တန်ဖိုးနည်းအိမ်ရာကို အတိုးမပါဘဲရောင်းချနိုင်ရန် နည်းလမ်းရှာနေဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

တန်ဖိုးနည်းအိမ်ရာကို အတိုးမပါဘဲရောင်းချနိုင်ရန် နည်းလမ်းရှာနေဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
17 May 2018 11:04 am တွင် တင်ခဲ့သည်
2584 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာများသည် အတိုးနှုန်းဖြင့် တွက်ကြည့်ပါက တိုက်ခန်းတစ်ခန်းလျှင် မူရင်းရောင်းဈေးထက် များစွာကြီးမြင့်သွားခြင်းကြောင့် အတိုးမပါဘဲ ရောင်းချနိုင်မည့်နည်းလမ်းကို ရှာဖွေနေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

လက်ရှိတွင် ဆောက်လုပ်ပြီးစီးသော တိုက်ခန်းများကို ကျပ်သိန်း ၁၂၀ ဖြင့် ၁၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းမည်ဆိုပါက အတိုးနှုန်း ၁၃ ကျပ်နီးပါးဖြင့်တွက်လျှင် ကျပ်သိန်း ၂၇၀ ခန့် ဖြစ်သွားမည်ဖြစ်သောကြောင့် ပြည်သူစိတ်ဝင်စားမှုမရှိသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ၎င်းကဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် အစိုးရ ၂ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်ကို ရှင်းလင်းပြောကြားရာတွင် သတင်းထောက်များကို ၎င်းက ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“အတိုးကို တစ်ခုခုက ကျခံလိုက်လို့ရှိရင် သိန်းတစ်ရာတန်အခန်းသည် တစ်ရာနဲ့ပဲရောင်းရမယ်။ ဥပမာ - ၁၅ နှစ် ပြည့်ရင်လည်း ၁၀၀ ပဲ ဖြစ်အောင် နည်းလမ်းရှာဖွေနေပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်ရာကဏ္ဍအနေနှင့် ၂၀၃၀ ခုနှစ်အထိ အိမ်ရာပေါင်း ၁ သန်း ဆောက်လုပ်ရန်ရှိပြီး ယခုအစိုးရ ၂ နှစ်တာကာလ အတွင်း၌လည်း အိမ်ရာ ၁၀,၉၂၄ ခန်း ဆောက်လုပ်ရာတွင် ရာနှုန်းပြည့်ပြီးသည့် အခန်း ၅၇၄၈ ခန်း ရှိနေပြီဖြစ်ကြောင်း၊ ၅၁၇၆ ခန်းမှာလည်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ကျန်ရှိနေသည့် အစိုးရ သက်တမ်း ၃ နှစ်တွင် အခန်းပေါင်း ၈၀၀၀ ကျော်ဆောက်လုပ်မည်ဖြစ်ပြီး PPP စနစ်ဖြင့် ဌာနမှ အခန်း ၄၀၀၀ ကျော်နှင့် ကုမ္ပဏီများဘက်မှ အခန်းပေါင်း ၆၀၀၀ ကျော်ဆောက်လုပ်ရန် ဆောင်ရွက်ထားကြောင်း ဦးကျော်လင်းက ထပ်လောင်းပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service