အစိုးရအိမ်ရာများပြန်လည်အဆင့်မြင့်တင်ခြင်းလုပ်ငန်းများလုပ်ဆောင်ရာတွင် အိမ်ရာတစ်ခုချင်းအလိုက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှသိရသည်။
မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် အဆင့်မြင့် အိမ်ရာများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းမျာတွင် မူလနေထိုင်သူများကိုပထမအဆင့်နေထိုင်ခွင့်များရရှိရန်ဆောင်ရွက်မှုများပြုလုပ်ပေးလျက်ရသည်။ ကျန်ရှိသည့်အခန်းများကို ဆောက်လုပ်သည့်ကုမ္ပဏီနှင့်အချိုးကျပြန်လည်ယူပြီး ပွင့်လင်းမြင်သာသောတင်ဒါစနစ်ဖြင့်ပြန်လည်ရောင်းချမှုများပြုလုပ်ခြင်းဖြစ်သည်။
နောက်ပိုင်းဆောက်လုပ်အကောင်ထည်ဖော်မည့်အိမိရာများကိုလည်း စတင်ဆောက်လုပ်မည့်စီမံကိန်းများကိုမူလနေထိုင်သူများနှင့်အခန်းပေးဝေမှု ရွေ့ပြောင်းစရိတ်နှင့်ဆောက်လုပ်မည့်ပုံစံများညှိနှိုင်းဆွေးနွေးပြီးတဆင့်ချင်း
ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် လမ်းသစ်အိမ်ယာတည်ဆောက်ရေးအတွက် တင်ဒါခေါ်
ယူရွေးချယ်ပြီးဖြစ်သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com