မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းပြီး ၂ နှစ် ခန့်အတွင်း မန္တလေးတိုင်းဒေသ ကြီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သုံးဆခန့်ပို၍ ဝင်ရောက်လာပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ သုံးဘီလီယံကျော်အထိရှိလာ ကြောင်း တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောသည်။
‘‘ရင်းနှီးမြှုပ်နှံမှု ဥပဒေအ သစ် ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ တော်တော်လေး တိုးတက်ဝင် ရောက်လာခဲ့ပါတယ်။ အရင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀ လောက်ပဲ ရှိခဲ့ရာကနေ ၂ နှစ် အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်
၄၀ လောက်အထိ တိုးတက်ပြီး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ် နှံမှု ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ဥပဒေနှစ်ခု ပေါင်းစည်းပြဋ္ဌာန်းသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ အောက်တိုဘာ တွင် စတင်ပြဋ္ဌာန်း
ခဲ့သည်။
ယင်းဥပဒေသစ် ပြဋ္ဌာန်းပြီး နောက်ပိုင်း မန္တလေးတိုင်းဒေသ ကြီးအတွင်း လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်း သုံးဆခန့်မြင့်တက်လာသည်။
‘‘ပြန်သုံးသပ်ကြည့်လိုက်တဲ့ အခါမှာ မန္တလေးတိုင်းထဲကို လာ ပြီး ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်း တွေ ပိုများလာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာတဲ့အပြင် သူတို့နဲ့ ဆက်စပ်တဲ့ ပြည်တွင်းက
SME လုပ်ငန်းငယ် လေးတွေလည်း အလုပ်ပိုဖြစ်လာ ကြတာကို တွေ့ရပါတယ်’’ ဟု ဒေါ်နွယ်နီဦးက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၆၀ နှင့် ရင်းနှီးမြှုပ် နှံမှု ပမာဏ ကန်ဒေါ်လာသုံးဘီလီ ယံ ကျော်ရှိသည်။ ယင်းမှာ ၁၉၉၄ မှ လက်ရှိအချိန်ထိဝင်ရာက်ထား သည့် ပမာဏဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ငန်း သည် စက်မှုလုပ်ငန်းဖြစ်ပြီး လျှပ် စစ်နှင့်စွမ်း အင်ကဏ္ဍနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းများ သည် ဒုတိယနှင့် တတိယအများဆုံးနေရာတွင် ရှိနေကြောင်း မန္တ လေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန စာရင်းများ၌ ဖော်ပြထားသည်။
နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု တွင် စင်ကာပူသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကာ ယင်းနောက်တွင် ဟောင် ကောင်၊ တရုတ်နှင့် ဂျပန်တို့ဖြစ်သည်။
Credit: 7Daydaily