၂နှစ်ကျော်ကြာ ငြိမ်သက်နေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ ပြန်လည်
လှုပ်ရှားလာပြီး သိန်းထောင်ချီတန် အိမ်ခြံမြေများပါ အရောင်းအဝယ်ပြန်ဖြစ်လာခဲ့ကြောင်း ရန်ကုန် အိမ်ခြံမြေ အသိုင်းအ၀ိုင်းမှ ဆိုသည်။
“ ကျွန်တော့မိတ်ဆွေ တွေထဲက သူတို့ ကိုင်ထားတဲ့ သိန်းသုံးလေးထောင်တန် မြေကွက်တွေ ပြန်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ ကြားတော့ ကျွန်တော်တောင် အံ့သြသွားတယ် “ ဟု ဒဂုံမြို့ သစ် မှ အိမ်ခြံမြေ အကျိုးဆောင် ဦးဝင်းထွန်းကပြောသည်။
မဟာ သင်္ကြန်ကာလအပြီး ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံသူမျာအတွက် ပြန်လည် အရောင်းအဝယ်ဖြစ်ပေါ်လာခြင်းဖြစ်ကာ အချို့မှာ ငွေကို ထုတ်ပြီး အရင်းအနှီးပြုလုပ်လာသူများပြားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဌ ဦးသန်းဦးကပြောသည်။
လက်ရှိတွင် ဘဏ်အများစုမှ အိမ်ရာချေးငွေ များနှင့်ပက်သတ်ပြီး ဝန်ဆောင်မှုပေးလာခြင်းကြောင့်လည်း အမှန်တကယ် ဝယ်ယူနေထိုင်သူများမှ
ဘဏ်ချေးငွေများရယူကာ ကန်ထရိုက်တိုက်ခန်းများကို လိုက်လံဝယ်ယူမှုများ
လည်းရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကဆိုသည်။
ပြည်တွင်းမှစီးပွားရေး အချို့  လုပ်ငန်းများမှာ ငွေပြန်လည်ပြီး လည်ပတ်လာခြင်း၊ ဘဏ်တိုးနှုန်းများကို လျှော့ချလိုက်ခြင်းတို့ ကြောင့်လည်း ရင်းနှိးမြှပ်နှံသူ
တစ်ချို့ က အိမ်ခြံမြေဘက်သို့  ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။
လက်ရှိဈေးကွက်အတွင် သိန်းထောင်ကျော်တန်လုံးချင်းအိမ်ရာများနှင့်
ကန်ထရိုက်တိုက်ခန်း အများစုမှာ အဓိက ပြန်လည်အရောင်းအဝယ်ဖြစ်
ပေါ်နေခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များကဆိုသည်။
'' ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ စစ်တမ်းများအရ သင်္ကြန်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ဝဘ်ဆိုက် ကနေ တဆင့် ၁၅ ရာခိုင်နှုန်း ကျော် အရောင်းရောအငှါးပါ ပိုမိုဖြစ်လာပါတယ် '' ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့ပါသည် ။
'' ယခုမေလအတွင်းမှာ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူးကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး အတွင်းမှာလည်း တိုက်ခန်း ၊ ကွန်ဒို ၊ မြေကွက် စုစုပေါင်းတန်ဖိုး ကျပ်ငွေ (၂၂.၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့်အတွက်လည်း အိမ်ခြံမြေဈေးကွက် အနေအထား ပိုမိုကောင်းမွန်လာတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ် ၊ ယခုအချိန်မှာ ဘဏ်တွေကလည်း အိမ်ခြံမြေနဲ့ ပက်သက်ပြီး အိမ်ရာချေးငွေများ ထုတ်ချေးပေးနေတာဖြစ်တဲ့အတွက် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ရှားလာပါတယ် ၊ ယခု (၂၀၁၈) ခုနှစ်အတွင်းမှာလည်း ကွန်ဒိုဥပဒေကို ထဲထဲဝင်ဝင် ကျင့်သုံးလာနိုင်ပြီဆိုရင်လည်း ပိုမိုအရောင်းသွက်လာနိုင်စရာအကြောင်းရှိပါတယ် '' ဟု ဦးနေမင်းသူ မှ ဖြည့်စွက် ပြောကြားခဲ့ပါသည် ။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com