အိမ်ခန်းဝယ်ပြီးနောက် ပြန်ပြင်ရတဲ့စရိတ်က ကြီးမား

အိမ်ခန်းဝယ်ပြီးနောက် ပြန်ပြင်ရတဲ့စရိတ်က ကြီးမား - Property News in Myanmar from iMyanmarHouse.com
26 Apr 2018 11:16 am တွင် တင်ခဲ့သည်
11440 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်ခန်းတစ်ခုကို ဝယ်ယူလိုက်ရင် ပုံမှန်အားဖြင့် ဒီအတိုင်းတက်နေတာထက် ပြန်လည်ပြင်ဆင်မှု အနည်းနဲ့အများ လုပ်ကြရတယ်လို့ အိမ်ဝယ်သူတွေထံကသိရပါတယ်။ အများအားဖြင့် တိုက်ခန်းတွေက ကန်ထရိုက်ထံမှ ဝယ်သူတွေဆီကို ရောက်လာစဉ်မှာ အကြမ်းထည်တွေဖြစ်တာကြောင့် ရေရှည်နေထိုင်မယ့်သူတွေအတွက် အိမ်တွင်းမှာ ပြန်ပြင်ဆင်ရတဲ့လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ကြရတာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အဲဒီလို ပိုမိုနေချင်စဖွယ် ဖြစ်အောင် ပြန်လည်ပြင်ဆင်ရတဲ့ စရိတ်ဟာ သာမန်လူလတ်တန်းစားတွေ ရင်မောရလောက်တဲ့ ကုန်ကျစရိတ်ပမာဏ ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက ဆိုကြပါတယ်။

အိမ်တွင်းမှာ အခြေခံအားဖြင့် ပြန်ပြင်ရတဲ့ ကြမ်းပြင်ပါကေးခင်းခြင်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်း၊ သန့်စင်ခန်းတွေကို ကြွေပြားခင်းခြင်း၊ အုတ်ကန် တည်ဆောက်ခြင်းတို့ အများအားဖြင့်လုပ်ကြရပြီး တစ်ခါတလေ ကန်ထရိုက် ထည့်သွင်းပေးထားတဲ့ မီးကြိုးက အရည်အသွေးမကောင်းလို့ လုံခြုံစိတ်ချရအောင် မီးကြိုးတွေလည်း ပြန်သွယ်တန်းရလေ့ရှိ တယ်လို့ အိမ်ဝယ်သူတွေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အဲဒါတွေလုပ်တဲ့အခါမှာ ကုန်ကျစရိတ် သက်သာစေဖို့အတွက် ဈေးအသင့်ဆုံးပစ္စည်း တွေကို ရွေးချယ်အသုံးပြုမယ်ဆိုရင်တောင် သာမန် ၁၂ ပေခွဲ ပေ ၅ဝ ကျယ်တဲ့ တိုက်ခန်းတစ်ခန်းအတွက် ကုန်ကျစရိတ်ကတော့ ငွေကျပ် သိန်း ၇ဝ ဝန်းကျင် ကျသင့်မှာ ဖြစ်တယ်လို့ သပြေရွက် ဆောက်လုပ်ရေးနဲ့ အိမ်အလှဆင်လုပ်ငန်းက အင်ဂျင်နီယာ မငြိမ်းငြိမ်းက ပြောပါတယ်။

''ကုမ္ပဏီဘက်ကတော့ မီးကြိုးတွေ အခိုင်အမာပြန်သွယ်ပေးတယ်။ နံရံတွေကို ဆေးပြန် လိုက်ပေးတယ်။ မီးအလှဆင်တာတွေကိုလည်း ဈေးညှိပြီး သေသေချာချာပြန်လုပ်ပေးပါတယ်။ဒါပေမဲ့ ပစ္စည်းကတော့ ကောင်းကောင်းသုံး ရင် သုံးသလောက် ကုန်ကျစရိတ်က ပိုမြင့်မှာဖြစ်ပါတယ်''လို့ မငြိမ်းငြိမ်းက ဆိုပါတယ်။

