KBZ Bank ၊ AYA Bank နှင့် YOMA Bank တို့ပါဝင်ပြသ၍ အိမ်ရာချေးငွေတထိုင်တည်း လျှောက်ထားနိုင်သည့် iMyanmarHouse.com မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး

KBZ Bank ၊ AYA Bank နှင့် YOMA Bank တို့ပါဝင်ပြသ၍ အိမ်ရာချေးငွေတထိုင်တည်း လျှောက်ထားနိုင်သည့် iMyanmarHouse.com မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
9 May 2018 5:29 pm တွင် တင်ခဲ့သည်
6543 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ လာမည့် ၂ဝ၁၈ ခုနှစ် ၊ မေလ ၁၁ ၊ ၁၂ ၊ ၁၃ ရက် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ) များတွင် “ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ” ကို ဦးဝိစာရလမ်းရှိ ၊ တပ်မတော်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။

“ ယခုပွဲဟာဆိုရင် iMyanmarHouse.com အနေနဲ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အဌမအကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ဖြစ်ပါတယ်။ iMyanmarHouse.com ဟာ ယခုလို မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ရန်ကုန်မြို့အပြင် မန္တလေး ၊ တောင်ကြီး ၊ စစ်တွေ ၊ ပုသိမ် မြို့တွေနဲ့ စင်္ကာပူနိုင်ငံမှာပါ ကျင်းပပြုလုပ်ပေးနေပါတယ်။ ပြပွဲ (၃) ရက်အတွင်း ရောင်းချမဲ့ ကုမ္ပဏီ ( ၅၀ ) ကျော် ရှိပြီး အထူးသက်သာတဲ့ နှုန်းထားတွေ ၊ အများဝယ်ယူနိုင်မဲ့ အရစ်ကျ စနစ်တွေနဲ့ ထည့်သွင်းရောင်းချရန် စီစဉ်ထားပါတယ်။ မိမိရရှိနေတဲ့ မိသားစုဝင်ငွေနဲ့ ဘယ်လောက်တန်အိမ်ကို ပိုင်ဆိုင်နိုင်ပြီလဲဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ဘဏ်ပေါင်းများစွာနဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ် ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

Main Sponsor အဖြစ် Star City နှင့် Golden City တို့မှ အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ( ၅၀ ) ကျော် မှ ပါဝင်ပြသမည်ဖြစ်သည်။ KBZ Bank ၊ AYA Bank နှင့် YOMA Bank တို့မှ Official Banking Partner များအဖြစ် ပါဝင်ပြသမည်ဖြစ်ပြီး အိမ်ရာချေးငွေများကို ပြပွဲအတွင်း တထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားရှိမည်ဖြစ်သည်။ ပွဲကျင်းပမည့်ရက်များတွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာဝယ်ယူနိုင်မည် ဖြစ်သည်။

ပြပွဲအတွင်း ကျပ်သိန်း (၂၀၀) ကျော်မှ စသော တိုက်ခန်းများ ၊ ကျပ်သိန်း (၅၀၀) ကျော်မှ ကျပ်သိန်း ( ၅၀၀၀ ) တန်ဖိုးရှိ ကွန်ဒိုပေါင်းများစွာကို (၁) နှစ် မှ (၂၅) နှစ်အထိ အရစ်ကျစနစ်များ ၊ အထူးလျော့ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တိုက်ခန်းနှင့် ကွန်ဒို အခန်းပေါင်း (၅၀၀၀) ကျော်ကို မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အသေးစိတ်သိရှိလိုပါက www.imyanmarhouse.com/expo တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စီးပွားရေးနှင့် အိမ်ခြံမြေ အကြောင်းအရာများကို အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော

*CHD Bank မှ ဥက္ကဋ္ဌဦးဝင်းဇော်၊
*တော်ဝင်မိသားစုကုမ္ပဏီ ၏ ဥက္ကဌ ဦးကိုကိုထွေး ၊
*မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ဒုတိယ ဥက္ကဋ္ဌ(၁) ဦးသန်းဦး၊
*မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူးချူပ် ဒေါ်မို့ မို့ အောင်၊
*အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူးချူပ်(၂) ဦးမြင့်စိန် ၊
*မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင် ၊
*Golden City ၏ Sales Director ဦးကျော်စည်သူ၊
*အောင်သမာဓိအကျိုးဆောင်၏ အတိုင်ပင်ခံ/စီးပွားရေးအကြံပေး ဦးပီတာ၊
*MKT Construction ၏ Managing Director ဦးမျိုးမြင့်၊
*မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ ဖြိုးတိုးတက်ရေးအသင်း၏ ဒုဥက္ကဋ္ဌ (၁) ဦးစိုင်းခွန်နောင်၊
*ရွှေမင်းသားဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ ဦးမြတ်သူဝင်း၊
*Myanmar Land Institute ၏ CEO ဦးလင်းသိုက်ညွှန့် ၊
*Maverick Real Estate ၏ CEO ဦးသက်နိုင်ဦး၊
*လွှတ်တော်ရှေ့ နေ မောင်ကောင်းဖေတို့မှ
(၃) ရက်တိုင်တိုင် ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်သည်။

ပွဲတက်ရောက်ကြမည့် ဧည့်သည်တော်များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းများ ၊ Tablet များ ၊ TV များနှင့် အခြားကျပ်ငွေ သိန်း (၅၀) တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများအား ကံစမ်းမဲ ဖောက်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး (အဌမအကြိမ်)
ကျင်းပမည့်ရက် - မေလ ၁၁ ၊ ၁၂ ၊ ၁၃ ၂၀၁၈ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် - မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ
ကျင်းပမည့်နေရာ - တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ရန်ကုန်။

မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09-252605671~5 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

www.imyanmarhouse.com/expo တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။
iMyanmarHouse.com အဖွဲ့ သူ အဖွဲ့သားများ

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
KBZ Bank ၊ AYA Bank နှင့် YOMA Bank တို့ပါဝင်ပြသ၍ အိမ်ရာချေးငွေတထိုင်တည်း လျှောက်ထားနိုင်သည့် iMyanmarHouse.com မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service