ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ

ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
25 Apr 2018 10:38 am တွင် တင်ခဲ့သည်
4051 ကြိမ် ကြည့်ရှု့ပြီး
ထပ်ဆင့်အော်စကာဆုရင် ဘင်အက်ဖလက်သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် နေအိမ်တစ်လုံး ဝယ်ယူလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ဘင် အက်ဖလက်၏ အမည်ရင်းမှာ ဘင်ဂျမင် ဂီဇာ အက်ဖလက် ဘို့ထ်ဖြစ်ပြီး ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေမြို့တွင် မွေးဖွားသည်။

အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ဖြတ်သန်းခဲ့သည်။

အနုပညာခရီးအတွင်း အော်စကာဆု ၂ ကြိမ်၊ ရွှေကမ္ဘာလုံးဆု ၃ ကြိမ်၊ BAFTA ဆု ၂ ကြိမ်နှင့် Screen Actors Guild Awards ၂ ကြိမ် ရရှိခဲ့သည်။

ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ထင်ရှားသည်မှာ Armageddon (၁၉၉၈), Shakespeare in Love (၁၉၉၈)နှင့် Pearl Harbor (၂၀၀၁) တို့ ဖြစ်ကြသည်။

ရုပ်ရှင်သရုပ်ဆောင် ဂျနီဖာ ဂါနာနှင့် ၂၀၀၅ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားကာ ၂၀၁၅ ခုနှစ်တွင် လမ်းခွဲခဲ့ကြပြီး ၂၀၁၇ ခုနှစ်၊ အစောပိုင်းတွင် အပြီးသတ်ကွာရှင်းပြတ်စဲခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် Good Will Hunting နှင့် ၂၀၁၂ ခုနှစ်ဇာတ်ကားဖြစ်သော Argo ဇာတ်ကားများအတွက် အော်စကာဆု ရရှိခဲ့သည်။

ဘင်အက်ဖလက် ဝယ်ယူခဲ့သည့် နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့အနောက်ဘက်၊ ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် တည်ရှိသည်။

ကန်ဒေါ်လာ ၁၉ ဒသမ ၂၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖွယ်ရှိသည်ဟု Celebrity သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော X17 က ခန့်မှန်းထားသည်။

ကန်ဒေါ်လာ သန်း ၂၀ ဟူသည်မှာ အလွန်များပြားသည့် ဈေးနှုန်းဖြစ်ပြီး ဘင်အက်ဖလက်က မည်သူ့ကို ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်ပါသနည်း။

ခန့်မှန်းကြသည်မှာ ဇနီးဖြစ်သူ ဂျနီဖာ ဂါနာနှင့် ကွာရှင်းပြတ်စဲပြီးနောက် "Saturday Night Live" အစီအစဉ် ထုတ်လုပ်သူ လင်းဆေး ရှိုးကပ်စ်နှင့် ချစ်ကြိုက်လျက်ရှိရာ ရှိုးကပ်စ်အတွက် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

E! News ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ဘင်အက်ဖလက်နှင့် ရှိုးကပ်စ်တို့သည် ပြီးခဲ့သော ဗယ်လင်တိုင်းနေ့ကတည်းကပင် လော့စ်အိန်ဂျလိဝန်းကျင်တွင် နေအိမ်လိုက်လံရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

မျက်မြင်တစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့နှစ်ဦးသည် ကန်ဒေါ်လာ ၈ သန်းနှင့် ၁၀ သန်း တန်ကြေးအသီးသီးရှိသော နေအိမ်များကို ကြည့်ရှုသွားကြသည်ဟု ဆိုသည်။
ချစ်သူများနေ့တွင် နေအိမ်လိုက်လံရှာဖွေရခြင်းထက် ပိုမိုကာစိတ်ကူးယဉ်ဆန်သည့် အဖြစ်မျိုးမရှိတော့ဟု ဆိုနိုင်သည်။

သို့ရာတွင် ထိုနေ့က ကြည့်ရှုခဲ့သော နေအိမ်များကို မနှစ်သက်၍ထင်သည်၊ ဘင်အက်ဖလက်မှာ နေအိမ်ဝယ်ယူမည့် တန်ဖိုးပမာဏကို နှစ်ဆခန့် တိုးမြှင့်လိုက်၏။

နေအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်း ပါဝင်ပြီး ခြံဝန်းအကျယ် ဧကဝက်ရှိကာ နေအိမ်အကျယ်အဝန်းမှာ ၁၃၄၅၃ စတုရန်းပေ ကျယ်ဝန်းသည်။

East Coast traditional ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ အားကစားလေ့ကျင့်ခန်းမ၊ ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်ကာ ခြံဝန်းအတွင်းတွင် ရေကူးကန်နှင့် ဧည့်ဂေဟာအိမ်တို့ ပါဝင်သေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်ရရှိထားသော ထပ်ဆင့်အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ဘင်အက်ဖလက် ကယ်လီဖိုးနီးယားတွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service