လှည်းကူးမြို့ရှိ ညောင်နှစ်ပင် စက်မှုဇုန်စီမံကိန်းနှင့်ပတ် သက်ပြီး မြန်မာ-ကိုရီးယား နောက်ဆုံး သဘောတူညီချက် သာ ကျန်ရှိတော့၍ မကြာမီ စီမံကိန်း စတင်နိုင်မည်ဟု ရန်ကုန်တိုင်း အစိုးရနှင့် ကိုရီးယားကုမ္ပဏီတို့က ပြောသည်။
‘ညောင်နှစ်ပင်စီမံကိန်းက ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကိုရီးယားတို့ စကားပြောနေတာ ပါ။ နောက်ဆုံး သဘောတူညီ ချက်တော့ မရသေးပါဘူး။ သဘောတူညီချက်ရရင် စတင်နိုင် တော့မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။
အဆိုပါမြေနေရာသည် ဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံ ကျင်းပခဲ့ သည့် နေရာဖြစ်ပြီး စုစုပေါင်း ဧက ၆၀၀ ကျော်ရှိသည်။
စီမံကိန်းအတွက် သဘော တူညီမှုစာချွန်လွှာကို ၂၀၁၇ နှစ် လယ်တွင် မြန်မာအစိုးရနှင့် သဘောတူညီမှု လက်မှတ်ရေးထိုး ပြီးဖြစ်ကြောင်း၊ အကျိုးတူ ပူး ပေါင်းဆောင်ရွက်မှု သဘောတူ ညီချက်သာ လက်မှတ်ရေးထိုးရန်ကျန်တော့ကြောင်း ကိုရီးယား LH ကုမ္ပဏီ ဆက်ဆံရေးအရာရှိက ပြောသည်။
‘‘အခု MIC (ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)တင်ဖို့ လုပ်နေတယ်။ တင်ပြီးရင် JVA (အကျိုးတူပူး ပေါင်းဆောင်ရွက်မှု) လက်မှတ် ထိုးမယ်။ ပြီးရင် စီမံကိန်းစလို့ရပြီ’’ ဟု အဆိုပါအရာရှိက ပြောသည်။
ကန်ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ ညောင်နှစ်ပင်မြို့ပြစီမံ ကိန်းတွင် မြန်မာနိုင်ငံက ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပေးမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ကိုရီးယား အစိုးရက ပိုင်ဆိုင်မည်ဟု ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေး ရှင်း
ရန်ကုန်ရုံးခွဲ အထွေထွေမန် နေဂျာ မစ္စတာကင်ဂမ်ဝူးက ပြောကြားသည်။
အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီး ယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ နှစ် ဆန်း၌ စတင်အကောင်
အထည် ဖော်ရန် ခန့်မှန်းသည်။
အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်း၊ အိမ် ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ယမန်နှစ် ဇွန်လ က လွှတ်တော်တွင် ပြောကြား သည်။
Credit: 7Daydaily