လက်ဝှေ့လောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ဖိလစ်ပိုင် လက်ဝှေ့ဘုရင်ကြီး ပက်ကွီအိုဟာ လက်ဝှေ့လောကကမှ အနားမယူခင်ကတည်းက မရှိဆင်းရဲသားတွေကို အစဉ်တစိုက် လှူဒါန်းလာသူဖြစ်ပါတယ်။ အခုအခါမှာလည်း သူရဲ့ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ပိုင်ဆိုင်မှုတွေထဲက ခွဲဝေပြီး မရှိဆင်းရဲသားတွေအတွက် အိမ်တွေ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
အိမ်တွေကိုတော့ သူ့မဲဆန္ဒနယ်လည်းဖြစ် ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်လည်းဖြစ်တဲ့ Sarangani စီရင်စုအတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီအိမ်တွေကို မရှိဆင်းရဲသားတွေထံ အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယခင်က သူ့ဇာတိမြို့မှာလည်း မြေတွေများစွာဝယ်ယူပြီး မရှိဆင်းရဲသားတွေအတွက် အိမ်တွေဆောက်လုပ် လှူဒါန်းခဲ့ပါသေးတယ်။
ပက်ကွီအိုဟာ လက်ဝှေ့ထိုးခြင်းတစ်ခုတည်းမှာပင် ပေါင်သန်း(၁၀၀)လောက် ဝင်ငွေခိုင်မာခဲ့သူဖြစ်ပြီး၊ တစ်ခြား စီးပွားရေးလုပ်ငန်းတွေနဲ့ သတင်းမီဒီယာတွေ၊ စပွန်ဆာတွေကနေ ပြန်လည်ရရှိတဲ့ အရပ်ရပ်ဝင်ငွေကလည်း ခိုင်မာနေဆဲလို့ သိရပါတယ်။ သူဟာ လက်ဝှေ့လောကက အနားမယူခင်ကတည်းက ဆီးနိတ်လွှတ်တော်အမတ် ဖြစ်လာသူပါ။
သူဟာ (၂၀၁၅)ခုနှစ်အထိ ဝိတ်တန်း(၈)ခုရဲ့ ချန်ပီယံဖြစ်ခဲ့သူပါ။ ဒါပေမယ့် နောက်ဆုံးထိုးသတ်ခဲ့တဲ့ မေဝယ်သာနဲ့ပွဲမှာ အငြင်းပွားဖွယ်ရာ ရှုံးနိမ့်ပြီးနောက် ကြိုးဝိုင်းပေါ်ကို ပြန်ပေါ်မလာတော့ပါဘူး။ သို့သော် လက်ဝှေ့လောကက နားပြီလို့လည်း တရားဝင်ကြေငြာခဲ့ခြင်းမရှိဘဲ ” လောကဓံနဲ့ ဆက်ပြီး တိုက်ခိုက်နေရဦးမယ် … ဘုရားကြိုက်အောင် လုပ်ရဦးမယ်”လို့သာ အရိပ်အမြွက် ပြောခဲ့သူ ဖြစ်ပါတယ်။ ပက်ကွီအိုဟာ မကြာမီမှာလည်း သူ့ဇာတိမွေးဖွားရာမြို့မှာ ဆင်းရဲသားတွေအတွက် အိမ်တွေဆောက်လုပ် လှူဒါန်းဦးမယ်လို့ သိရပါတယ်။
Credit: goodnewsnetwork.org