ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း တည်ဆောက်နေသည့်ပုဇွန်တောင်ချောင်းဖြတ်ကူး တံတားဖြစ်သော သာကေတတံတားသစ်ကို လာမည့် ဇူလိုင်လတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းဆောက်လုပ်ရေး ဝန်ကြီးဌာန၊တံတားဦးစီး ဌာနမှ သိရသည်။
ယင်းတံတားသည် ဒေါပုံမြို့နယ်၊သာကေတမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့ကို ချိတ်ဆက်ပေးသည့် တံတား သစ်ဖြစ်ပြီး မူလတံတားဟောင်းနှင့် ဘေးချင်းကပ်ယှဉ်လျက် တည်ဆောက်နေခြင်း ဖြစ်သည်။
ထိုတံတားကို ဇူလိုင်လထဲတွင် ဖွင့်နိုင်ရန် စီစဉ်နေပြီး ဘေး က တံတားဟောင်းကို မည်သို့လုပ်မည်ကို မဆုံးဖြတ်ရသေးပေ။
ထိုတံတားကို ဂျပန် အစိုးရ၏ကူညီထောက်ပံ့မှု၊ဂျပန်ယန်းငွေသန်းပေါင်း ၄၂၁၆ သန်းအကုန်အကျခံကာ Tokyu Construction Co.,Ltd,Toyo Construction Co.,Ltd နှင့် IHI Construction Co.,Ltd တို့မှတည်ဆောက်နေခြင်းဖြစ်ကြောင်း၊တံတားအား ၂ဝ၁၅ ခုနှစ်ဧပြီလ တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်က သံကူကွန်ကရစ်ကြိုးဆိုင်း တံတား အမျိုးအစား ဖြစ်ပြီး အရှည် ၂၅၃ မီတာ(၈၃ဝပေ) နှင့် အကျယ် ၂ဝ ဒသမ ၅မီတာ(၆၈ပေခန့်)ရှိလေးလမ်းသွား တံတားဖြစ်ကြောင်း၊ယာဉ်တစ်စီးချင်း တန်ချိန် ၆ဝတန် အထိခံနိုင်ဝန်ရှိသည့် တံတားအမျိုးအစားဖြစ်ကြောင်း၊လက်ရှိတွင် တံတားဟောင်းတွင် နေ့စဉ် ကားအစီးရေ နှစ်သောင်း
ကျော်ဖြတ်သန်းသွားလာလျက်ရှိပြီး များပြားလာမည့် မော်တော်ယာဉ်အရေအတွက်ကြောင့် တံတားသစ် ထပ်မံတည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။
Credit: Myanmar Builders Guide