ချင်းပြည်နယ်ရှိ အ ဆောက်အအုံ ၇၂ လုံးကိုအပြီး သတ်ဆောက်လုပ်ရန် ကုမ္ပဏီ များအနေဖြင့် လေးရက်အတွင်း တင်ဒါ တင်သွင်းရမည်ဖြစ် ကြောင်း ချင်းပြည်နယ်လမ်းဦးစီး ဌာနက အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ သည်။
အဆိုပါတင်ဒါကို မေလ ၁၀ ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ စတင်ခေါ်ယူပြီး တင်ဒါလျှောက် လွှာများကို မေလ ၁၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်ကာ လေး ရက်အကြာမေလ ၁၇ ရက်၌ နောက်ဆုံးပြန်လည်တင်သွင်းရ မည်ဟု အဆိုပါဌာနညွှန်ကြားရေး မှူးရုံးက ထုတ်ပြန်ထားသည်။
အဆိုပါအဆောက်အအုံ များကို ၂၀၁၈ ဧပြီမှ စက်တင်ဘာ (ခြောက်လဘတ်ဂျက်)ငွေလုံးငွေ ရင်းခွင့်ပြုရန်ပုံငွေဖြင့် ချင်းပြည် နယ်အတွင်းတည်ဆောက်မည် ဖြစ်သည်။ အဆိုပါအဆောက်အ အုံများကို ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနတို့က ဆောက်လုပ် ရေးဝန်ကြီးဌာနအဆောက်အအုံ ဦးစီးဌာနကို အပ်နှံသောဆောင်ရွက်ဆဲ အဆောက်အအုံဖြစ် ကြောင်း ထုတ်ပြန်ကြေညာထား သည်။
‘‘ဒီအဆောက်အအုံတွေက ပြည်ထောင်စုအဆင့်က၀န်ကြီး ဌာနချင်းချိတ်ဆက်ဆောင်ရွက် တဲ့ အဆောက်အအုံတွေပါ။ ပြည် နယ်အစိုးရက ကြည့်ရှုစစ်ဆေးရ တာပဲရှိတယ်’’ ဟု ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ပြောသည်။
အဆိုပါအဆောက်အအုံ ၇၂ လုံးသည် ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အဆောက်အအုံ ၅၁ ခု၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ကုသရေးဦးစီးဌာန တွင် ငါးခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ၁၆ ခုပါဝင်သည်။
အစိုးရ၏တင်ဒါခေါ်ယူခြင်း စည်းကမ်းများတွင် ကျပ် ၁၀သန်း မှ ကျပ်သန်း ၁၀၀ အထိ လုပ်ငန်း များအတွက် တင်ဒါဖွင့်လှစ်ရက် ထက် ရက်သတ္တနှစ်ပတ်ကြိုတင် ၍ သိသာထင်ရှားစွာကြေညာရ မည်ဖြစ်သည်။ ကျပ်သန်း ၁၀၀ အထက်တင်ဒါကို သတ်မှတ်ရက် ထက် တစ်လကြိုတင်ကြေညာရ မည်ဖြစ်သည်။
‘‘ဒီအဆောက်အအုံတွေနဲ့ မနီးစပ်တဲ့သူတွေဆို ဘယ်လိုလုပ် ပြီး ဒီအချိန်အတွင်းသွားကြည့်နိုင် မှာလဲ။ နောက်ပြီး ဒီအချိန်နဲ့ကုန် ကျစရိတ်တွေ ဘယ်လိုခန့်မှန်း တွက်ချက်ကြမလဲ’’ ဟု ဆောက် လုပ်ရေးအင်ဂျင်နီယာဦးပြည့်စုံ က ပြောသည်။
Credit: 7Daydaily