ငွေကျပ် သိန်း ၃ဝဝ ပတ်ဝန်းကျင်တန်ကြေး ရှိတဲ့ တိုက်ခန်းတစ်ခန်းကို ဝယ်ယူလိုက်သူ တစ်ယောက်ဟာ ဝယ်ရင်းအခြေအနေထက် ကိုယ့်အိမ်ကို ပိုမိုသက်သောင့်သက်သာနဲ့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် အိမ်တွင်း ပြန်လည်ပြင်ဆင်မယ်ဆိုရင် ကျပ်သိန်း ၇ဝ နဲ့ ၁ဝဝ ကြားလောက် ထပ်မံအသုံးပြုဖို့ လိုတယ်လို့ သူကဆိုပါတယ်။

အိမ်ခန်းတစ်ခန်းဝယ်ရင် အဲဒီကုန်ကျစရိတ်ရဲ့ နောက်ထပ်ငွေ သုံးပုံတစ်ပုံ သို့မဟုတ် လေးပုံတစ်ပုံနီးပါးလောက် အိမ်ကိုပြန်လည်ပြင်ဆင်ဖို့ ထပ်သုံးရတဲ့သဘော ဖြစ်ပါတယ်။

ဒါ့ပြင် တိုက်ခန်းဝယ်ယူတဲ့သူဟာ အရစ်ကျစနစ်နဲ့ ဝယ်ယူခဲ့တာဆိုရင်တော့ နှစ်အလိုက်ပေးချေရမယ့် အတိုးနှုန်းတွေရယ် အိမ်ကိုပြန်ပြင်ဆင်တဲ့ စရိတ်တွေရယ် ထပ်ပေါင်းလိုက်ရင် တိုက်ခန်းတစ်ခန်းဝယ်ယူရင် နှစ်ခန်းစာ နီးပါး ကုန်ကျနေတယ်လို့လည်း မငြိမ်းငြိမ်းက ပြောပါတယ်။

ဒီလိုပြန်လည်ပြင်ဆင်စရိတ် ကြီးမြင့်နေတာတွေကို လျှော့ချနိုင်ဖို့အတွက် ကြိုပွိုင့်ဝယ်ယူသူတွေမှာ အခွင့်အရေး အနည်းငယ် ရှိပါတယ်။

ကန်ထရိုက်ကို အိမ်ခန်းဖိုး သတ်မှတ်ဈေးနှုန်းထက် စရိတ်ပိုပေးပြီး အပြီးသတ် အချော ပြင်ဆင်ခိုင်းမယ် ဆိုရင်တော့ တိုက်ခန်းကိုယ့်လက်ဝယ်ရောက်ပြီးမှ သတ်သတ်ထပ်ပြင်တာထက် ကုန်ကျစရိတ် သုံးပုံတစ်ပုံခန့်လျှော့ချနိုင်ကြောင်း မကြာသေးခင်ကမှ ကြိုပွိုင့်စနစ်နဲ့ တိုက်ခန်းဝယ်ယူထားတဲ့ မဇင်မာ (အမည်လွှဲ)က ဆိုပါတယ်။

''တစ်ခါတည်း အပ်လိုက်လို့ရပေမဲ့ ကိုယ့်စိတ်တိုင်းကျမဖြစ်မှာတော့ စိုးရတာပေါ့။ ဒါပေမဲ့ သတ်သတ်ထပ်အပ်ဖို့ကျတော့လည်း ကုန်ကျစရိတ်က အတော်များတယ်''လို့ ၄င်းက ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း ကန်ထရိုက်တွေက ပေးရတဲ့ ငွေပမာဏထက်လျှော့ချပြီး အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို အစားထိုးအသုံးပြုမှာကို စိုးရိမ်ရပါသေး တယ်လို့ သူကဆက်ပြောပါတယ်။

''အလုပ်လာအပ်တဲ့သူတွေက အနည်းဆုံး ကုမ္ပဏီလေးငါးခုကို လိုက်မေးထားပြီး အဲဒီထဲကမှ ဈေးသက်သာတဲ့ ကုမ္ပဏီတွေကို ဦးစားပေးရွေးချယ်ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာ လည်း ဈေးပေါပေါနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေသုံးတဲ့သူတွေနဲ့ တွေ့တော့ နှစ်ခါနာတာပေါ့။ ပစ္စည်းနဲ့ လက်ခတွေ ဈေးကြီး တာက အဓိကပြဿနာပဲ''လို့ မငြိမ်းငြိမ်းက ဆိုပါတယ်။

