အစိုးရ၏ လက်ကျန် ၃ နှစ်အတွင်း အခြေခံ အဆောက်အအုံ ကဏ္ဍကို ဦးစားပေး လုပ်မည်ဟုဆို

အစိုးရ၏ လက်ကျန် ၃ နှစ်အတွင်း အခြေခံ အဆောက်အအုံ ကဏ္ဍကို ဦးစားပေး လုပ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
10 May 2018 1:29 pm တွင် တင်ခဲ့သည်
4879 ကြိမ် ကြည့်ရှု့ပြီး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ကျန်ရှိနေသောသက်တမ်း ၃ နှစ်တာကာလအတွင်း နိုင်ငံတဝှမ်း၌ အခြေခံ အဆောက် အအုံ ကဏ္ဍ အပိုင်းကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

ရန်ကုန်မြို့ Novotel Hotel ဟိုတယ်၌ မေလ ၉ ရက်နေ့က ပြုလုပ်သော Yangon Investment Forum 2018 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။

ဦးကျော်ဝင်း က “ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ ကျန်ရှိနေတဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်တဲ့ အခြေခံ အဆောက် အအုံအပိုင်းကို ကျနော်တို့ တစိုက်မတ်မတ် ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံ အဆောက်အအုံပိုင်းတွင် မြန်မာနိုင်ငံအတွက် မဖြစ်မနေ လိုအပ်သောစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ကိစ္စရပ်များ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍ အတွက်လမ်း၊ တံတားကိစ္စရပ်များကို ဆောင်ရွက်မည့် ဦးစားပေး ကဏ္ဍများထဲ၌ ထည့်သွင်း ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်ထောင်စု ဝန်ကြီးက “အချို့သော Project (စီမံကိန်း) များဟာ ၂ နှစ်၊ ၃ နှစ်တိုင်သည်အထိ မပြီးနိုင်သည့် ပရောဂျက်များ ရှိသော်လည်းပဲ နောက်အစိုးရ သက်တမ်းမှာ ဆက်လက်ပြီးတော့ ပြီးစီးအောင် ကျနော်တို့ အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ခန့်မှန်းလူဦးရေ ၆ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး ၆၄ ရာခိုင်နှုန်းမှာ လုပ်သား အင်အားစုများ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ အတွက် လုံလောက်သော လုပ်သားအင်အား ရှိကြောင်း ဦးကျော်ဝင်းက ဆိုသည်။

အဆိုပါ Yangon Investment Forum 2018 အခမ်းအနား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး ပထမအကြိမ် ကျင်းပခြင်း ဖြစ်ကာ ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်ပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပြီး အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေး၊ လျှပ်စစ်အစရှိသည့် ကဏ္ဍရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွေးနွေးကြသည်။

CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး က “ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်မြို့ စီးပွားရေးဇုန် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ် နှံဖို့ စိတ်ဝင်စား ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း စိတ်ဝင်စားပါတယ်။ အဓိကတော့ တရုတ်နဲ့ အိန္ဒိယ လုပ်ငန်းရှင်တွေ များပါတယ်။ ဒီနေ့မှာ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ကျော်လောက် လာတယ်။ အခြေခံ အဆောက် အအုံလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့သူတွေလည်း ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမှုများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ် ဝင်ရောက်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက သုံးပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၁၉၈၈-၁၉၈၉ ခုနှစ် ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၄၅ ခုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၂၇၅ ဒသမ ၈၄၃ ရှိထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၈၅ ခုမှ ကျပ်သန်းပေါင်း ၆၉၉၀၃၁၃ ဒသမ ၉၅၃ အထိရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (YRIC) စာရင်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် စက်မှုဇုန်ပေါင်း ၃၀ ခုရှိပြီးတနိုင်ငံလုံးမှ စက်မှုဇုန်အားလုံး၏ ၃၁ ရာခိုင်နှုန်းမှာ ရန်ကုန်အတွင်းရှိကြောင်း သိရသည်။

လက်ရှိရန်ကုန်မြို့တွင် မြေဧက ၃ သောင်း ကျယ်ဝန်းသော ခေတ်မီမြို့ပြနှင့် ကိုက်ညီသည့် စီးပွားရေးဇုန် ပါဝင်သည့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ထောက်ပံ့ ပို့ဆောင်ရေးဇုန်၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဆိပ်ခံတံတားနှင့် သီလဝါအထူး စီးပွားရေးဇုန် စသည့် စီမံကိန်ကြီးများကို တိုင်းအစိုးရအဖွဲ့မှ ဖော်ဆောင်ပေးလျက်ရှိသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service