှိပါတယ်’’ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

အိမ်ရာများ စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန်၊ အခြေခံအ ဆောက်အအုံများ ဖြည့်ဆည်းနိုင် ရန်နှင့် မြို့ပြဥပဓိရုပ် ပိုမိုကောင်း မွန်စေရန် ဥပဒေစည်း မျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြုစုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် နေသည်ဟု ၀န်ကြီးက ပြောသည်။ထိုဥပဒေကို Apartment Lawအဖြစ် ဥပဒေကြမ်းပြုစုရေး အ ထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး သုတေသနပြုနေကြောင်း ၎င်း ကဆက်လက်ပြောသည်။

ပြည်တော်သာ၊ မင်္ဂလာတောင်ညွန့်၊ လမ်းသစ်ရိပ်သာ အိမ်ရာများ အပါအ၀င် ဒဂုံမြို့သစ်ခြောက် မြို့နယ်တို့ကို တည်ဆောက်ပြီးနောက် ၀န်ကြီးဌာန က စီမံခန့်ခွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းရန် ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ထံသို့ လွှဲပြောင်းပေးခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service