နေပြည်တော်အိမ်ခြံမြေ ဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်ပုံမှန်အတိုင်း ရှိနေပင်မဲ့ ပုဗ္ဗသီရိမြို့နယ်ဘက်မှာတော့ မြေကွက်တွေ အရောင်းအဝယ်သွက်နေတယ်လို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်က သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (နေပြည်တော် ) အထွေထွေ အတွင်းရေးမှူး ဦးကျော်စွာမြင့်က ‘ ပုဗ္ဗသီရိက နေ့စဉ်စာချုပ်ရှိတယ် ၊ အရောင်းအဝယ်ရှိတယ် ၊ ပေါင်းလောင်းလဲ ဒီလိုပဲ ၊ သိန်းတစ်ရာအထက်ကို ကိုင်ပြီးဝယ်တဲ့သူတွေများတယ် ၊ စဉ်ဆက်မပြတ် စာချုပ်လေးတွေ နေ့စဉ်ရှိနေတယ်လို့ ‘ ပြောပါတယ် ။
ပုဗ္ဗသီရိမြို့နယ်ဘက်မှာ တပ်ပုဗ္ဗနဲ့ အရပ်ပုဗ္ဗဆိုပြီး နှစ်ဘက်ကွဲနေကာ အခု အရောင်းအဝယ်သွက်နေတာကတော့ အရပ်ပုဗ္ဗဘက်က ကျပ်သိန်း ၁၀၀ ကျော်တန် မြေကွက်တွေဖြစ်ပါတယ် ။ တခြားဒေသတွေကနေ ဝယ်ယူကြတာဖြစ်ပါတယ် ။လုပ်ငန်းလုပ်ကိုင်ဖို့ ဝယ်ယူမယ့်သူတွေကတော့ လမ်းမကြီးတွေနဲ့ နီးရာမှာ ဝယ်ယူကြပေမဲ့ လက်ရှိချိန်မှာတော့ တန်ဖိုးမြင့် မြေကွက်တွေကတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
‘ ဝန်ထမ်းအများဆုံးကတော့ ရွှေကြာပင်ဝယ်တယ်၊ သာယာကုန်းဝယ်တယ် ၊ ဝန်ထမ်းကြီးတွေကတော့ ဥတ္တရဝယ်တယ် ၊ ရန်ကုနဘက်ကလာတဲ့ အဖွဲ့တွေက ပုဗ္ဗနဲက ဒက္ခိဏကို ဝယ်တယ် ‘ လို့ ဇေယျာမြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောပါတယ်။
ပုံမှန်အားဖြင့် အရောင်းအဝယ် အဖြစ်အများဆုံး ဒေသတွေကတော့ ဥတ္တရသီရိ ၊ ပုဗ္ဗသီရိ ၊ ဒက္ခိဏသီရိ ၊ ဇမ္ဇူသီရိ စသည့်မြို့နယ်တွေဖြစ်ပါတယ် ။
Credit: The kumudra