နယ်မြို့မှာ အိမ်ခြံမြေ၀ယ်ယူ ကြတဲ့အခါ မိသားစု ညီအကို မောင်နှမများနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချကာ ၀ယ်ယူကြလေ့ရှိကြ ပါတယ်။
ညီအကိုမောင်နှမအားလုံး တစ် မိထဲ မွေးဖွားလာတာချင်းအတူတူ၊ ကံ လည်း မတူသလို ဉဏ်ချင်းလည်းမတူ ကြပါဘူး။ ပညာအရည်အချင်းတွေက လည်းကွာခြားသွားတတ်ကြပါတယ်။ ပညာထူးချွန်ပြီး မြို့ပေါ်မှာ အခြေချသူ တွေရှိသလို ကာယအား၊ ဉဏအားကို အားကိုးပြီး ရွာမှာအခြေချနေထိုင်သူ တွေရှိပါတယ်။
+++ တောမှာနေနေ မြို့မှာနေနေ၊ သူ့အကျိုး ပေးနဲ့သူ အဆင်ပြေ +++
ဒါပေမဲ့ တောမှာပဲနေနေ၊ မြို့ မှာပဲနေနေ၊ ဘ၀မှာလူတစ်လုံး သူတစ် လုံးဖြစ်ဖို့ စားဝတ်နေရေးအတွက် အမျိုး မျိုးသော နည်းလမ်းတွေနဲ့ ကြိုးစားရှာ ဖွေနေကြရပါတယ်။ ဒီခေတ်ကြီးမှာတော့ မြို့ပေါ်မှာနေတဲ့သူတိုင်း ချမ်းသာမယ် လို့ အတိအကျပြောလို့မရပါဘူး။ မြို့ပေါ် မှာနေပြီး စားဝတ်နေရေး အဆင်မပြေ တဲ့သူရှိနေတာပဲ။ ကျေးရွာမှာနေပေမယ့် ဆန်စပါး၊ ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးရောင်း ၀ယ်ဖောက်ကားတဲ့အလုပ်ကို လုပ်ကိုင် ရင်းက ကြီးပွားချမ်းသာသွားကြသူတွေ ကိုလည်း အများကြီးတွေ့ရပါတယ်။
+++ မြို့ပေါ်နေရတာ ဗဟုသုတအစုံသိကြမှာ +++
ကြီးပွားချမ်းသာလာတော့လည်း မြို့ပေါ်မှာတက်ပြီး မြေနဲ့အိမ်ဝယ်ကာ ရင်းနှီးမြှုပ်နှံထားတတ်ကြတယ်။ ဒီအခါ မှာ ရွာကမြို့ပေါ်တက်ပြီး မြေနဲ့ အိမ် ၀ယ်တဲ့အခါ မြို့ပေါ်မှာနေတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တိုင်ပင်ပြီး ၀ယ်ယူကြ ရတာပေါ့။ ဟုတ်တယ်လေ။ မြို့ပေါ်မှာ နေတဲ့သူကတော့ ရွာမှာနေတဲ့သူထက် တော့ ဗဟုသုတအတွေ့အကြုံပိုတာပေါ့။ ဒီတော့ ရွာကတက်လာတဲ့ မောင်နှမ တွေကို သူက လူလည်ပန်ကာ ဆရာကြီး လုပ်ပြီး ဦးဆောင်ရတယ်လေ။
မွန်ပြည်နယ် ကျိုက်ထိုမြို့က အတွေ့အကြုံလေး ဗဟုသုတအဖြစ် ပြော ပြရဦးမယ်။ ဒီလိုပါ။ ကျေးရွာမှာနေတဲ့ ဒေါ်ကြည်က သမီးဖြစ်သူ ၀ါဝါနဲ့ သား အမိစပ်တူ ကျိုက်ထိုမြို့ပေါ်မှာ မြေနဲ့ အိမ်ဝယ်ဖို့ ဆုံးဖြတ်ကြပြီး မြို့ပေါ်မှာ နေတဲ့ မောင်ဖြစ်သူ ကိုဝင်းဆွေနဲ့ တိုင် ပင်တယ်။ မောင်ဖြစ်သူကလည်း အား ပေးတယ်။ ဒီလိုအချိန် မြေဈေးတွေကျ နေတုန်း ၀ယ်ထားတာ ဈေးအသက်သာ ဆုံးလို့ ပြောတော့ ၀ယ်ဖြစ်သွားတာပေါ့။
+++ အကူအညီရအောင် ၀ယ်သူအဖြစ် လက်မှတ်ထိုးတဲ့အခါ +++
