ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းဆက်တိုက်မြင့်တက် လာခြင်းကြောင့် ပြည်တွင်းငွေ ဈေးကွက်တွင် ကန်ဒေါ်လာ တန်ဖိုးသည် မေလ ၃ ရက်က တစ် ဒေါ်လာလျှင် ၁,၃၃၆ ကျပ်သို့မြင့် လာသည်။
ကမ္ဘာ့ရွှေဈေးကျဆင်းပြီး ပြည်ပငွေလွှဲများခြင်းကြောင့် မေ လ ၁ ရက်တွင် ကန်ဒေါ်လာ ၁,၃၃၁ ကျပ်မှ မေလ ၃ ရက်တွင် ၁,၃၃၆ ကျပ်သို့မြင့်တက်လာခြင်း ဖြစ်ကာ ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးသုံးရက် အတွင်း ငါးကျပ်ခန့်မြင့်တက်လာ သည်။
ထို့အတူ ဗဟိုဘဏ်၏ရည် ညွှန်းငွေလဲနှုန်းလည်း မေလ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁,၃၄၀ မှ မေလ ၃ ရက်တွင် ၁,၃၄၃ ကျပ်သို့မြင့်တက်သည်။
ပြည်တွင်း ငွေဈေးကွက် တွင် ကန်ဒေါ်လာတန်ဖိုးသည် နှစ်သစ်ကူးရုံးပိတ်ရက်အပြီးမှ မေလ ၃ ရက်အထိ တစ်ဒေါ်လာ ၁၃ ကျပ်တန်ဖိုးမြင့်တက်သည်။ နှစ်ကူးရုံးပိတ်ရက်အပြီးတွင် တစ် ဒေါ်လာ ၁,၃၂၃ ကျပ် ရှိခဲ့သည်။
ဒေါ်လာတန်ဖိုးမြင့်တက် ခြင်းသည် ဆန်၊ ပဲနှင့်လယ်ယာ ထွက်ကုန်များ၊ ပြည်ပတင်ပို့နေသူများအပါအ၀င် ပို့ကုန်လုပ်ငန်းရှင်များအတွက် သတင်းကောင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။
နိုင်ငံတကာ ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးမြင့် တက်လာချိန် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ကန်ဒေါ်လာ၁,၃၃၂မှ ၁,၃၀၉ သို့ကျဆင်းသည်။ ထို့ ကြောင့် ပြည်တွင်းရွှေဈေးနှုန်း လည်း တစ်ကျပ်သားလျှင် ကျပ် ၉၄၃,၀၀၀ မှ ကျပ် ၉၃၉,၀၀၀ သို့ကျဆင်းသည်။
Credit: 7Daydaily