၂၀၁၈ အိမ်ရာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်မည်ဟုဆို

၂၀၁၈ အိမ်ရာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Apr 2018 9:21 am တွင် တင်ခဲ့သည်
4036 ကြိမ် ကြည့်ရှု့ပြီး
အစိုးရ၀န်ထမ်းအိမ်ရာ စီမံကိန်းများနှင့် ရန်ကုန်မြို့သစ် စီမံကိန်းများကြောင့် ၂၀၁၈ တွင် အိမ်ရာကဏ္ဍ၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးမြင့်လာမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင် အတွင်းရေးမှူးဦးအောင်နိုင် ဦးက ပြောသည်။

ကွန်ဒိုမီနီယံနည်းဥပဒေ(စု ပေါင်းပိုင် အဆောက်အအုံနည်း ဥပဒေ)တွင် နိုင်ငံခြားသားများကို ပိုင်ဆိုင်မှုအချို့ ခွင့်ပြုပေးခြင်း၊ ရန်ကုန်တိုင်းအစိုးရကလည်း အခြေခံအဆောက်အအုံပိုင်းနှင့်ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေခြင်းက အိမ်ရာကဏ္ဍ တွင် ပြီးခဲ့သည့်နှစ်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာ နိုင်သည်ဟု ၎င်းကဆိုသည်။

အစိုးရသက်တမ်း ၂ နှစ်အ တွင်း ၀န်ထမ်းအိမ်ရာ ၄,၆၂၇ ခန်းတည်ဆောက်ပေးနိုင်ခဲ့ပြီး ကျန် သက်တမ်းသုံးနှစ်အတွင်း အခန်း၇,၀၀၀ ကျော် တည်ဆောက်မည်ဟု နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အိမ်ရာကဏ္ဍတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံခြားရင်း နှီးမြှုပ်မှု ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ၀င်ရောက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် စုစု ပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ကန်ဒေါ်လာ ၆ ဘီလီ ယံကျော် ရှိသည်။

‘‘မနှစ်ကထက်စာရင် ဒီ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေက တိုးလာမယ်လို့ ကျွန်တော်တို့ခန့် မှန်းထားပါတယ်’’ ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်း ရေးမှူး ဦးအောင်နိုင်ဦးက ပြော သည်။ ထို့အပြင် ဘဏ္ဍာနှစ်အကူး အပြောင်း ကြားကာလဘတ်ဂျက် ခြောက်လအတွင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံဝင်ရောက်မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခန့်မှန်းထားကြောင်း ၎င်းကဆို သည်။

ကျန်ရှိနေသည့် အစိုးရသက် တမ်းသုံးနှစ်အတွင်း ငွေထုပ်ကြီး ကြီးဖြင့် ရန်ကုန်မြို့တွင် လာ ရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား သားစီးပွားရေးလုပ်ငန်းရှင်များကို ပြည်ပထွက်၍ ခေါ်ဆောင်မည် ဟု ဧပြီ ၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ၌ ပြုလုပ်သည့်ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းကြီးများ ရောက်ရှိလာပါက တွဲဖက်ပြီး စက်ရုံ၊ အလုပ်ရုံများ စွာလည်း ရှိနေခြင်းကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးအစိုးရက ဆောင် ရွက်မည်ဟု ၎င်းကပြောသည်။

ထို့အပြင် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန် တိုင်းတွင် လာရောက်ရင်းနှီးမြှုပ် နှံရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပါအ၀င် အစိုးရ၏ ဆောင် ရွက်ချက်များကို ရှင်းပြမည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ ကို တိုင်းအစိုးရက ဦးစီးကျင်းပ မည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service