ဝယ်ဖြစ်တာကလည်း ကိုဝင်း ဆွေရဲ့နေထိုင်တဲ့လမ်းထဲမှာ ၀ယ်လိုက် တာပါ။ စရန်ငွေပေးတုန်းကတော့ ၀ယ် သူများအဖြစ် ဒေါ်ကြည်နဲ့သမီးအပြင် ကိုဝင်းဆွေပါ + (၃)ဦးနာမည်နဲ့ စရန် ပေးစာချုပ်ဖြစ်ခဲ့တြတယ်။ တကယ် ၀ယ် တာက ဒေါ်ကြည်တို့သားအမိဖြစ်ပေမယ့် ကိုဝင်းဆွေပါ ၀ယ်သူအဖြစ် ထည့်လိုက် ခြင်းကတော့ တရားဝင်အရောင်းအ၀ယ် စာချုပ်ချုပ်တဲ့အခါကျရင် လိုက်ပါကူညီ လို့ရအောင် ၀ယ်သူအဖြစ် ထည့်သွင်းချုပ် ဆိုပေးတာလို့ ကိုဝင်းဆွေကပြောပါတယ်။ အစ်မဖြစ်သူ ဒေါ်ကြည်ကလည်း သူ့ မောင်ပြောတာကို ဟုတ်မှာပဲလို့ ယုံခဲ့မိ တယ်။
ဝယ်ယူတဲ့မြေနဲ့ အိမ်က ဂရန် မြေဖြစ်နေတော့ ကျိုက်ထိုမြို့ စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မြေနဲ့အိမ် အရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင် သွင်းမှ တရားဝင်ဖြစ်တာလေ။ ဒီလိုနဲ့ စရန်ပေးစာချုပ်ပြီးတဲ့နောက် အရောင်း မြေပုံကူးယူရတာတို့၊ ၀ယ်ခွန်ပေးဆောင် ရတာတို့ကြောင့် ချက်ခြင်းစာမချုပ်နိုင် သေးဘဲ တစ်လလောက်ကြာမှ မှတ်ပုံ တင်အရောင်းအ၀ယ်စာချုပ်ဖြစ်တယ် လေ။
+++ အမှန်တကယ်ဝယ်သူဖြစ်ပါလျက် အချိန်မီရောက်မလာခဲ့လို့ စာချုပ်မှာ လက်မှတ် မပါ +++
အရေးထဲအရာပေါ်ဆိုသလို တကယ်တမ်း မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်တဲ့အချိန်မှာ သမီးဖြစ်သူ မ၀ါဝါ က ထိုင်းနိုင်ငံမှာ သွားပြီးအလုပ်လုပ်နေ လို့ အချိန်မီပြန်မလာနိုင်ဘူး။ ဒါကြောင့် မိခင်လုပ်သူက မွန်တိုင်းရင်းသူတစ်ဦး လည်းဖြစ်တယ်။ တောမှာနေတာဆိုတော့ မြန်မာစာလည်း ကောင်းကောင်းမသင် ခဲ့ရဘူး။ စာချုပ်ပေါ်မှာရေးထားတဲ့စာ သားတွေကိုလည်း အကုန်လုံးနားမလည် ဘူးဖြစ်နေတယ်။ ဒီတော့ မြို့ပေါ်က မောင်ဖြစ်သူ ကိုဝင်းဆွေနဲ့အတူ ၀ယ်သူ အဖြစ် လက်မှတ်ရေးထိုးပြီး မှတ်ပုံတင် စာချုပ်ခဲ့တယ်လေ။ ဒေါ်ကြည်ရဲ့စိတ် ထဲမှာတော့ သူ့သမီး မ၀ါဝါရဲ့ကိုယ်စား ကူညီပေးနိုင်အောင်ထည့်သွင်းချုပ်ဆို ပေးတာလို့ ထင်နေပါတယ်။ မောင်ဖြစ်သူ ကို အခုလို ကူညီပေးတဲ့အတွက် ကျေးဇူး တောင်တင်နေသေးတယ်လေ။ တကယ် တော့ ကိုဝင်းဆွေက သူ့ငွေတစ်ပြားတစ် ချပ်မှမပါဘဲနဲ့ တရားဝင်ဝယ်သူဖြစ်သွား တာပေါ့။
+++ အမည်ပေါက်ပါပြီးသူကို ပြန်ထုတ်ဖို့ ခက်တဲ့ မှတ်ပုံတင်စာချုပ် +++
မှတ်ပုံတင်စာချုပ်ပြီးတဲ့နောက် မှ သမီးဝါ၀ါ ရောက်လာခဲ့တယ်။ မြေနဲ့ အိမ်တန်ဖိုးတစ်ဝက်ကို အမေ့ကိုပေးထား ခဲ့ပြီးဖြစ်လို့ သမီးနဲ့အမေ မြေနဲ့အိမ်ကို တစ်ယောက်တစ်ဝက်ပိုင်သွားတာပေါ့။ ဒါနဲ့ ၀ယ်ထားတဲ့အိမ်မှာမနေဘဲ (၂)နှစ် လောက်အိမ်ငှားတင်ထားလိုက်တယ်။ လက်ရှိအခြေအနေမှာတော့ အခြားလုပ် ငန်းတစ်ခုမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့လို တဲ့အတွက် ဒေါ်ကြည်က ပြန်ရောင်းတဲ့ အခါ ကိုဝင်းဆွေကလက်မှတ်ထိုးမပေး နိုင်ဘူးလို့ ငြင်းဆန်ပါလေရော။ ဒါတွင် မကသေးဘူး။ ဒီမြေနဲ့အိမ်ဝယ်တဲ့အထဲ မှာ သူငွေတစ်ဝက်လည်းပါတယ်လို့ ကြွေး ကြော်လိုက်ပါတယ်။
