ဧရာဝတီတိုင်းဒေသကြီးမှာ စီမံကိန်းကြီးတွေ အကောင်အထည်ဖော်နိုင်ရေး လျာထားစီမံနေကြောင်း သိရပါတယ်။
တိုင်းအစိုးရအဖွဲ့ဆီက သိရတဲ့ အချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီးမှာ ကမ်းလွန်ထောက်ပံ့ ပို့ဆောင်ရေးစီမံကိန်း၊ ကမ်းခြေပတ်လမ်းစီမံကိန်းနဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းစတဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေး လျာထားစီမံနေတာ ဖြစ်တယ်။ ငရုတ်ကောင်းမှာ Offshore Supply Base နှစ်ခုခွင့်ပြုချက်ကျပြီးသား ဖြစ်တယ်။
အကောင်အထည်ဖော်နိုင်ဖို့ တိုင်းအစိုးရအဖွဲ့ကလည်း ကူညီပံ့ပိုးဆောင်ရွက် နေပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး အတွက်လည်း
ငရုတ်ကောင်းဒေသမှာ ဆောင်ရွက်ဖို့ရှိပြီး ၄င်းစီမံကိန်းမှရရှိနိုင်မယ့် ခန့်မှန်းလျှပ်စစ်ပမာဏက လက်ရှိတစ်နိုင်ငံလုံး သုံးစွဲနေတဲ့ လျှပ်စစ်ပမာဏရဲ့ တစ်ဝက်ခန့်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်စားတဲ့ အပန်းဖြေ ကမ်းခြေတွေ တည်ရှိတာကြောင့် ၄င်းကမ်းခြေတွေကို တစ်ဆက်တည်း သွားနိုင်ဖို့နဲ့ ငပလီကမ်းခြေအထိ ခရီးဆက်နိုင်ဖို့ ကမ်းခြေပတ်လမ်း စီမံကိန်းကိုလည်း အကောင်အထည်ဖော်နိုင်ရေး စဉ်းစားထားတယ်လို့ သိရပါတယ်။
ပုသိမ်ငရုတ်ကောင်းကဲ့သို့ နေရာကနေ သံတွဲအထိကားနဲ့ တောက်လျှောက်သွားနိုင်မယ်ဆိုလျှင် တိုရစ်ဇင် ကဏ္ဍမှာ Package Type နဲ့ သွားလာနိုင်မှာ ဖြစ်သလို ပုသိမ်လေယာဉ်ကွင်းသာ အသုံးချနိုင်မယ်ဆိုရင် Local ပဲဖြစ်ဖြစ်၊ Oveasea Toursim ဖြစ်ဖြစ် များလာလျှင် ကမ်းခြေတွေကို Shuttle Bus တွေနဲ့ စီစဉ်ပေးနိုင်မယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ အဓိကကျတဲ့ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းမှ
ထွက်ကုန်တွေကို ပြည်ပအထိ တိုက်ရိုက်တင်ပို့နိုင်မယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရှိနိုင်မှာ ဖြစ်တာကြောင့် River Port ထားရှိနိုင်ဖို့နဲ့ စက်မှုန်ဇုန်တွေ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကိုလည်း အလေးထားဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Credit: The Kumudra