(မေလ ၁၁ ၊ ၁၂ ၊ ၁၃) တပ်မတော်ခန်းမ
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးဖွင့်ပွဲအခမ်းအနားကို၂ဝ၁၈ခုနှစ် ၊ မေလ(၁၁) ရက်နေ့ ၊နံနက် (၉) နာရီအချိန်တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲတွင်
(1) iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ
(2) Official Banking Partner အဖြစ် ပါဝင်ပြသသည့် KBZ Bank ၏ Procurement Director ဦးဌေးအောင်ကျော်
(3) Official Banking Partner အဖြစ် ပါဝင်ပြသသည့် AYA Bank ၏ Retail Banking Department ၏ Director ဖြစ်သူဦးသူရမောင်
(4) Main Sponsor အဖြစ် ပါဝင်ပြသပါသောYOMA Strategic Holding Ltd ၏ Associate Sales Director ဦးလင်းထွန်းကို
(5) Main Sponsor အဖြစ် ပါဝင်ပြသပါသောGolden City မှ Sales Director ဦးကျော်စည်သူ
(6) မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်
တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။အစီအစဉ်အရYOMA Strategic Holding Ltd ၏ Associate Sales Director ဦးလင်းထွန်းကို နှင့် Golden City မှ Sales Director ဦးကျော်စည်သူတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
“မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးကို ၂ဝ၁၅ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီးယခုဆိုလျှင် အဌမအကြိမ်မြောက် ကျင်းပနိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်းလစဉ် ဝင်ငွေရှိသူတိုင်းအတွက် မိမိနှင့် ကိုက်ညီတဲ့ အိမ်လေးတစ်လုံးအမြန်ဆုံးပိုင်ဆိုင်နိုင်ဖို့ အမြဲမပြတ် ကြိုးစားပေးနေပါတယ်။ ယခုအရောင်းပြပွဲတွင် တန်ဖိုးနည်းအိမ်ရာမှ နိုင်ငံတကာအဆင့်မီကွန်ဒိုတွေအထိအမျိုးအစားစုံလင်စွာလေ့လာဝယ်ယူနိုင်ရန် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော် မှ ပြသရောင်းချပေးနေပါတယ်။ အိမ်ရာချေးငွေအတွက် KBZ Bank ၊ AYA Bank နဲ့ YOMA Bank တို့မှ Official Banking Partner အဖြစ် ပါဝင်ကူညီပေးထားပါတယ်။” ဟု iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
ဖွင့်ပွဲတက်ရောက်ကြသောဧည့်သည်တော်များအတွက် 32” TV တစ်လုံးနှင့် Samsung Tablet တစ်လုံးကံစမ်းမဲဖောက်ပေးခဲ့သည်။
Official Banking Partner အဖြစ် KBZ Bank ၊ AYA Bank နှင့် YOMA Bank တို့မှပါဝင်ပြသပါသည်။
Main Sponsor အဖြစ် Star City နှင့် Golden City
Diamond Sponsor အဖြစ် Riverfront Garden ၊Kanbae Tower ၊ MKT Construction ၊Naing Group Capital Co.,Ltd၊ The Leaf Residence နှင့် AMPS Construction
Gold Sponsor အဖြစ် Nation Light Construction ၊Pinlon Village Residences ၊ SMT Construction ၊ShwePaingHtike Construction ၊iGREEN Development and Engineering Group နှင့်Sanchaung Garden Residence တိုမှအဓိကပါဝင်ပြသပြီးအခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသမည်ဖြစ်သည်။ ပွဲကျင်းပမည့်ရက်များတွင်နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိမည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာဝယ်ယူနိုင်မည် ဖြစ်သည်။
ပြပွဲအတွင်းကျပ်သိန်း (၂ဝဝ) ကျော် မှ စသောတိုက်ခန်းများ၊ ကျပ်သိန်း (၅ဝဝ) ကျော် မှ ကျပ်သိန်း (၅ဝဝဝ)ကျော်အထိကွန်ဒိုပေါင်းများစွာကို (၁) နှစ် မှ (၂၅) နှစ် အထိအရစ်ကျစနစ်များ၊ အထူးလျှော့ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ တိုက်ခန်းနှင့် ကွန်ဒိုအခန်းပေါင်း (၅ဝဝဝ) ခန့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။
အသေးစိတ်သိရှိလိုပါကwww.imyanmarhouse.com/expoတွင် ကြည့်ရှုနိုင်သည်။
ပြပွဲသုံးရက်အတွင်းအသိပညာရှင် အတတ်ပညာရှင်များဖြစ်သောဦးဝင်းဇော် (ဥက္ကဌ - CHD Bank) ၊ ဦးသန်းဦး (ဒုတိယဥက္ကဌ (၁) - မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း) ၊ ဒေါ်မို့မို့အောင် (အထွေထွေအတွင်းရေးမှူးချုပ် - မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း) ၊ ဦးမြင့်စိန် (တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) - မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း) ၊ ဦးဝင်းနိုင် (ဒုတိယညွှန်ကြားရေးမှူး - မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) ၊ ဦးကျော်စည်သူ (Sales Director - Golden City) ၊ ဦးပီတာ (အတိုင်ပင်ခံ / စီးပွားရေးအကြံပေး - အောင်သမာဓိအကျိုးဆောင် နှင့် ဆောက်လုပ်ရေးကုမ္ပဏီ) ၊ ဦးမျိုးမြင့် (Managing Director - M.K.T Construction) ၊ ဦးကိုကိုထွေး (ဥက္ကဌ - တော်ဝင်မိသားစုကုမ္ပဏီ) ၊ ဦးစိုင်းခွန်နောင် (ဒုတိယဥက္ကဌ (၁) - မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း) ၊ ဦးမြတ်သူဝင်း (ဥက္ကဌ - ရွှေမင်းသားဖောင်ဒေးရှင်း) ၊ ဦးလင်းသိုက်ညွန့် (CEO - Myanmar’s Land Institute) ၊ ဦးသက်နိုင်ဦး (Maverick Management Co.,Ltd) နှင့် လွှတ်တော်ရှေ့နေမောင်ကောင်းဖေတို့မှ အိမ်ခြံမြေ နှင့်ပတ်သက်၍ အသိပညာဗဟုသုတများကိုဆွေးနွေးဟောပြောပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး (အဌမအကြိမ်မြောက်)
ကျင်းပမည့်ရက် - (၁၁) ရက် မှ (၁၃) ရက် ၊ မေလ ၊ ၂ဝ၁၈ခုနှစ်(သောကြာ၊ စနေ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် - နံနက် (၉)နာရီ မှ ညနေ(၅)နာရီအထိ
ကျင်းပမည့်နေရာ - (တပ်မတော်ခန်းမ) ၊ ဦးဝိစာရလမ်း ၊ ရန်ကုန်မြို့။
မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)