ပြည်ပပို့ကုန်လျော့ နည်းချိန်တွင် ကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းက ပြည်တွင်းဈေး ကွက်တွင် ကုန်ဈေးနှုန်းမြင့်တက် လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
စက်သုံးဆီအပါအ၀င် လူ သုံးကုန်ပစ္စည်းများ ပြည်ပမှ တင် သွင်းသုံးစွဲနေရသဖြင့် ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်းကပြည်တွင်း ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ပြီး အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်စေသည်ဟု စီးပွား ရေးလုပ်ငန်းအချို့က သုံးသပ် သည်။
ကန်ဒေါ်လာ တန်ဖိုးမြင့် တက်မှုနှင့် ဆက်စပ်နေသော ပြည်တွင်းစက်သုံးဆီဈေးသည် ရက်ပိုင်းအတွင်းဆက်တိုက်မြင့် တက်နေ၍ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ၌ အခက်အခဲဖြစ် လာသည်။ မိုးတွင်းကာလ ကုန် စည်ပို့ဆောင်ရေး လုပ်ငန်းများ လျော့နည်းနေချိန်တွင် စက်သုံး ဆီဈေးမြင့်တက်မှုက ကုန်ကား ပိုင်ရှင်များအတွက် စိန်ခေါ်မှုဖြစ် သည်ဟု မူဆယ်မြို့မှ ကုန်ကား ပိုင်ရှင်တစ်ဦးကပြောသည်။
ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး မေလအတွင်း တစ်ဒေါ်လာလျှင် ၁၆ ကျပ် မြင့်တက်လာသည်။ မေလ၁ရက်တွင် တစ်ဒေါ်လာ ၁,၃၃၁ ကျပ်မှ မေလ ၁၈ ရက် တွင်တစ်ဒေါ်လာ ၁,၃၄၇ ကျပ် သို့မြင့်တက်လာသည်။
နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး မြင့်တက်ပြီး ကမ္ဘာ့ရွှေဈေးကျ ဆင်းနေခြင်းကလည်း ပြည်တွင်း၌ ကန်ဒေါ်လာတန်ဖိုးမြင့်တက် စေသည်ဟု စီးပွာရေးလုပ်ငန်း ရှင်အချို့ကပြောသည်။
‘‘ပို့ကုန်နည်းတဲ့အချိန်မှာ ဈေးတက်တာ စီးပွာရေးလုပ်ဖို့ ခက်တယ်’’ ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် တွဲဖက်အတွင်း ရေးမှူး ဦးနေလင်းဇင်က ပြော သည်။
ပြည်ပသို့ ကုန်ပစ္စည်းတင် ပို့ခြင်းက မိုးတွင်းကာလတွင် လျော့ကျလေ့ရှိသဖြင့် ကန်ဒေါ် လာတန်ဖိုး မြင့်တက်ခြင်းက ကုန် ဈေးနှုန်းမြင့်တက်ရန်တွန်းအား တစ်ခုဖြစ်နိုင်သည်ဟု ဆိုသည်။
နိုင်ငံတကာ ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးမြင့် တက်လာသော်လည်း ကမ္ဘာ့ရွှေ ဈေးက ၂ရာခိုင်နှုန်းကျော်ကျဆင်း ခဲ့သည်။ မေလ ၁ရက်က ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင်၁,၃၂၂ မှ မေလ ၁၈ရက်တွင် ၁,၂၈၈ ဒေါ်လာသို့ ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေဈေး ၂ ရာခိုင်နှုန်းကျော် ကျဆင်းသော်လည်း ပြည်တွင်းရွှေဈေး ကျဆင်းမှုက ၁ရာ ခိုင်နှုန်းကျော်သာ ရှိသည်။ ပြည်တွင်း ရွှေဈေးသည် ကျပ်၉၄၃,၀၀၀မှ ကျပ် ၉၃၀,၀၀၀ သို့ကျဆင်းလာသည်။
Credit: 7DayDaily