စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြေလွတ်မြေရိုင်းနှင့် လုပ်ငန်းမလုပ်၍ ပြန်လည်သိမ်းယူ ထားသည့် မြေဧက သိန်းချီရှိနေ၍ လာရောက်ရင်းနှီးမြှုပ်နှံရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ဖိတ်ခေါ်သည်။
ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် မေလ ၁၁ ရက်၌ ပြုလုပ် သည့် CEO Conference တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးအခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။
‘‘လယ်မဲ့ယာမဲ့များအတွက် မြေလွတ်မြေရိုင်းများကိုလည်း လယ်ယာမြေဖော်ထုတ်ပြီးတော့ ဝေငှပေးခဲ့ပါတယ်။ တချို့သော အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ မြေနေရာမြောက်မြားစွာ ကို လက်ဦးရယူထားပေမယ့် လက်တွေ့မှာ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မှုမရှိ ခြင်းကြောင့် ပြန်လည်သိမ်းယူ ထားသည်မှာ မြေဧက သိန်းချီရှိ နေပါတယ်’’ဟု ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကျောက်စိမ်း၊ ပယင်း၊ ဒုတ္တာ၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ ကျောက်မီးသွေးနှင့် ရေနံစ သည့် သဘာဝတွင်းထွက်သယံဇာတများ ပိုင်ဆိုင်ထားကြောင်း၊ ထိုကဏ္ဍများတွင်လည်း နိုင်ငံတကာနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်သည်ဟု ၀န်ကြီးချုပ်က ပြောသည်။ သို့သော် တိုင်းဒေသကြီးအ တွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သည့် ကုမ္ပဏီများလာရောက်မည် ဆိုပါက တရားဝင်ရွှေနှင့် အခြား သတ္တုတူးဖော်မှုများပပျောက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု များလည်း လျှော့ချနိုင်မည် ဖြစ် ကြောင်း ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းသည် အလား အလာကောင်းများရှိသော်လည်း တိုင်းအတွင်းရှိ ပြည်သူလူထုသည်ပင်ပန်းကြီးစွာအသက်မွေးဝမ်း ကျောင်းပြုနေရပြီး အစိုးရ၏ လုပ် ဆောင်ချက် နှေးကွေးနေဆဲဖြစ်ကြောင်း ၎င်းက ၀န်ခံသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအ တွင်း အဓိကဖွံ့ဖြိုးတိုးတက်လို သည့် ကဏ္ဍကြီး သုံးခုသည် လယ်ယာစိုက်ပျိုးးရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ၊ခရီးသွားလုပ်ငန်းကဏ္ဍတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး သည် လူဦးရေ ၅၃ သိန်းကျော် (တစ်နည်းအားဖြင့် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၁၀ဒသမ၃ ရာခိုင်နှုန်းကျော်)ရှိသည်။ မြန်မာ နိုင်ငံအထက်ပိုင်း၏ စပါးကျီအ ဖြစ် သတ်မှတ်ခံရပြီး ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုးသည်။ စစ်ကိုင်းတိုင်းသည် တိုင်းနှင့် ပြည်နယ်များအနက် ဒုတိယဧရိယာအကျယ်ဆုံး တိုင်းဒေသကြီးဖြစ်သည်။
Credit: 7Daydaily