ဒေါ်လာ သန်း ၇ဝဝ တန် စီမံကိန်း ဇေကမ္ဘာနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည်

ဒေါ်လာ သန်း ၇ဝဝ တန် စီမံကိန်း ဇေကမ္ဘာနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3 May 2018 10:30 am တွင် တင်ခဲ့သည်
21631 ကြိမ် ကြည့်ရှု့ပြီး
ဇေကမ္ဘာကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် Zhejiang Luding Investment ကုမ္ပဏီတို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရင်းနှီးမြှုပ်နှံကာ Mingalardon Bazaar စီမံကိန်းကို ဆောက်လုပ်မည်ဟု ဇေကမ္ဘာကုမ္ပဏီ
ပိုင်ရှင် ဦးခင်ရွှေက ပြောသည်။

ထိုစီမံကိန်းသည် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးအနီးရှိ မင်္ဂလာဒုံမြို့နယ်အပိုင်အတွင်းရှိ ဇေကမ္ဘာ၏ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ မြေနေရာပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

Zhejiang Luding Investment သည်တရုတ်နိုင်ငံတွင် ဈေးများကို အဓိက အကောင် အထည်ဖော်နေသည့် ကုမ္ပဏီဖြစ်သည်။

ယခုစီမံကိန်းကို ဧရိယာ ၁၂၄ ဧကပေါ် တွင် တည်ဆောက်မည်ဖြစ်ပြီး လက်လီ လက်ကားဈေးကြီးနှင့် ရုပ်ရှင်ရုံများ၊ လူနေ အိမ်ရာများအပြင် စီးပွားရေး အဆောက်အအုံ များပါဝင်ကြောင်း သိရသည်။

ယင်းနေရာတွင် တည်ဆောက်ရခြင်းမှာ အစိုးရက နှစ်ထပ်အဝေးပြေးလမ်း လုပ်ရန် ကြံရွယ်နေသော အမှတ် ၃ လမ်းမကြီးနံဘေးတွင် တည်ရှိခြင်းက အဓိကအကြောင်းရင်း ဖြစ်သည်ဟု ဦးခင်ရွှေက ဆိုသည်။

''နောက်ပိုင်းကျရင် မြို့ထဲမှာ ဈေဝယ်မယ် ဆိုရင် အဝေးပြေးလမ်းမပေါ် တက်လိုက်မယ် ဆိုရင် မင်္ဂလာဒုံဥယျာဉ်မြို့တော်ကို ရောက်မှာ ပဲ။ တကယ်တော့ ၃၈ လမ်းတို့၊ မဂိုလမ်းတို့မှာသွားဝယ်ရင် ကားပိတ်တဲ့ပြဿနာ အများကြီးရှိတယ်။ အဲဒါတွေအားလုံး တစ်နေရာတည်းမှာရနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဈေးကြီးတစ်ခုဆောက်ဖို့ အဲဒီအဝေးပြေးလမ်းမကြီးကို မှီပြီးဆောက်ဖို့ စဉ်းစားမိတယ်။ တရုတ်တွေက လည်း အဲဒီလို စဉ်းစားမိတဲ့အတွက် အဲဒီလို ပူပေါင်းလိုက်တာပါ''ဟု ၄င်းက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ သည် ယင်းစီမံကိန်းအတွက် နားလည်မှုစာချွန်လက်မှတ်ထိုးပြီးဖြစ်ကာ ဒီဇိုင်းအသေးစိတ်ကိုရေးဆွဲလျက်ရှိပြီး မြို့တော်စည်ပင်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ကို တင်ပြသွားမည်ဖြစ် သည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့လည်း တင်ပြမည်ဖြစ်ကြောင်း သိရသည်။

''မြို့ထဲမှာ ကုန်တိုက်တွေ ရှိတယ်။ ဒါပေမဲ့အဲဒါတွေက တစ်မျိုးပဲ ရတယ်။ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားအတွက် ဝယ်ဖို့က မရှိဘူး။ အဲဒါမျိုးတွေ ပြန်ဖော်ပေးဖို့ လိုတယ်''ဟု ဦးခင်ရွှေက ပြောသည်။

သို့သော်လည်း ထိုနေရာတွင် ယခင်က လယ်မြေများဖြစ်ရာ လယ်သမားများနှင့် မြေယာအငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

ဦးခင်ရွှေကမူ ၄င်းသည် မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ ဂရန်လျှောက်ထားရရှိခဲ့ခြင်းဖြစ်သဖြင့် လယ်သမားများသည် ထိုဌာနနှင့်သာ ရှင်းလင်းရမည်ဖြစ်သည်ဟု ဆိုသည်။

''လယ်သမား နစ်နာတယ်ဆိုရင် အိုးအိမ်က အဲဒီပိုက်ဆံကို လျော်ကြေးပေးလိုက်။ အိုးအိမ်ကတစ်ဆင့် နှစ် ၆ဝ ဂရန် ရပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်စီမံကိန်းကို ဆက်လုပ်ဖို့ရှိတယ်''ဟု ၄င်းကဆိုသည်။

ဇေကမ္ဘာကုမ္ပဏီက ယင်းစီမံကိန်းကို တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ငွေကြေးအပြင် နည်းပညာအထောက်အပံ့လိုအပ်သဖြင့် ဖြစ်ကြောင်းဆိုသည်။

''မြန်မာနိုင်ငံမှာ ချေးငွေအတိုးနှုန်းက ၁၂ ကနေ ၁၃ ရာခိုင်နှုန်းလောက် ရှိတာ။ တရုတ်က အတိုးနှုန်းက တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ နောက် နည်းပညာကလည်း အရမ်းကျန်ခဲ့တော့တရုတ်နဲ့ လုပ်တာပါ။ တရုတ်က Risk (ဆုံးရှုံးနိုင်ခြေ)ယူနိုင်တယ်လေ။ ကျန်တဲ့ ကုမ္ပဏီကျွငျု မယူဘူး။ ဂျပန်နဲ့ ကိုရီးယားက အမေရိကန်မျက်နှာ ကြည့်နေရတယ်။ ဟိုက ဆန်ရှင်လုပ်တာနဲ့ ထွက်ပြေးပြီ။ တရုတ်ကတော့ ဘာမှ သူ့ခေါင်းထဲမထည့်ဘူး''ဟု ဦးခင်ရွှေက ပြောကြားသည်။

ဇေကမ္ဘာကုမ္ပဏီသည် လက်ရှိတွင် ထင်သာမြင်သာအနေဖြင့် စီမံကိန်းကြီးသုံးခုကို ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ကိုင်နေပြီး မြရိပ်ညိုစီမံကိန်း၊ ယခုစီမံကိန်းနှင့် မွန်ပြည်နယ် ကျိုက်မရောတွင် အကောင်အထည်ဖော်မည့် ဘိလပ်မြေစက်ရုံ စီမံကိန်းတို့ဖြစ်သည်။

ယင်းတို့အနက် မြရိပ်ညိုစီမံကိန်းကို ထိုပတ်ဝန်းကျင်တွင်နေထိုင်သူများက ကန့်ကွက်သဖြင့် လက်ရှိတွင် ရပ်နားထားရသည်။

Credit: The Myanmar Times
ဒေါ်လာ သန်း ၇ဝဝ တန် စီမံကိန်း ဇေကမ္ဘာနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

CarsDB Showroom Opening
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service