မုံရွာမြို့ နန္ဒဝန်တန်ဖိုးမျှတအိမ်ရာတွင် ရှစ်ခန်းတွဲ ငါးထပ် ၂၂ လုံး တည်ဆောက်လျက်ရှိရာ အခန်း ၇၆ဝ ပါရှိသည့် အိမ်ရာ ၁၉ လုံး တည်ဆောက်ပြီးစီး

မုံရွာမြို့ နန္ဒဝန်တန်ဖိုးမျှတအိမ်ရာတွင် ရှစ်ခန်းတွဲ ငါးထပ် ၂၂ လုံး တည်ဆောက်လျက်ရှိရာ အခန်း ၇၆ဝ ပါရှိသည့် အိမ်ရာ ၁၉ လုံး တည်ဆောက်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
25 Apr 2018 10:07 am တွင် တင်ခဲ့သည်
6299 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒ ဝန်တန်ဖိုးမျှတ အိမ်ရာ ၂၂ လုံးတည် ဆောက်နေရာ လက်ရှိတွင် အခန်း ပေါင်း ၇၆ဝ ရှိသည့်အိမ်ရာ ၁၉ လုံး တည်ဆောက်ပြီးစီး၍ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ် အဖြစ် စတင်ရောင်းချပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်း ထံမှ သိရသည်။

''မုံရွာမြို့နန္ဒဝန်တန်ဖိုးမျှတအိမ်ရာ ကို မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးရုံးချုပ်က ရှစ်ခန်းတွဲ ငါးထပ် ၁၁ လုံးနဲ့စစ်ကိုင်း တိုင်းဒေသကြီး အစိုးရက ၁၁ လုံး စုစုပေါင်း ၂၂ လုံး တည်ဆောက်နေ တာ တိုက် ၁၉ လုံးတည်ဆောက် ပြီးပါပြီ၊ ၁၉ လုံးမှာအခန်းပေါင်း ၇၆ဝ တည်ဆောက်ပြီးပါပြီ'' ဟု ဦးကျော်ကျော်လင်းကပြောသည်။

အဆိုပါအခန်းများကို ပထမ အကြိမ်အဖြစ် ဒီဇင်ဘာလတွင်စတင် ရောင်းချပေးခဲ့ပြီး လတ်တလောတွင် ရောင်းချရန် အခန်းများကျန်ရှိနေ သေးသည့်အတွက် စစ်ကိုင်းတိုင်းဒေသ ကြီး မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် လျှောက်လွှာ များဝယ်ယူကာ အခန်းများကိုမည်သူ မဆို တိုက်ရိုက်လာရောက်ကြည့်ရှု ဝယ်ယူနိုင်ရန်စီစဉ်ထားသည်။

''ငွေပေးချေမှုအနေနဲ့မြေညီထပ်ကို တစ်ခါတည်းပေးချေရင် ၃ဝ ရာခိုင် နှုန်း လျှော့ပေးထားပြီး ကျန်တာကို ၁၅ နှစ်အရစ်ကျဖြစ်တဲ့အတွက် တစ် လကို ကျပ်တစ်သိန်းကျော်ပေးသွင်းနိုင်ဖို့စီစဉ်ထားတာပါ၊ ရေမီးအပြည့် အစုံနဲ့ လာမယ့်ဇွန်လကုန်မှာအသေး စိတ်နေရာချထားပေးသွားမှာဖြစ်ပါတယ်''ဟု ဦးကျော်ကျော်လင်းက ရှင်း ပြသည်။

နန္ဒဝန် တန်ဖိုးမျှတ အိမ်ရာတွင် မြေညီထပ် အခန်းတစ်ခန်းလျှင် ကျပ် ၁၈၇ သိန်းဖြင့် ရောင်းချပေး ခြင်းဖြစ်ပြီး ပထမ ထပ်ကို ၁၇၇ သိန်း၊ ဒုတိယထပ်ကို ၁၆၇သိန်း၊ တတိယထပ်ကို ၁၅၇ သိန်းနှင့် စတုတ္ထထပ် ငါးထပ်မြောက် ကို ၁၄၇ သိန်းဖြင့် ရောင်းချပေးနေခြင်းဖြစ် သည်။

''အခုအချိန်မှာအခန်းတွေကို ကြို တင်လာရောက်ကြည့်ရှုလျှောက်လွှာလျှောက်ထားပြီး အမှန်တကယ် ဝယ်ယူလိုရင် မြေညီထပ်ကိုစိတ်ကြိုက် ရွေးချယ်ပြီး ချက်ချင်းပေးချေဝယ် ယူနိုင်ပါတယ်၊ အရစ်ကျ ဝယ်မယ်ဆိုရင် ချေးငွေလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောက် လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဘဏ် (မုံရွာ)မှာ ပြန်လည်စိစစ်ပြီး ထောက်ခံချက်နဲ့ ၁၅ နှစ် အရစ်ကျ ဝယ်ယူနေထိုင်ခွင့် ပေးသွားမှာဖြစ်ပါ တယ်'' ဟု ဦးကျော်ကျော်လင်းက ပြောသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service