စင်္ကာပူအဆင့်မြင့်အိမ်များတွင် နေထိုင်မှုနှုန်း ကျဆင်း

စင်္ကာပူအဆင့်မြင့်အိမ်များတွင် နေထိုင်မှုနှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
17 May 2018 11:18 am တွင် တင်ခဲ့သည်
3281 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူလူနေအိမ်ဈေးကွက်တွင် ဝယ်လက်များ၏ စိတ်ဝင်စားမှု အားကောင်းနေ
သော်လည်း အဆင့်မြင့်လူနေအိမ်များတွင် နေထိုင်ကြမှုနှုန်းမှာ ယခုနှစ်ပထမ
သုံးလပတ်အတွင်း ၈၈ ဒသမ ၄ ရာခိုင်နှုန်းသို့ ၀ ဒသမ ၄ ရာခိုင်နှုန်း
ကျဆင်းခဲ့ကြောင်း စင်္ကာပူ၏ တတိယအကြီးဆုံးအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ
OrangeTee & Tie က ထုတ်ပြန်ခဲ့သည်။

အထွေထွေလူနေအိမ်ဈေးကွက်တွင် နေထိုင်ကြမှုနှုန်းမှာမူ ယခုနှစ်ပထမ
သုံးလပတ်အတွင်း ၉၂ ဒသမ ၆ ရာခိုင်နှုန်းသို့ ၀ ဒသမ ၄ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်။ ယင်းမတိုင်မီသုံးလပတ်က ၉၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။

အလယ်အလတ်တန်းစား နေအိမ်များတွင် နေထိုင်ကြမှုနှုန်းသည်လည်း ၉၁ ဒသမ
၇ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

နေထိုင်ကြမှုနှုန်းမြင့်မားမှုအား ထိုသုံးသပ်ကာလအတွင်း ပုဂ္ဂလိကလူနေအိမ်
ဈေးကွက် အရောင်းအဝယ် ဆက်လက်တက်ရိပ်ရှိနိုင်ခြေကို ညွှန်ပြသည့်
အချက်တစ်ချက်အဖြစ် OrangeTee & Tie ၏ သုတေသနအကြီးအကဲ
ခရစ္စတင်းဆန်းက ယူဆသည်။

အထူးသဖြင့် Core Central Region တွင် တည်ရှိသည့် စီမံကိန်းအများအပြား
သည် ယခုနှစ်အတွင်း ၎င်းတို့၏ ရောင်းမထွက်သေးဘဲ ကျန်ရှိနေသေးသော
အခန်းများ၏ ဈေးနှုန်းများကို တိုးမြှင့်လာကြသည်။ အဘယ်ကြောင့်ဆိုသော်
တည်ဆောက်ပြီးစီးပြီးသား နေအိမ် ရောင်းလိုအားသည် နည်းပါးနေဆဲဖြစ်ပြီး
developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ)
၏ လက်ရှိစတော့ခ်ရှယ်ယာများက ဆက်လက်ယုတ်လျော့နေသဖြင့် ဖြစ်သည်။

ထို့ကြောင့် ယင်းသို့သောကာလတွင် တစ်ဦးချင်းပြန်လည်ရောင်းချသူများကလည်း
ခေါ်ဈေးများ တိုးမြှင့်လာကြကြောင်း ဆန်းက ပြောကြားချက်အရ သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service