+++ အရပ်ကယ်ပါ လူဝိုင်းပါ။ အမှန်အတိုင်း ဖြစ်ချင်တာ +++
အဲဒါမှ ဒုက်္ခပဲ။ ဒေါ်ကြည်တော့ အကျဉ်းအကျပ်ထဲမှာခံနေရပြီ။ ကိုဝင်း ဆွေဟာ မောင်အရင်းဖြစ်လို့ ဒီလို ကောက် ကျစ်တဲ့စိတ်ထားမျိုးရှိလိမ့်မယ် မထင် ဘူး။ “ဘုရားမှတ်လို့ကိုးကွယ်၊ ဖွတ်ထွက် မှ တောင်ပို့မှန်းသိရတော့တယ်”။ အရောင်း အ၀ယ်ပွဲဖြစ်ရင် ရောင်းဖိုးငွေရဲ့ တစ်ဝက် ကို သူရမှလက်မှတ်ထိုးပေးမယ်လို့ အကျပ် ကိုင်ပါလေရော။
ဖြစ်ရပ်မှန်က အခုမြေနဲ့အိမ် ကိုပိုင်တာက ဒေါ်ကြည်နဲ့ သမီးဝါ၀ါတို့ ပိုင်တာလေ။ ဒါပေမဲ့ မသိနားမလည်ခဲ့ လို့ မှတ်ပုံတင်မြေနဲ့အိမ်အရောင်းအ၀ယ် လုပ်တဲ့အချိန်မှာ ၀ါဝါမရှိလို့ ၀ါဝါ့ကိုယ်စား သူ့ရဲ့မောင်ကိုဝင်းဆွေကို ၀ယ်ယူသူ နေရာမှာ ကူညီထိုးပေးခဲ့လို့ မောင်ဖြစ်သူ က ရောင်းဖိုးငွေတစ်ဝက်တောင်းနေပြီ အရပ်ကတို့ရေ။
+++ ဆွေမျိုးဖြစ်လည်း လိမ်တာပဲ +++
ညှိနှိုင်းလို့မရတဲ့နောက်ဆုံးမှာ တော့ မြေနဲ့အိမ်မှာ ဒေါ်ကြည်နဲ့သမီး ဖြစ်သူ ၀ါဝါတို့ပိုင်တဲ့အိမ်ဖြစ်ကြောင်း မြွက်ဟကြေညာပေးပါလို့ တရားစွဲခဲ့တယ်။ ကိုဝင်းဆွေကိုတော့ တရားပြိုင်အဖြစ် ထားပြီး သူဟာဝယ်သူအမည်ငှားသာ ဖြစ်ပါတယ်။ ပိုင်ရှင်အစစ်မဟုတ်တဲ့ အကြောင်း အထောက်အထားတင်ပြ သော်လည်း၊ ဒေါ်ကြည်တို့ဘက်က သက် သေတွေနဲ့ ထွက်ချက်အရ “ဒေါ်ကြည်တို့ သားအမိနှစ်ဦးတည်း ပိုင်ဆိုင်တာမဟုတ် ဘူး။ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် မှာ ၀ယ်သူအဖြစ် ကိုဝင်းဆွေ ပါဝင်နေ ပြီးဖြစ်လို့ ကိုဝင်းဆွေလည်း မြေနဲ့အိမ် ပိုင်ဆိုင်သူဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချ ခဲ့ပါတယ်။ နောက်ဆုံးတော့ ဒေါ်ကြည် တို့ပဲ အမှုရှုံးပြီး ငွေကုန်လူပမ်း ဖြစ်ကြ ရတာပေါ့။ ဒီဖြစ်ရပ်ကို သုံးသပ်ကြည့် ရင် မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ဆိုတာ ရောင်းသူဝယ်သူ တရားဝင်စာချုပ် ရတာဖြစ်လို့ မှတ်ပုံတင်ပြီးတာနဲ့ တရား ၀င်ပြီးသားဖြစ်သွားပါတယ်။ ကိုဝင်းဆွေ လည်း ပိုင်ဆိုင်သူတစ်ဦးအပါအ၀င်လို့ မှတ်ယူတာပေါ့။ ဒီလို အိမ်ခြံမြေအမွေ ကိစ်္စတွေနဲ့ပတ်သက်လာရင် မောင်နှမ အရင်းပင်ဖြစ်သော်လည်း ယုံကြည်စိတ်ချ ရခြင်းမရှိပါဘူးဆိုတဲ့ သင်ခန်းစာတစ်ခု ရရှိလိုက်ပါတော့တယ်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com