အခုနောက်ပိုင်းမှာ မျက်နှာကြက်တပ်တာ၊အခန်းဖွဲ့တာနဲ့ စတီးလက်ရန်း၊ စာအုပ်စင်နဲ့ ပန်းအိုးတင်ခုံတွေလုပ်တာရှိပြီး ပျမ်းမျှအားဖြင့် လက်ခရော ပစ္စည်းဖိုးအပါအဝင် ကျပ်သိန်း ၄ဝ လောက်ကုန်ကျကြောင်း၊ တချို့က ရှေ့မျက်စာ မှန်တံခါးတပ်ဆင်တာနဲ့ မျက်နှာကြက်လောက်ကိုသာ ပြင်သူများရှိ လာကြောင်း သပြေရိပ် ဆောက်လုပ်ရေးလုပ်ငန်းက ကိုဦးက ပြောပါတယ်။

အခန်းတွေကို ပြင်ဆင်တဲ့အခါမှာ အခန်းရှင်တွေက ဖြစ်စေချင်တဲ့ပုံစံအတိုင်း ကုမ္ပဏီဘက်ကို အလုပ်အပ်ကြတာတွေ ရှိသလို ကုမ္ပဏီတွေဘက်ကပြတဲ့ ဒီဇိုင်းက အခန်းရှင်က ရွေးချယ်ပြီး ထည့်သုံးမယ့် ပစ္စည်းတွေကို အမျိုးအစားအလိုက်၊ ဈေးနှုန်းအလိုက် ရွေးချယ်အသုံးပြုကြပါတယ်လို့ ၄င်းက ပြောပါတယ်။

''ရိုးရိုး တရုတ်ကြွေပြားဆိုရင် တစ်ကျင်း(၁ဝ ပေပတ်လည်) ကို ကျပ်သုံးသိန်း၊ လေးသိန်းရှိတယ်။ အီတလီကလာတဲ့ ကြွေပြားဆိုရင် တစ်ကျင်းတည်းနဲ့ ၁၅ သိန်းတို့ သိန်း ၂ဝတို့ရှိတယ်။ ကိုယ်ပိုင်အိမ်တွေကျတော့ တစ်မျိုးသုံးတာပေါ့။ ကန်ထရိုက်အိမ်တွေကျတော့ တစ်မျိုးသုံးကြတယ်'' Home Galaxy အိမ်ဆောက်ပစ္စည်းဆိုင်က ဦးကျော်ဇေယျက ပြောပါတယ်။

'' အိမ်ဆိုတာကလည်း ဆောက်နေတဲ့ အချိန်မှာပဲ ပြင်ရတာ လွယ်တယ်။ အခန်းဖွဲ့တာတို့ ဘာတို့ လုပ်ရတာလွယ်တယ်။ ကုန်ကျစရိတ်သက်သာတယ်။ တိုက်ခန်းတစ်ခုက ဆောက်ပြီးသွားတော့မှ အခန်းဖွဲ့တာ မကြိုက်လို့ ပြင်မယ်ဆိုရင် ကုန်ကျစရိတ်က ပိုများသွားတာပေါ့။ ဆောက်နေတဲ့ ကန်ထရိုက်ကို တစ်ခါတည်း ပြောပြီးဆိုပြီးတော့ အစီအစဉ် လုပ်တာက ပိုပြီးတော့သက်သာစေတယ်''ဟု အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) တည်ထောင်သူ ဦးနေမင်းသူက ပြောပါတယ်။

ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံမှာ အခန်းပြင်ဆင်မှုအပိုင်း၊ ဖွဲ့စည်းမှုအပိုင်းကို ဗိသုကာပညာရှင် ဒါမှမဟုတ် Decoration ကုမ္ပဏီနဲ့ တိုင်ပင်လုပ်တာမျိုးက နည်းပါးနေသေးပြီး တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ကြသေးဘူးလို့ ၄င်းက ဆက်လက်ပြောပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service