မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ AYA Home Loan နှင့် ချိတ်ဆက်၍ (၁၅) နှစ်အထိ အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် iGREEN MEGA EXPO အိမ်ရာအထူးအရောင်းပြပွဲကြီးကို ၂ဝ၁၈ ခုနှစ် ၊ ဧပြီလ ၂၈ နှင့် ၂၉ ရက် (စနေ၊ တနင်္ဂနွေ) များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၆)နာရီ အထိ ရန်ကုန်မြို့ ၊ Novotel Hotel တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။
အဆိုပါ အိမ်ရာအထူးအရောင်းပြပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားကို ပြပွဲ ပထမရက်ဖြစ်သည့် ဧပြီလ ၂၈ ရက် နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပမည် ဖြစ်ပြီး iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ ၊ iGreen Development and Engineering Group မှ Marketing Director ဦးကျော်နိုင် ၊ AYA Home Loan မှ Retail Banking Director ဦးသူရမောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်မည် ဖြစ်သည်။
ပြပွဲအတွင်း iGreen Development မှ တည်ဆောက်ထားသည့် ကျပ်သိန်း (၈ဝဝ) ကျော် မှ သိန်း (၄၀၀၀) ကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း (၂၀၀) ကျော်ကို ၅% မှ ၂ဝ% အထိ အထူးသက်သာခွင့်များ ၊ AYA Home Loan ဖြင့် (၁) နှစ် မှ (၁၅) နှစ် အထိ အရစ်ကျပေးချေနိင်သော စနစ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချပေးမည် ဖြစ်သည်။
ကနဦး ၃၀% သာပေးသွင်းရန်လိုအပ်ပြီး AYA ဘဏ်၏ အိမ်ရာချေးငွေလျှောက်ထားကာ ကျန်ငွေကို အခန်းတွင်နေထိုင်ရင်း လစဉ်ပေးသွင်းရမည် ဖြစ်သည်။
အိမ်ရာချေးငွေဖြင့် ဝယ်ယူလိုသူများသည် AYA ဘဏ်နှင့် လာရောက်ဆွေးနွေးနိုင်ရန်လည်း စီစဉ်ပေးထားမည် ဖြစ်သည်။
“ ကျွန်တော်တို့ iMyanmarHouse.com က iGREEN နဲ့ ပူးပေါင်းပြီး ၂၀၁၅ မှစတင်ကာ MEGA EXPO ပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ AYA ဘဏ်ကပါ supporting ပေးပြီး အိမ်ရာချေးငွေဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီလို MEGA EXPO တွေမှာ iGREEN က တည်ဆောက်တဲ့ စီမံကိန်းအားလုံး ထည့်သွင်းရောင်းချပေးတာဖြစ်လို့ ရွေးချယ်စရာလည်း များတယ်။ အထူးသက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးမှာဖြစ်လို့ လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် AYA Home Loan နှင့် ချိတ်ဆက်၍ (၁၅)နှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် iGREEN MEGA EXPO အိမ်ရာအထူးအရောင်းပြပွဲကြီး
ကျင်းပသည့်ရက် - (၂၈) ရက် မှ (၂၉) ရက် ၊ ဧပြီလ ၊ ၂ဝ၁၈ ခုနှစ် (စနေ ၊ တနင်္ဂနွေ)
ကျင်းပသည့်အချိန် - နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ
ကျင်းပသည့်နေရာ - Novotel Hotel (Pathein Ballroom) ၊ ရန်ကုန်မြို့။
မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက
www.imyanmarhouse.com/igreen-mega-expo တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး
iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)