ပြည်နယ်အစိုးရအဖွဲ့အ စီအစဉ်ဖြင့် ဆောက်လုပ်ရာတွင် ဘတ်ဂျက် အခက်အခဲရှိသော ကြောင့် တစ်နှစ်ကျော်ရပ်ဆိုင်း ထားသည့် မြောက်ဦးလေဆိပ်ကို ပြန်လည်ဆောက်လုပ်ရန် တင်ဒါ ခေါ်ယူနေကြောင်း ရခိုင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦး ကျော်အေးသိန်းက ပြောသည်။
မြောက်ဦးလေဆိပ်ကိုယခင် အစိုးရလက်ထက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် စတင် တည်ဆောက်ခဲ့ပြီး ဘတ်ဂျက်လုံ လောက်မှုမရှိသဖြင့် ၂၀၁၆ နှစ် ကုန်ပိုင်း၌လေဆိပ်တည်ဆောက် ရေးစီမံကိန်း ရပ်ဆိုင်းခဲ့သည်။
‘‘လေဆိပ် ရပ်လိုက်တာ မဟုတ်ပါဘူး။ ပြန်လုပ်မှာပါ။ ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာ နကနေ တင်ဒါခေါ်ဖို့အတွက်စီ စဉ်နေပါတယ်။ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုခေါ်ပြီးလုပ်ဖို့ စီစဉ်နေပါ တယ်’’ ဟု ဦးကျော်အေးသိန်းက ပြောသည်။
မြောက်ဦး လေဆိပ်တည် ဆောက်ရန် ကျပ် ၂၅ ဘီလီယံ ကျော်ကုန်ကျမည်ဖြစ်ပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့က တစ်နှစ် လျှင် ကျပ်နှစ်ဘီလီယံခန့်စီအသုံး ပြုကာ တည်ဆောက်ခဲ့သည်။ သို့ သော်နောက်ပိုင်းတွင် ဘတ်ဂျက် လုံလောက်မှုမရှိသဖြင့် ရပ်ဆိုင်း ခဲ့သည်။
ယင်းလေဆိပ်ကို ပြည်နယ် အစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် တည် ဆောက်မည်ဆိုပါက ဘဏ္ဍာနှစ် တစ်ခုလျှင် နှစ်ဘီလီယံသာအသုံး ပြုတည်ဆောက်နိုင်မည်ဖြစ်သ ဖြင့် လေဆိပ်ကို ၁၃ နှစ်ခန့်အချိန်ယူ တည်ဆောက်ရမည်ဖြစ် ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
လက်ရှိတွင် လေဆိပ်၌ခြံ စည်းရိုးကာရံခြင်း၊ မြေညှိခြင်း လုပ်ငန်းများသာ ပြီးစီးသေး ကြောင်း မြောက်ဦးမြို့နယ်ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောသည်။
မြောက်ဦးမြို့သည် ရှေးဟောင်း မင်းနေပြည်တော်တစ်ခုဖြစ်ပြီး ခရီးသွားများ စိတ်ဝင်စားမှုရှိသည့် ဒေသဖြစ်သဖြင့် လေဆိပ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကဆိုသည်။
‘‘ဒီလေဆိပ်ကို ဖြစ်စေချင် တယ်။ ပြည်သူတွေကလည်း တောင်းဆိုနေကြတယ်’’ ဟု ဦး ထွန်းသာစိန်က ပြောသည်။
ယင်းလေဆိပ်ကို ပြည် ထောင်စုဘဏ္ဍာငွေခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက်သင့်ကြောင်း ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်း အဆိုတစ်ရပ်ကို ရခိုင်ပြည်နယ်လွှတ်တော်က အ တည်ပြုထားသည်။
မြောက်ဦး လေဆိပ်ကို မြောက်ဦးမြို့၏ အရှေ့ဘက် ၄ ဒသမ ၅ မိုင်ခန့်အကွာနန်းကျား ကျေးရွာအနီး တည်ဆောက်နေခြင်းဖြစ်သည်။
Credit: 7Daydaily