ဆောက်လုပ်ခွင့်ပါမစ်များ ကြန့်ကြာမှုကို ပြုပြင်ပြောင်းလဲရန် YCDC နှင့် IFC ပူးပေါင်းဆောင်ရွက်မည်

ဆောက်လုပ်ခွင့်ပါမစ်များ ကြန့်ကြာမှုကို ပြုပြင်ပြောင်းလဲရန် YCDC နှင့် IFC ပူးပေါင်းဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
9 May 2018 12:43 pm တွင် တင်ခဲ့သည်
3956 ကြိမ် ကြည့်ရှု့ပြီး
အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်စနစ်တွင် ကြန့်ကြာနေမှုကို ပြုပြင်ပြောင်းလဲ ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လက်တွဲ ဆောင်ရွက်မည်ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေး ရှင်း (IFC) က သတင်းထုတ်ပြန် သည်။

စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုအဆင်ပြေ စေရန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု IFC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘မြန်ဆန်ထိရောက် ပွင့်လင်း မြင်သာပြီး လက်ခံနိုင်စွမ်းရှိတဲ့ ပါမစ်တစ်ခုက ရေရှည်မှာ ကောင်းမွန်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဆောက်လုပ်ရေးကဏ္ဍကို ဖြစ်စေ ပါတယ်’’ဟု IFC မြန်မာနိုင်ငံဆိုင် ရာ မန်နေဂျာ မစ္စတာဗစ်ခရမ်ကူး မာက ပြောသည်။

အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကမ္ဘာအနှံ့ အတွေ့အကြုံရှိနေခြင်း ကြောင့် IFC က အကောင်းဆုံး ကူညီပေးနိုင်မည်ဖြစ်ပြီး ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များက မြန်မာနိုင်ငံ၏ စီမံခန့်ခွဲမှု စွမ်းရည် ကို မြင့်တက်စေပြီး အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲများလည်း လျော့နည်းလာမည်ဟု ပြောသည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖြစ်စေသည့်အပြင် စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံး (Doing Business) စာရင်း
တွင် အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ်ရရှိရန် လုပ်ဆောင် ခြင်းနှင့်ပတ်သက်၍လည်း အဆင့်တိုးတက်လာရန် မျှော်မှန်းထားသည်ဟု မစ္စတာဗစ်ခရမ်ကူးမာက ပြောသည်။

Doing Business 2018 အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆောက်အအုံပါမစ်ရရှိ မှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် အဆင့် (၇၀)၌ ရှိနေသည်ဟု ဖော် ပြထားသည်။

‘‘ဆောက်လုပ်သူတွေနဲ့ ရင်း နှီးမြှုပ်နှံသူတွေကိုလည်း စီမံကိန်း တွေကို ထိရောက်မြန်ဆန်မှုရှိ အောင် စီမံဆောင်ရွက်ရာမှာ အ ထောက်အကူဖြစ်စေပါတယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ ကြုံတွေ့နေရသည့် အ ခက်အခဲများကို အစိုးရက ဖြေရှင်း ပေးရန် အချက်ခြောက်ချက်တင် ပြရာတွင်လည်း တည်ဆောက် ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ် ပေးမည့်ကာလ သတ်မှတ်ကြေ ညာပေးရန် အချက်ပါဝင်သည်။ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြု မိန့် (ဆောက်လုပ်ရေးပါမစ်)များ အချိန်ကြန့်ကြာမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်နေသည်။

ကမ္ဘာ့ဘဏ်၏ လေ့လာ ချက်များအရ မြန်မာနိုင်ငံ လုပ်သားအင်အားစု ၅ ရာခိုင်နှုန်းက ဆောက်လုပ်ရေးကဏ္ဍတွင် ပါဝင်နေသည်။ အလုပ်သမားဦးရေ တစ်သန်းခန့်ရှိသည့် ဆောက်လုပ် ရေး လုပ်ငန်းကဏ္ဍသည် အခြား သော အလုပ်အကိုင်ကဏ္ဍများနှင့် နှိုင်းယှဉ်ပါက အလုပ်သမားတစ်ဦး၏ ဝင်ငွေမြင့်မားသည်။

ဆောက်လုပ်ရေးကဏ္ဍက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်သည့်အပြင် ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများ နှင့် အခြားသော လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ပေးသည်ဟု IFC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service