ဘရုစ်ဝီလီ၏ နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ

ဘရုစ်ဝီလီ၏ နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
30 Apr 2018 10:58 am တွင် တင်ခဲ့သည်
4395 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အက်ရှင် သရုပ်ဆောင် ဘရုစ်ဝီလီက နယူးယောက်ရှိ duplex ခန်းကို ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နယူးယောက်မြို့ ၊ Central Park West အရပ်တွင် တည်ရှိပြီး ခေါ်ဈေးဖြင့် ရောင်းထွက်သွားခြင်းဖြစ်သည်။

ဘရုစ်ဝီလီနှင့် ဇနီးဖြစ်သူ အင်မာတို့က နယူးယောက် duplex ခန်းကို ဘဏ္ဍာရေးလုပ်ငန်းရှင် ဂျက်ဖရီ အလန် ကက်စ်ဝင်းအား ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး ခေါ်ဈေးမှာလည်း ၁၇ ဒသမ ၇၅ သန်းဖြစ်သည်ဟု ဆိုသည်။

ဂျက်ဖရီ အလန် ကက်စ်ဝင်းသည် Lyrical Asset Management ကို ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ဘရုစ်ဝီလီ၏နေအိမ်ခန်း အရောင်းဈေးကွက်ဝင်လာပြီး ရက်သတ္တပတ်အကြာတွင် အရောင်းအဝယ်တည့်သွားခြင်း ဖြစ်သည်။

အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၄ ဒသမ ၅ ခန်း ပါဝင်ကာ တတိယအလွှာနှင့် စတုတ္ထအလွှာတို့တွင် ဖြန့်ကျက်တည်ရှိသည်။

ယင်းအဆောက်အအုံကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ ဗိသုကာပညာရှင်များဖြစ်သော ဆိုင်မွန် ရှဝါ့ဇ်နှင့် အာသာ ဂရော့စ်တို့ ဖြစ်ကြသည်။

အဆောက်အအုံမှာ ၁၂ ထပ်သာရှိပြီး Central Park West တွင်တည်ရှိသည့် အခြားသော အဆောက်အအုံများကဲ့သို့ နာမည်ကျော်ကြားခြင်း မရှိချေ။

တစ်လွှာလျှင် ၂ ခန်းသာ ပါဝင်ပြီး ကမ္ဘာကျော်များဖြစ်သော မဲရဲ စထရိပ်၊ ရော်ဘင် ဝီလျံစ်၊ မာ့ခ် ဟာမေး၊ ဂျိန်း ပေါ်လေနှင့် ခင်ပွန်း ကာတွန်းပညာရှင် ဂယ်ရီ ထရူဒူတို့ နေထိုင်ခဲ့ကြဖူးသည်။

မျက်နှာကြက်များ အလွန်မြင့်မားပြီး ပြတင်းပေါက်များစွာ ပါဝင်သည်။

အဆောက်အအုံတွင် ဆိုင်ကယ်ထားရန် အခန်းတစ်ခန်းပါဝင်ပြီး အဆောက်အအုံနောက်ဘက်တွင် ဘတ်စ်ကက်ဘောကွင်းတစ်ခု ဖောက်လုပ်ထားသည်။

ဈေးကွက်တင်သွင်းသူမှာ Douglas Elliman ကုမ္ပဏီမှ အန်း ကတ်ထ်ဘီလ် လီနာနီ ဖြစ်သည်။

ဘရုစ်ဝီလီသည် အဆိုပါအခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇ သန်းဖြင့် Milwaukee Bucks ပူးတွဲပိုင်ရှင် ဝက်စ်လေ အီဒင်စ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဘရုစ်ဝီလီ၏ ဇနီးဟောင်း ဒီမီမိုးရ် ( Ghost ကားမှ မင်းသမီး) သည်လည်း ယခုအဆောက်အအုံအနီးရှိ penthouse triplex တစ်ခန်းကို ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

လက်ရှိအားဖြင့် ဘရုစ်ဝီလီတို့ ဇနီးမောင်နှံသည် နယူးယောက်မြို့၊ One West End ရှိ အိပ်ခန်း ၄ ခန်းပါ လူနေခန်းကို ကန်ဒေါ်လာ ၇ ဒသမ ၉ သန်းဖြင့် ဝယ်ယူထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘရုစ်ဝီလီ၏ နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ဘရုစ်ဝီလီ၏ နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ဘရုစ်ဝီလီ၏ နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ဘရုစ်ဝီလီ၏ နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၁၈ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service