ရန်ကုန်မြို့တွင်း တည်ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံများနှင့် ပတ်သက်၍ ရှစ်ထပ်ခွဲနှင့် ၁၃ထပ်ကို အထပ်မြင့်အဆောက်အဦစိစစ်ရေးဌာနမှခွင့်ပြုပေးလျက်ရှိပြီး ၁၃ထပ်နှင့် အထက်ဖြစ်ပါက အထပ်မြင့် အဆောက်အအုံဆိုင်ရာ စစ်ဆေးရေးနှင့် စီမံကိန်း ကြီးကြပ်စစ်ဆေးရေးအဖွဲ့(CQHP)မှ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းရှိအထပ်မြင့် အဆောက်အအုံများတည်ဆောက်ခွင့်ပြုရာတွင် Pile Foundation ဖြင့်သာ တည်ဆောက်ခွင့်ပြုထားသောကြောင့် ငလျင်ဒဏ်စိုးရိမ်ဖွယ်မရှိကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အထပ်မြင့် အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် လပိုင်းက ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့သည့်အတွက် အထပ်မြင့်မှာ နေသူများ စိုးရိမ်ကြောင့်ကြနေကြရသည်။အထပ်မြင့် ဆောက်သည့်အခါတွင် Pile Foundation နှင့်
ဆောက်သည့်အတွက် စိုးရိမ်စရာမရှိပါ။ဒီဇိုင်းထုတ်ကတည်းက E-test နှင့် တွက် သည်။ရိုးရိုးFoundation နှင့် ပေးထားခြင်းမရှိကြောင်း Pile Test များလုပ်ရသည်။
ထိုအဖြေများအားလုံးရပြီး Pile စမ်းသည့် ကုမ္ပဏီ၏သက်ဆိုင်ရာ အဆင့်ဆင့် ထောက်ခံချက်များ ရမှ သာ အသေးစိတ် စိစစ်ပြီး ခွင့်ပြုပေးထားခြင်းကြောင့် ငလျင်ဒဏ်၊လေဒဏ်၊မိုးဒဏ်ပါ ခံနိုင်ရည်ရှိကြောင်း သိရသည်။
အထပ်မြင့်အဆောက်အအုံများ ခိုင်ခံ့မှု နှင့်ပတ်သက်၍ အထပ်မြင့်အဆောက်အအုံဆိုင်ရာစစ်ဆေးရေးနှင့် စီမံကိန်း ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှာ ၂ဝ၁၂ခုနှစ်မှသာ ပေါ်ပေါက်ခဲ့ခြင်းကြောင့်ရှေ့ပိုင်းကာလများတွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံများမှာ ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိထည့်သွင်းတွက်ချက်ထားခြင်း ရှိ မရှိမသိနိုင်ကြောင်း သိရသည်။
Credit :Myawaddy