မဟာအောင်မြေမြို့ နယ်သန်လျက်မှော်အနောက်ရှိ သားသတ်ရုံဟောင်း မြေနေရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက် မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် ပြီး နောက်ပိုင်း အဲသည်ဝန်းကျင်က ရပ်ကွက်မြေတွေ ဈေးထိုးတက်
လာတယ်လို့ နယ်ခံအကျိုးဆောင် အချို့ကဆိုပါတယ်။
“ သတင်းတွေကတော့ အမျိုးမျိုးထွက်နေတာရှိတယ်၊ ကားဝင်း တို့ရှော့ပင်းမောတို့ဘာတို့ဖြစ်မယ် ဆိုပြီး အမျိုးမျိုးအသံတွေ ထွက်နေတော့ မြေဈေးက ကောင်းတယ်၊ နဂိုသိန်းသုံးလေးရာတန်လောက်က ခု သိန်းခြောက်ရာ လောက်ပေါက်တယ် ”လို့ နယ်ခံအ ကျိုးဆောင်ဒေါ်ကြူကြူ က ဆိုပါ တယ်။
မန္တလေးမဟာအောင်မြေမြို့ နယ် သန်လျက်မှော်အနောက်ရှိ ယခင်သားသတ်ရုံမြေနေရာမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံအချို့က လုပ်ငန်းရှင်တွေစိတ်ဝင်တစား ဆက်သွယ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
ယခင်ကသားသတ်ရုံအဖြစ် အသုံးပြုခဲ့တဲ့ အဆိုပါ မြေနေရာ ဟာ မန္တလေးမြို့ကန်တော်ကြီးကို မျက်နှာပြုကာတည်ရှိပြီး မြို့ရဲ့အကွက်အကွင်းကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
သားသတ်ရုံကို တောင်အင်း မြောက်အင်းသို့ ရွေ့ဆိုင်းပြီး နောက်ယင်းနေရာကို ကားကွင်းအဖြစ် ပြုလုပ်မယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါ တယ်။
လက်ရှိအချိန်အထိတော့ မည်သည့်လုပ်ငန်းအတွက် ခွင့်ပြုပေးမယ်ဆိုတာမျိုး အပြီးသတ်ဆုံး ဖြတ်ရခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Credit: The Kumudra