အိမ်ခြံမြေဈေး ဒေသပေါက်ဈေးနှင့် ညီညွတ်စေရန် ပြင်ဆင်မည်

အိမ်ခြံမြေဈေး ဒေသပေါက်ဈေးနှင့် ညီညွတ်စေရန် ပြင်ဆင်မည် - Property News in Myanmar from iMyanmarHouse.com
17 May 2018 11:35 am တွင် တင်ခဲ့သည်
4970 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း ဒေသပေါက်ဈေးနှင့် ညီညွတ်မှုမရှိသော အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုး စိစစ်ခြင်း (ရာဖြတ်ဈေးသတ်မှတ်ခြင်း)များကို ယခုနှစ် မေလအတွင်း စိစစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပြင်ဆင် ပြဠာန်းပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဆိုသည်။

တိုင်းလွှတ်တော်တွင် လသာအမတ် ဦးဇော်နိုင်ဝင်းက ဒေသပေါက်ဈေးနှင့် မညီညွတ်ဘဲ ရာဖြတ်ဈေးသတ်မှတ်သဖြင့် ထိုဈေးပေါ်မူတည်ကာ ပေးဆောင်ရသည့် တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်များ ထမ်းဆောင်မှုကို သက်ရောက်သဖြင့် ထိုဈေးကို အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ပေးရန် မေးခွန်းထုတ်ရာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ မြို့နယ်အလိုက် အိမ်ခြံမြေဈေးနှုန်းများကို စိစစ်ခိုင်းသည့်အခါ မြို့နယ်အလိုက် အိမ်ခြံမြေများ၏ ကာလတန်ဖိုးများကို ဖြတ်ပေးပြီး အဆိုပါဈေးနှုန်းများကို အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အဖွဲ့များဖြင့်စိစစ်ပြီး တန်ဖိုးကို သတ်မှတ်လေ့ရှိကြောင်း အိမ်ခြံမြေဝန်ဆောင်မှု အသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ဆိုသည်။

'' အလုံးစုံကိုတော့ ကျွန်မတို့တင်ပြတဲ့အတိုင်း မသတ်မှတ်ပါဘူး၊ တစ်ခါတလေ ပိုမြှင့်ပြီးတော့ တန်ဖိုးဖြတ်တာရှိသလို တစ်ခါတလေ ပေးလိုက်တဲ့အတိုင်းပဲ တန်ဖိုးသတ်မှတ်လိုက်တာလည်း ရှိပါတယ်''ဟု ဒေါ်မို့မို့အောင်က ဆိုသည်။

ရန်ကုန်တိုင်း၏ မြို့နယ်အားလုံးတွင် အိမ်ခြံမြေအသင်းအဖွဲ့များ ဖွဲ့စည်းထားရှိပြီး အဆိုပါအဖွဲ့များမှ နောက်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့သော ကာလပေါက်ဈေးနှုန်းများကို ဖြတ်ပေးကြကြောင်း၊ ကာလပေါက်ဈေးနှုန်းများကို တစ်နှစ်တစ်ကြိမ်သာဖြတ်လေ့ရှိပြီး အပြောင်းအလဲဖြစ်လျှင်လည်း သတ်မှတ်နှုန်းအတိုင်းသာ အခွန်ကောက်ကြောင်း ၄င်းက ဆိုသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service