ဘန်ကောက်အိမ်ခြံမြေဈေးကွက်သည် ဆက်လက်တိုးတက်အောင်မြင်နေကြောင်း ထိုင်းထိပ်တန်းအိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဒ် DDproperty မှ ယခုနောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်က ယခုနှစ် ပထမသုံးလပတ်တွင် မြေဈေးမြင့်တက်မှုနှုန်းသည် ရှစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မြေဈေးများ
မြင့်တက်လာမှုက တန်ဖိုးသင့်နှင့် တန်ဖိုးနည်းလူနေအိမ်ရာစီမံကိန်းများအား မြို့လယ်နေရာများမှ အဝေး၊ အစွန်အဖျားများသို့ တွန်းပို့နေသည်။
ဘန်ကောက်မြေဈေးမြင့်တက်မှုသည် စီးပွားရေးအလားအလာတိုးတက်ခြင်းနှင့် ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်နိုင်ခြေတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
မြေဈေးမြင့်တက်မှုများက ကွန်ဒိုတည်ဆောက်မှုများကို သိသိသာသာ မြင့်တက်လာစေသည်။ မြေစိုက်အိမ်များထက်လည်း ၎င်းအထပ်မြင့်
အဆောက်အအုံများက developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအား အကျိုးအမြတ် ပိုမိုရရှိစေသည်။ အလယ်ပိုင်းခရိုင် Watthana တွင် ကွန်ဒိုသစ်အများဆုံး ဖြစ်သည်။
ဘန်ကောက်အိမ်ခြံမြေဈေးကွက်သည် ယခုအခါ မကြုံစဖူးသိသိသာသာ ဆန်းပြားလာကြောင်း DDproperty ၏ နိုင်ငံအဆင့် မန်နေဂျာ
ကမ်မိုလ်ပတ်ဆွမ်ကစ်က ပြောကြားခဲ့သည်။ "တန်ဖိုးတွေက ဆက်လက်မြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ရာ ပိုမိုခိုင်မာလာတဲ့ အိမ်ခြံမြေဂုဏ်သတင်း ပိုမိုမွှေးပျံ့လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘန်ကောက်တစ်ခွင်မှာ ပြည်တွင်းနဲ့ ပြည်ပ developer တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ဒီနှစ်ထဲ ပိုမိုမြင့်တွေ့ရနိုင်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com