သွင်းငွေအပေါ် ဘဏ်အတိုးနှုန်းလျော့ချပေးခြင်းအားဖြင့် အရစ်ကျအိမ်ရာဝယ်ယူမှုတွေ ပိုမိုးတိုးပွားလာနိုင်တယ် လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
အိမ်ခြံမြေဈေးကွက်အတွင်း ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်းများနှင့် ပူးပေါင်းပြီး နှစ်ရှည်အရစ်ကျစနစ်ဖြင့် အိမ်ရာတိုက်ခန်းတွေကို ရောင်းချလျက်ရှိရာ သွင်းလိုက်တဲ့ငွေအတိုင်းအတိုးနှုန်းချပေးခြင်းဖြင့် ဝယ်လိုအားတွေ ပိုမို တိုးတက်လာနိုင်တယ်လို့ ယင်းအသင်းအတွင်းရေးမှုး ဒေါ်မို့မို့အောင်ကပြော
ဆိုပါတယ်။
“ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘဏ်နဲ့ချိတ်ဆက်ပေးရာမှာ၅ နှစ်လား၊ ၁၀ နှစ်လား၊ အဲအပေါ်မှာတစ်ခါ တည်းဘဏ်အတိုးနှုန်းတွက်ချက်ထားတယ်၊ အကြံပေးချင်တာက သွင်းတဲ့နှုန်းအတိုင်း ဘဏ်အတိုးနှုန်းလျော့ မယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်” ယင်းကပြောဆိုပါတယ်။
လက်ရှိပြည်တွင်းအိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်ကသာဦးဆောင်နေပြီး အရောင်းအဝယ်မှာတော့ လိုအပ်သူလောက်သာ ဝယ်ယူတဲ့ပုံစံနဲ့ဈေးကွက် လည်ပတ်နေတယ်လို့လည်း သိရပါတယ်။
ဘဏ်တွေနဲ့ချိတ်ဆက်ပြီး နှစ်ရှည်စနစ်နဲ့ရောင်းချရာမှာ ဝယ်သူအများစုထံက ဘဏ်အတိုးနှုးလျှော့ချဖို့ လိုအပ် တဲ့အသံတွေကြားနေရတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။
ပြည်တွင်းအိမ်ခြံမြေဈေးကွက်အတွင်း ၁၉၉၇ ခုနှစ်မှာတစ်ကြိမ် ၂၀၁၂ မှ ၂၀၁၄ မှာတစ်ကြိမ် အိမ်ခြံမြေဈေး ကွက်အထွတ်အထိပ်ရောက်ခဲ့ပေမယ့် လက်ရှိအနေအထားအရ ယင်းအခြေအနေပြန်ရောက်လာဖို့ မဖြစ်နိုင်လာ နိုင်ဘူးလိုလည်း အသင်းတာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။
Credit: SFJ Strategy First Journal