မြန်မာနိုင်ငံ၏ နံပါတ်တစ် လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ မေလ ၁၁ ၊ ၁၂ ၊ ၁၃ ရက်နေ့များတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး ” (အဌမအကြိမ်မြောက်) ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
အဆိုပါပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅ဝ) ကျော် မှ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး ဖြစ်သော တိုက်ခန်း နှင့် ကွန်ဒို များကို အထူး လျှော့ဈေးနှုန်းများ ၊ (၁) နှစ်မှ (၂၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၂၂.၈) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်) တန်ဖိုးရှိသော တိုက်ခန်း နှင့် ကွန်ဒိုများကို ပြပွဲ (၃) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
“ iMyanmarHouse.com ကနေ ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ (၈) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ အခုပြပွဲအတွင်းမှာ ကျပ်သိန်း (၂ဝဝ) ကျော် မှ စတဲ့ တိုက်ခန်းတွေ ၊ ကျပ်သိန်း (၅ဝဝ) မှ ကျပ်သိန်း (၅ဝဝဝ) ကျော် ကွန်ဒိုပေါင်း များစွာကို တစ်နေရာတည်း စုံလင်စွာ ကြည့်ရှုလေ့လာ ဝယ်ယူခွင့် ရခဲ့သည့်အပြင် အိမ်ရာချေးငွေအတွက် KBZ Bank ၊ AYA Bank နဲ့ YOMA Bank များမှလည်း ပြပွဲကို လာရောက်လေ့လာ ဝယ်ယူသူတွေအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြပွဲကာလအတွင်း ပြုလုပ်ပေးခဲ့ပါတယ်။ အထူး Discount များ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ် ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၄) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့သည်။
iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် အဌမအကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးတွင် Official Banking Partner အဖြစ် KBZ Bank ၊ AYA Bank နှင့် YOMA Bank တို့မှ ပါဝင်ပြသခဲ့ပြီး Main Sponsor အဖြစ် Yoma Strategic Holdings နှင့် Golden City Condominium Diamond Sponsor အဖြစ် AMPS Construction ၊ MKT Construction ၊ Naing Group Capital Co.,Ltd ၊ The Leaf Residence ၊ Kanbae Towers and Riverfront Garden နှင့်Gold Sponsor အဖြစ် Nation Light Construction ၊ Universal Construction ၊ SMT Construction ၊ Shwe Paing Htike City ၊ Sanchaung Garden Residence နှင့် Plum တို့မှ အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲသို့ လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ များနှင့် အခြားကျပ်သိန်း (၅ဝ) တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်း သတင်းရရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)