ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မေလအတွင်း ရောင်းချသွားမည့် အိမ်ရာများအတွက် လျှောက်ထားသူအရေအတွက်မှာ ရောင်းချမည့် အရေအတွက် ထက် ၁ဝ ဆကျော်ပိုမိုများပြားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး အတွင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ထားသည့် အိမ်ရာအခန်းပေါင်း ၆ဝဝ ကျော် ကိုမဲစနစ်ဖြင့် ရောင်းချရန် လျှောက်လွှာများခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
အခန်းများအား မေလထဲတွင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးသင့်ရော တန်ဖိုးနည်းစုစုပေါင်း ၆၈၂ ခန်းရှိသည်။ ယခုတွင် လျှောက်လွှာတင်ထားခြင်းမှာ ၆ဝဝဝကျော်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ မှ ပြောကြားကြောင်းသိရသည်။
ထိုအိမ်ရာများကို ရောင်းချရာတွင် မဲစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လက်ငင်းစနစ်၊အရစ်ကျစနစ်ပုံစံများဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ထို့ပြင်နှစ်ရှည်အရစ်ကျစနစ်ဝယ်ယူလိုသူများအနေဖြင့် လည်းဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက် ကာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် အများပြည်သူအိမ်ရာ ပိုင်ဆိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အဆင့်မြင့်၊တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများကို မြန်မာနိုင်ငံတစ်ဝန်းတည်ဆောက်ပေးလျက်ရှိပြီးရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ထားသည့် အိမ်ရာများကို ရောင်းချပေးလျက်ရှိကြောင်း၊လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာများ၊လှိုင်သာယာမြို့နယ်ရှိ အိမ်ရာများတွင် အိမ်ခန်းများ အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
Credit: Pyi Myanmar