၂ နှစ်တာကာလအတွင်း ဟိုတယ်နဲ့တည်းခိုရိပ်သာပေါင်း ၂၈၃ လုံး ခွင့်ပြုပေးနိုင်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
ဟိုတယ်နဲ့တည်းခိုရိပ်သာတွေမှ အခန်းပေါင်းက ၁၃၀၀၄ ခန်းခွင့်ပြုပေးခဲ့ပြီး ခရီးသွားကုမ္ပဏီနဲ့ ခရီးလှည့်လည် ရေးလုပ်ငန်းလိုင်စင်အဖြစ်လည်း ကုမ္ပဏီ ၁၀၉၇ ခုကို ခွင့်ပြုးပေးခဲ့တာလည်းဖြစ်ပါတယ်။
ယင်းအထဲကမှကုမ္ပဏီ ၂ ခုကိုတော့ စည်းကမ်းချက်ဖောက်ဖျက်ခြင်းကြောင့် လိုင်စင် ၆ လပိတ်တာတွေရှိခဲ့သ လို ဟိုတယ် ၃ လုံးကိုလည်း လုပ်ငန်းလိုင်စင် ၃ လတာရုတ်သိမ်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ယင်းဝန်းကြီး ဌာနထံက သိရပါတယ်။
လုပ်ငန်းလိုင်စင်ရယူပြီး လိုက်စင်သက်တမ်းကုန်ဆုံးတာကို သက်တမ်းတိုးဆောင်ရွက်ခြင်းမရှိတဲ့ ခရီးသွားကုမ္ပ ဏီ ၃၇၇ ခုရှိခဲ့ပြီး ယင်းတို့ကိုလည်းလိုင်စင်ပယ်ဖျက်ခဲ့တယ်လို့ ဝန်ကြီးဌာနထုတ်ပြန်ပါတယ်။
ဧည့်လမ်းညွှန်လိုင်စင်အဖြစ်လည်း ၂ နှစ်တာမှာ ၁၉၀၂ ခုခွင့်ပြုပေးနိုင်ခဲ့ပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင် စင်အဖြစ်လည်း လိုင်စင် ၂၀၄၆ ခုထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First